မင်းကိုနိုင် - အိုးဝေလို့ ထ တွန်တဲ့ နေ့


မင်းကိုနိုင် - အိုးဝေလို့ ထ တွန်တဲ့ နေ့
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅


ဒီနေ့ဟာ
သူရဲကောင်းတို့အရိုးတွေ
အိုးဝေ လို့ ထတွန်တဲ့နေ့

တရားဖက်က 
ထူသမျှအလံတိုင်းဟာ
ဂုဏ်သိက္ခာသမိုင်းနဲ့

ဆန့်ကျင်ဖက်တွေ
ကြိုက်တဲ့အလံတက်ခဲ့
ကြိုက်တဲ့အသံထွက်လှည့်

ဒီနေ့ဟာ
သူရဲကောင်းတို့အရိုးတွေ
အိုးဝေ လို့ ထတွန်တဲ့နေ့။