Calendar အဖွဲ့၏ Track 1 တေးအယ်လ်ဘမ် သစ်မိတ်ဆက်




 Calendar အဖွဲ့၏ Track 1 တေးအယ်လ်ဘမ် သစ်မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)။ မိုးမခ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၅

လူငယ် ဂီတအဖွဲ့သစ် ဖြစ်သည့် Calendar အဖွဲ့သည် Track 1 ဟု အမည်ပေးထားသော တေးစီးရီးအယ်လ်ဘမ် သစ်တချပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ အောခစ် ဟိုတယ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ထိုတေးအယ်လ်ဘမ်တွင် အဲညီ၊ဂျိုးဂျိုး၊ရဲဒို၊ ချန်နူး၊ Dizzy Jas ၊ နေကို စသော တေးရေးများက ရေးသားပြီး  Calendar Band ကသီဆိုထားပါသည်။ PLS, CMI, Blue Bird စတဲ့ စတူဒီယိုများတွင် အသံဖမ်းယူထားပြီး အသံအချောထည်အတွက် ငွေဇာက တာဝန်ယူပေးထားသည်။ 

အဆိုပါတေးအယ်လ်ဘမ်အား The Sun Music Production မှ Audio CD  အဖြစ် စတင်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။