ချမ်းမြ - ​"​မောင်​​ဆောင်းခ"


ချမ်းမြ - ​"​မောင်​​ဆောင်းခ"
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅

လက်​ဝဲသုန္ဒရ အမတ်​ကြီး
ရတု တစ်​ပုဒ်​​ကြောင့်
မဲဇာပို့ခံရတယ်​..... လှချက်

နန္ဒသူရိယအမတ်​ကြီး
ကဗျာတစ်​ပုဒ်​​ကြောင့်
ကြိုးစင်​တက်​ခဲ့ရတယ်​.... သိပ်​လှတယ်

ဆရာမင်းလူ 
ကဗျာတစ်​ပုဒ်​​ကြောင့်
ထောင်​ကြဖူးတယ်​..... လွှတ်​လှတယ်

ယ​နေ့ သမ္မတ​ခေတ်​မှာ
ကဗျာဆရာ​မောင်​​ဆောင်းခ
ပုံရိပ်​ ကဗျာ​ကြောင့်​ အဖမ်းခံရတယ်
လွှတ်​လှတယ်​..... သိပ်​လှတယ်

{သူငယ်​ချင်းကဗျာဆရာ ​မောင်​​ဆောင်းခ သို့}

ချစ်​ခြင်းအားဖြင့်
ချမ်းမြ