အူရီဒူး၏ ဈေးနှုန်းချိုသာသော အင်တာနက် အစီအစဉ်သစ်

အူရီဒူး၏ ဈေးနှုန်းချိုသာသော အင်တာနက် အစီအစဉ်သစ်

ရန်နောင်(ဗိုလ်တထောင်)     မိုးမခ    အောက်တိုဘာ   ၈ -၂၀၁၅



          ဈေးနှုန်းချိုသာစွာဖြင့် အင်တာနက် အသုံးပြုနိုင်မည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၉ ရက်(၀၀း၀၀း၀၁) နာရီမှစ၍ အူရီဒူး သုံးလက်စ သုံးစွဲသူများသာမက ယခုမှ စတင်အသုံးပြုမည့် သုံးစွဲသူများပါ ဝယ်ယူသုံးစွဲ နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

          ဈေးနှုန်းချိုသာသည့် အူရီဒူး အင်တာနက် အစီအစဉ် နှင့်ပတ်သက်၍ နေ့စဉ်သုံး အစီအစဉ် ၁ ခုနှင့် လစဉ်သုံး အစီအစဉ် ၄ ခုဟူ၍ စုစုပေါင်း ၅ခုရရှိမည် ဖြစ်သည်။ နေ့စဉ်သုံး 70 MB အတွက် ၃၉၀ ကျပ်တည်းဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ လစဉ်သုံး အတွက် ဆိုပါလျှင် 550 MB အတွက်  ၂၈၀၀ ကျပ်နှုန်း၊ 1.35 GB အတွက် ၆၅၀၀ ကျပ်နှုန်း ၊ 2.5MB အတွက် ၁၁၅၀၀ ကျပ်နှုန်းနှင့် 5.5MB အတွက် ၂၅၀၀၀ ကျပ် နှုန်းဖြင့် မိမိတို့နှင့် သင့်တော်ရာ အလိုရှိရာ ကို ဝယ်ယူ သုံးစွဲနိုင်မည်ဖြစ်သည်။

          သို့ဖြစ်၍ နေ့စဉ်သုံးအတွက် ဝယ်ယူ သုံးစွဲမည်ဆိုပါက 2238 သို့ 70MB ဟု SMS မက်ဆေ့ခ်ျ ပို့၍ဖြစ်စေ၊ *5001# ကို ဖုန်း ခေါ်ဆို၍ ဖြစ်စေ၊ *5002# ကို ခေါ်ဆို၍ ဖြစ်စေ၊1.35 GB ဝယ်ယူသုံးစွဲမည်ဆိုပါက 2238 ထံ  550MB ဟု SMS ပို့၍ဖြစ်စေ၊ *5003# ကို ခေါ်ဆို၍ဖြစ်စေ၊ 2.5 GB ဝယ်ယူသုံးစွဲမည်ဆိုပါက 2238 ထံ 2.5GB ဟု SMS ပို့၍ ဖြစ်စေ၊ *5004# ကို ခေါ်ဆို၍ဖြစ်စေ၊ 5.5GB ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။