ဆရာ ဇင်ယော်နီ၏ ဝိဇ္ဇာမျက်လုံးတဲရော့ဟောကိန်းများ စာအုပ်နှင့် အခါပေး ပြက္ခဒိန် စတင်ဖြန့်ချိ

ဆရာ ဇင်ယော်နီ၏ ဝိဇ္ဇာမျက်လုံးတဲရော့ဟောကိန်းများ စာအုပ်နှင့် အခါပေး ပြက္ခဒိန် စတင်ဖြန့်ချိ

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    နိုဝင်ဘာ  ၇ - ၂၀၁၅



        စာရေးဆရာ၊ ဗေဒင်ဆရာ ဆရာဇင်ယော်နီ စီစဉ် ထုတ်ဝေသော ဝိဇ္ဇာမျက်လုံးတဲရော့ ဟောကိန်းများ အိတ်ဆောင်စာအုပ် နှင့်  ၂၀၁၆ ခုနှစ် အတွက် မနောမယ တဲရော့ အခါတော်ပေး ပြက္ခဒိန် နှင့် အယူတော်မင်္ဂလာ အခါပေး ပြက္ခဒိန် ကို နိုဝင်ဘာလ  (၇)ရက်နေ့ တွင် စတင်ဖြန့်ချိလိုက်ပြီး စတင်ဖြန့်ချိသည့်နေ့တွင် ဆရာဇင်ယော်နီ ကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့သည်။
          ဗေဒင်ဝါသနာ ပါသူများအတွက် အိတ်ဆောင် ဟောကိန်းများ စာအုပ်ကို ပြုံးပန်းတစ်ရာစာပေမှ တန်ဖိုး (၆၀၀) ကျပ်ဖြင့် ဖြန့်ချိလိုက်သည်။ဆက်သွယ်ဝယ်ယူ လိုသူများအနေဖြင့်အမှတ်(၁၅၆)၊၃၇ လမ်း( အလယ်) ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့၊ ပြုံးပန်းတစ်ရာစာပေ နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။