MPT နှင့် LINE တို့၏ ငွေဖြည့်ကတ် ကံစမ်းမဲအစီအစဉ်မှ ကံထူးသူများအား ဆုများ ပေးအပ်

MPT နှင့် LINE  တို့၏ ငွေဖြည့်ကတ် ကံစမ်းမဲအစီအစဉ်မှ ကံထူးသူများအား ဆုများ ပေးအပ်

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    နို ဝင်ဘာလ ၂၂ - ၂၀၁၅



           မြန်မာ့ဆက်သွယ်ရေးမှ အောက်တိုဘာလအတွင်း LINE အမှတ်တံဆိပ်ပါ MPT ဖုန်းငွေဖြည့်ကတ်များ ဖြင့် ငွေဖြည့်ပြီး MPT ၏  Data Packages များနှင့်  ဘန်ကောက်မြို့သို့ အလည်အပတ်ခရီးစဉ်များ ပါ ဝင်သည့် ကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ခဲ့သည်။ ထိုကံစမ်းမဲ အစီအစဉ်များထဲမှ ကံထူးရှင်များကို နို ဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(အောက်) ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဆုများ ပေးအပ်ခဲ့သည်။

          ကံထူးရှင်များ ရနိုင်သောဆုများမှာ လူ (၂)ယောက်စာရန်ကုန်- ဘန်ကောက် ၂ညအိပ် ၃ ရက် ခရီးစဉ် (ဆုမဲ ၁၀ ခု)၊  Samsung Galaxy S6 စမတ်ဖုန်း (ဆုမဲ ၁၀ ခု)၊ ၅ထောင်ကျပ်တန် စီးတီးမတ် ဈေး ဝယ်ကတ် (ဆုမဲ ၉၀၀)၊ LINE ရုပ်ပုံပါ မှတ်စုစာအုပ်(ဆုမဲ ၁သောင်း) နှင့် 5GB ထိ အခမဲ့ အသုံးပြုနိုင်မည့် MPT free data package ( ဆုမဲ ၇ သောင်း ၈ထောင်) တို့ဖြစ်သည်။
          ဆက်လက်၍ ကံထူးရှင်များကို မြန်မာ့ဆက်သွယ်ရေး မှ တာ ဝန်ရှိသူမှ ဆုမဲများ ပေးအပ်ချီးမြှင့်ခဲ့သည်။
          ကံထူးရှင် တစ်ဦး ဖြစ်သူ ကိုမြတ်သာ နှင့်တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ ပြောပြခဲ့သည်။
          ``ကျနော်က  အင်းစိန်ကပါ။ ဒီ အမ်ပီတီကတ်မှာ ကံစမ်းမဲ ပါတယ်ဆိုတာ မသိပါဘူး။ အရင်ကလည်း သုံးနေကျအတိုင်း သုံးရင်းနဲ့ ကံစမ်းမဲလေးပါတယ်ဆိုတော့ ထည့်လိုက်တာ ပေါက်သွားတာပါ။ အရမ်း ဝမ်းသာပါတယ်။ ၂ယောက် ဆိုတော့ ကျနော်တို့ လင်မယားနှစ်ယောက်လုံး သွားရမှာပေါ့။ ´´ဟုပြောပြခဲ့သည်။

          ဆမ်ဆောင်းဖုန်းမဲပေါက်သူ  ဦးဇော်ဇော်မင်း ၏ ဇနီးကလည်း ယခုကဲ့သို့ ပြောပြခဲ့သေးသည်။
          `` ပေါက်တာကတော့ ကျမ ယောက်ျားပါ။ သူက နယ်မှာဆိုတော့ ကျမလာခဲ့ရတာပေါ့။ ပျော်ပါတယ်။ ဘုရားပေးတာပေါ့နော်။ ကျေးဇူးတင်ပါတယ် ´´ ဟုပြောပြခဲ့သည်။