စင်ကာပူရောက် မြန်မာမဲဆန္ဒရှင်များ မိုင်ဝက်ကျော် တန်းစီပြီး ကြိုတင်မဲ ပေးတာ ၂ ရက် ရှိ


စင်ကာပူရောက် မြန်မာမဲဆန္ဒရှင်များ မိုင်ဝက်ကျော် တန်းစီပြီး ကြိုတင်မဲ ပေးတာ ၂ ရက် ရှိ
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၅



လွန်ခဲ့တဲ့ ၁၅ အောက်တိုဘာ ရက် နံနက်ဆန်းကတည်းက စင်ကာပူ အော်ချတ်မြို့လည်နားက မြန်မာသံရုံးရှေ့မှာ နိုဝင်ဘာရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးဖို့ မြန်မာနိုင်ငံသားတွေ တန်းစီပြီး စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။


 ယမန်နေ့က
 ဒုတိယမြောက်နေ့ အောက်တိုဘာ ၁၆ မှာတော့ဖြင့် လူတန်းကြီးဟာ မီတာ ၈၀၀ ကျော် (မိုင်ဝက်) ခန့် ရှည်လျားသွားတာကို တွေ့ခဲ့ရပါတယ်။



 ကြိုတင်မဲပေးသူ မြန်မာပြည်သား ၂ သောင်းကျော်မှာ ပထမနေ့က လူ ၂ ထောင်နီးပါးသာ မဲပေးနိုင်ခဲ့ပါတယ်။


  မြန်မာသံရုံး ၀န်ထမ်းတွေ မည်သို့ စီစဉ်ထားသည်ကို မသိကြရပေမယ့် မြန်မာပြည်သူတွေကတော့ တဦးကိုတဦး ပြန်လှန်ရှင်းပြ သတင်းဖြန့်ဝေပြီး မဲပေးမှုကို လျင်မြန်ချောမွေ့အောင် ကိုယ့်အားကိုယ်ကိး ဆောင်ရွက်နေကြပါတယ်။


  အောက်တိုဘာ ၁၅
ကနေ ၁၈ အထိ မဲပေးတာကို စီစဉ်ထားတယ်ဆိုပေမယ့် လာမယ့် စနေ တနင်္ဂနွေမှာ အလုပ်အားရက်လာကြမယ့် မြန်မာတွေ သည်ထက် ပိုများပြားနိုင်တယ်လို့ ဆိုကြပါတယ်။

 
စင်ကာပူ စာနယ်ဇင်းတွေကတော့ အဝေးက သူတို့တိုင်းပြည်အရေးအတွက်
အခုလို သံရုံးမှာ တန်းစီပြီး လူထောင်သောင်းချီ မဲပေးကြတာကို ထူးခြားသတင်းအဖြစ် တင်ဆက်ပေးနေကြပါတယ်။



 ဓာတ်ပုံတွေက စင်ကာပူ ချယ်နယ်နယူးအေးရှားက ရပါတယ်။