လင်း နွေးအိမ် - ယုန်နဲ့ လိပ် ခေတ်သစ် အပြေးပြိုင်ပွဲ


လင် နွေးအိမ်  -  ယုန်နဲ့ လိပ် ခေတ်သစ် အပြေးပြိုင်ပွဲ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၅

တကယ် တော့
ယုန် နဲ့ လိပ် ပြေးပြိုင် ပွဲမှာ
ကိုယ့် ဘက် ကိုယ် ယက် တဲ့လိပ်ပဲ ရှုံးတာပါ။

တချိန်လုံးနှာစေး နေရတဲ့ ယုန်လေး တွေ
အမြဲအသည်းငယ် နေရတဲ့ ယုန်လေး တွေ
တဆောင်းလုံး တွင်းအောင်း နေရတဲ့ ယုန်လေး တွေ
တခါပဲ ပြေးခွင့်ရရုံနဲ့ ပန်းတိုင် ဟိုဘက်လွန်သွားလိုက်ပုံများ
အဲဒါနှစ်ထောင့်ဆယ်ငါး … တဲ့။


(အာဏာရှင်စနစ်ကို မလိုချင်ကြောင်း ပြလိုက်တဲ့ ပြည်သူများသို့)