Myanmar Build & Décor
2015 ပြပွဲ ကျင်းပပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ
အောက်တိုဘာလ ၇ - ၂၀၁၅
| ဦးမျိးသန့် |
| Mr Ajinveat Vhongthong |
ခေတ်မီဆောက်လုပ်ရေးသုံးပစ္စည်းများ ၊အိမ်တွင်းပိုင်းပြင်ဆင်ခြင်းဆိုင်ရာဒီဇိုင်းများနှင့်
ပရိဘောဂပစ္စည်းများ ခင်းကျင်းပြသမည့် ဒုတိယအကြိမ်မြောက် Myanmar Build and Décor ပြပွဲကြီးကို
ရန်ကုန်မြို့ရှိ Myanmar Event Park တွင် လာမည့် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
Myanmar Build & Décor ပြပွဲကြီးသည် မြန်မာနိုင်ငံ၏
ဆောက်လုပ်ရေးကဏ္ဍအတွက် လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို စုဝေးဆွေးနွေးခင်းကျင်းပြသသည့်
နှစ်စဉ်ကျင်းပသော ပြပွဲကြီးတခုဖြစ်သည်။
Myanmar Build & Décor ၏ ပထမအကြိမ်ပြပွဲကို ၂၀၁၄ ခုနှစ်က အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး
ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ပါဝင်ပြသခဲ့ကြကာ ဧည့်သည်ပေါင်း ၃၀၀၀ ကျော်မှ စိတ်ဝင်စားစွာ
လာရောက်ကြည့်ရှူလေ့လာခဲ့ကြသည်။
Myanmar
Build & Décor 2015 ပြပွဲကြီးသည် ဆောက်လုပ်ရေး နယ်ပယ်ရှိနည်းပညာသစ်များ၊အတွေ့အကြုံများကို
တွေ့ဆုံဆွေးနွေးဖလှယ်နိုင်သည့် ပြပွဲကြီးဖြစ်သည့်အပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊အိမ်အတွင်းပိုင်းပြင်ဆင်ခြင်း
ဒီဇိုင်းများ၊ ပရိဘောဂအသုံးအဆောင်ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများစွာကို တစ်နေရာတည်းတွင်
တစုတစည်းတည်း စိတ်ဝင်စားစွာလေ့လာနိုင်သည့် နေရာတခုလည်း ဖြစ်သည်။
ယခု ပြပွဲကြီးမှတဆင့်
ဆောက်လုပ်ရေးနယ်ပယ်မှကျွမ်းကျင်သူများ၊ကန်ထရိုက်တာများ၊အင်ဂျင်နီယာများ၊ဗိသုကာပညာရှင်များ၊အိမ်အတွင်းပိုင်းပြင်ဆင်ခြင်းဆိုင်ရာဒီဇိုင်းနာများ၊
အဆောက်အဦးပိုင်ရှင်များ၊ဟိုတယ်နှင့် အပန်းဖြေစခန်းလုပ်ငန်းရှင်များ၊ အဆောက်အဦးတည်ဆောက်သူများနှင့်
အခြားဆက်စပ်သည့် နယ်ပယ်များမှ လုပ်ငန်းရှင်များအနေနှင့် များပြားလှစွာသောထုတ်ကုန်များ၊
နောက်ဆုံးပေါ်နည်းပညာများနှင့် အဆက်အသွယ်များ ကို တွေ့ကြုံလေ့လာရရှိမည်ဖြစ်သည်။
ပြပွဲကြီးတွင်
Myanmar Associatesship of Government Technical Institute (A.G.T.I ) Society မှ ကြီးမှူး၍
` မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ခြင်းစာမျက်နှာသစ် ´ ဟူသောခေါင်းစဉ်ဖြင့်
ဟောပြောပွဲတခုကိုလည်း ပူးတွဲ ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲကို
အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ရှိ Myanmar Event Park (MEP ) တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်သည်။www.myanmarbuidder.com အွန်လိုင်းမှ
စာရင်းပေးသွင်းနိုင်ကာ ပြပွဲနေရာတွင်လည်း စာရင်းပေးသွင်းနိုင်သည်။