ချမ်းမြ - "ဒီမိုကရေစီ ရမှ သမီးကိုအမျှ ဝေပါ... ဖေ ဖေ"


ချမ်းမြ - "ဒီမိုကရေစီ ရမှ သမီးကိုအမျှ ဝေပါ... ဖေ ဖေ"
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၅

သမီးက အမာခံမဟုတ် ဘူး
အ သေခံ တွေပါ ..... ဖေ ဖေ

ဗိုလ် ချုပ် ပုံကိုင် မည့် သူမရှိလို့
သမီးကိုယ် တိုင် ဗိုလ် ချုပ် ပုံကိုင် ပြီး
ရှေ့ဆုံးက နေထွက် ခဲ့တယ် ... ဖေ ဖေ

"ဝင်း မော် ဦး ဝပ် ၊ ဝင်း မော် ဦး ဝပ် "
ဗိုလ် ချုပ် ပုံ မြေခမှာပြီးအဖွဲ့ကျဆုံးမှာစိုးလို့
ကတ္တရာလမ်း ပေါ်မှာ သမီး သွေး တွေအစွန်းခံပြီး
အသက် နဲ့လည်းကာကွယ် ခဲ့တာပါ.... ဖေ ဖေ

သမီး တောင်းပန် ပါတယ်
သမီးကိုခွင့် လွှတ် ပါ..... ဖေ ဖေ

သမီးကို ဖေ ဖေ ကတိတစ် ခု ပေးပါ
သမီးတို့ တောင်းတဲ့ ဒီမိုက ရေစီမရမချင်း
သမီးရဲ့နာမည် ကို ခေါ်ပြီး အမျှမ ဝေပါနဲ့.... ဖေ ဖေ

ဒီမိုက ရေစီရမှ သမီးကို အမျှ ဝေပါ
သမီးကို အမျှ ဝေပါ
အ....မျှ.....ဝေ....ပါ

{၁၉.၉.၁၉၈၈ ခုနှစ် ၊ ဒီမိုက ရေစီအ ရေးအတွက်  တိုက် ပွဲဝင် ရင်းကျဆုံး သော မဝင်း မော် ဦးအတွက်
ဂုဏ် ပြု ရေးဖွဲ့ပါသည် }

ချစ် ခြင်းအားဖြင့် 
ချမ်းမြ