ချမ်းမြ - ”အစာငတ်​ခံ​ရေးတဲ့ကဗျာ"


ချမ်းမြ - ”အစာငတ်​ခံ​ရေးတဲ့ကဗျာ"
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၅

လိုအပ်​လာလျှင်
ကျွန်​​တော်​တို့ အရိုးကိုချိုး
စည်းရိုးကာရမယ်​ ရဲ​ဘော်​​အောင်​မှိုင်းဆန်း

တရားကို နတ်​​စောင့်​တယ်
ဒီစကားက
မြန်​မာနိုင်​ငံအတွက်​တော့ မှားတယ်

အများညီ ဤကို ကျွဲဖတ်
အမှန်​တရားကို လက်​ထဲဆုတ်
မိုးချုပ်​ခဲ့တဲ့ ည​တွေလည်း များပြီ

ရဲ​ဘော်​​အောင်​မှိုင်းဆန်း ​ရေ အ​လေးနီပါ
ကမ္ဘာမ​ကြေဘူးသီချင်းနဲ့
ဒေါင်းအလံကို ဆွဲ ​လေမှာဝဲပြီး
ကျွန်​​တော်​တို့ ရှိရာ ပြန်​လာလဲ့ပါ
ရဲ​ဘော်​​အောင်​မှိုင်းဆန်း

(သာယာဝတီ​ထောင်​အတွင်း အစာငတ်​ခံတိုက်​ပွဲဝင်​​နေ​သော ရဲ​ဘော်​ကို​အောင်​မှိုင်းဆန်းသို့)

ချစ်​ခြင်းအားဖြင့်
ချမ်းမြ