မင်းကိုနိုင် - “ ရေခပ်လမ်း ”


မင်းကိုနိုင် - “ ရေခပ်လမ်း ”
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၂၅၊ ၂၀၁၅


ပုန်းလွတ် ဆွဲပြီး
ရေးကြီးသုတ်ပြာ လှမ်းလာသူတွေထဲ
တခါက
ရေကြောရှာသူကို တွင်းတူးမိုက်တယ်လို့
သမုတ်ခဲ့သူတွေလည်း ပါ ပါလား

ဝိဥာဉ်မရှိပဲ ၀တ်စုံခြုံ
အယုံသွင်းတာမျိုးကတော့
ရှိုးလျှောက်သလောက် ရှိပေမပေါ့

ခါတော်မှီ ရေခပ်လမ်းမှာ
ကွန်ကရစ်တဖာ ကတ္တရာတပုံးနဲ့
ဇာတ်နာဦးမှာ

ကိုယ်တိုင် က,ချင်လို့
ဇာတ်ထောင်တယ်ဆိုတဲ့
ဆိုးဆေးရောင်စုံ ဆရာကြီးရေ့ ...
လက်ရှိပေါင်းနေတဲ့ မိန်းမနာမည်ရယ်
အခုကိုင်ထားတဲ့ ဖုန်းနံပါတ်ရယ်
မ,စ ခဲ့ပါ။