ကျော်ဟုန်း - ကမာပုလဲ

 

ကျော်ဟုန်း - ကမာပုလဲ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
 
ခေတ်ဆိုး
စနစ်ဆိုးကြီးထဲက
ဒုက္ခတွေကို
ရင်ခွဲခံ မြိုချရင်း
သူ့ ဒဏ်ရာကို
သူ့ တံတွေးနဲ့ ရစ်
ကဗျာတပုဒ်
ပုလဲတဆုပ်
ရောင်နီဦးမျှော်
အန်ထုတ်ခဲ့တဲ့သူ။

ရောင်နီဦးချစ်သူဟာ
ရောင်နီဦးသန်းချိန်မှ
ရောင်နီဦးကို စိတ်ချစွာစွန့် 
သေချာတာက
ရွေပုလဲ ငွေပုလဲအပြင်
သူအရေခွံဟာ
ကျောက်ဖြစ်ရုပ်ကြွင်းအလှနဲ့ 
ကမ္ဘာမြေရဲ့
မိုးမခပင်ခြေရင်းမှာ ကျန်ရစ်တယ်။

ကျော်ဟုန်း
(ကွယ်လွန်သွားတဲ့ ရဲဘော်ကိုမင်းလွင် (ခ) ကဗျာဆရာကမာပုလဲ...သို့ )