မောင်မောင်စိုး - ရွေးကောက်ပွဲနဲ့ အမယ်များ

Illustration - Htain Htar

မောင်မောင်စိုး - ရွေးကောက်ပွဲနဲ့ အမယ်များ
 (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅ 

 အနိုင်အရှုံး

 ရွေးကောက်ပွဲဝင်ပြိုင်သည့် နိုင်ငံရေးပါတီရော အားပေးသည့် လူထုအတွက်ပါ အနိုင်အရှုံးသည် အရေးကြီးသည်။ လောလောဆယ်တော့ ယှဉ်ပြိုင်ဖို့က အရင်လုပ်ရမည့် ကိစ္စဖြစ်သည်။ အခက်အခဲ ရွေးကော် မဲစာရင်း၊ မဲသက်သေခံလက်မှတ်၊ ကြိုတင်မဲ၊ ပယ်မဲ၊ တပ်မဲ စသည်တို့နှင့်ပတ်သက်၍ ရွေးကောက်ပွဲသမာသမတ်ကျ မှုကို လက်ညိုးထိုးပြ၍ ရသည်ဆိုသော်လည်း ဤလမ်းလျောကိလျင် ဤသို့ကြုံရမည်ကို သိပြီး ရင်ဆိုင်ကျော်လွှားရမည်သာဖြစ် သည်။

 ရွေးကောက်ပွဲစောင့်ကြည်လေ့လာသူနှင့် သတင်းသမား ထောင် သောင်းချီရှိနေသည့်ပြင် လူထုကလည်း မျက်စေ့ဖွင့် နားဖွင့်နေပေရာ ထင်တိုင်းကျဲ၍ မရနိုင်ပါ။ လူထုအား ဒိုင်ဘဲညစ်ညစ်၊ လူချပြီးတော့ဘဲ ကစားကစား မိမိဘက်တော့ ပရိတ်သတ်အားပေးမှုနှင့် အနာခံကစားရပေမည်။ ဒိုင်ညစ်တိုင်း လူချတိုင်း ရှုံးတတ်သည့်မဟုတ်ပါ။ ကြောက်စရာမလို။ ပရိတ်သတ်အားရှိသည်။

 အရင်းနှင့်အရှုံး

အာဏာလုပ်ပိုင်ခွင့် ဆုပ်ကိုင်ထားသည့် အာဏာရပါတီအဖို့ ပြောလျင် ရွေးကောက်ပွဲတွင် အားလုံးနိုင်မှ အရင်းဘဲရှိသည်။ ဘယ်လောက်ရှုံးရှုံး အရှုံးချည်းသာဖြစ်သည်။

အရင်းနှင့်အမြတ် အာဏာနှင့် လုပ်ပိုင်ခွင့်မရှိသော အတိုက်ခံပါတီများအဖို့မှာ တော့ တနေရာမှ မနိုင်တောင် အရင်းဘဲဖြစ်သည်။ နိုင်သမျှ အမြတ်ဖြစ်သည်။ အစိုးရဖွဲ့နိုင်လောက်အောင်နိုင်လျင် အမြတ် ဆုံးဖြစ်မည်။

စိုးရိမ်ပူပန်မှု ထွက်လာမည့် မည်သည့်ရလဒ် မဆို စိုးရိမ်ရန်မလိုပါ။ အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက် ပြင်ဆင်ထားကြပြီ မဟုတ်ပါလား။

 ကောလာဟာလ

မည်သည့် ကောလဟာလတွေဘဲ ထွက်ထွက် ကိုယ်လုပ်ရမည့် အလုပ်ကို တည်တည်ငြိမ်ငြိမ် လုပ်ဖို့လိုသည်။ ကောလာဟာလ နှင့် စိုးရိမ်ပူပန်မှုကြောင့် မိမိလုပ်ရမည်ကို အထိခိုက်မခံပါနှင့်။ လက်တွေ့လုပ်ရမည့်အလုပ် မည်သည့် မျှော်လင့်ချက် မည်သို့စိုးရိမ်ပူပန်ရမှု နှင့်ကောလာ ဟာလများရှိသည်ဖြစ်စေ မိမိတို့လက်တွေ့လုပ်နိုင်သည်ကို မမေ့ မလျော့လုပ်ရမည်။

 ၂၀၁၅ နိုက်ဝင်ဘာ ၈ ရက်နေ့၌ မဲပေးသည် ဆိုခြင်းမှာ လူထုက အစိုးရတရပ်ကို ရွေးကောက်တင်မြှောက် သည်ထက် အဓိပ္ပါယ်များစွာ ပိုပါသည်။

 READY TO VOTE.

VOTE FOR HOPE.

TIME TO CHANGE.

CHANGE IN TIME