ခိုင်ထူး ဂျေမောင်မောင် နှစ်ယောက်တွဲ ရှိုးပွဲ အောင်မြင်စွာပြုလုပ်နိုင်ခဲ့



ခိုင်ထူး ဂျေမောင်မောင် နှစ်ယောက်တွဲ ရှိုးပွဲ အောင်မြင်စွာပြုလုပ်နိုင်ခဲ့
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ။ ဇန်နဝါရီ ၃၁၊ ၂၀၁၆


ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ယနေ့ည (၈)နာရီ၌ အဆိုတော် ခိုင်ထူး နှင့် ဂျေမောင်မောင် နှစ်ယောက်တွဲ၍ ဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို 60 64 Two Men Show ဟု နာမည်ပေးထားပြီး သူတို့ နှစ်ယောက်၏ နာမည်ကျော် လူကြိုက်များခဲ့သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုတော် ခိုင်ထူး အသက် ၆၀ ပြည့် နှင့် ဂျေမောင်မောင် အသက် ၆၄ နှစ်ပြည့် အဖြစ် အမှတ်တရ သီဆိုဖျော်ဖြေပွဲလည်း ဖြစ်သဖြင့် ထိုခေါင်းစဉ်အား ပေးထားခြင်းဖြစ်သည်။



 ဂျေမောင်မောင်၏ သမီးဖြစ်သူ သီရိဂျေမောင်မောင်မှလည်း ဖခင်နှင့်အတူတွဲဖက်ဖျော်ဖြေခဲ့သည်။


ပွဲသို့ လာရောက်ကြည့်ရှုသူအများစုမှာ လူလတ်ပိုင်းအရွယ်များ ဖြစ်ကြသဖြင့် သူတို့၏ တေးသီချင်းများကို ကြိုက်နှစ်သက်သူများ အေးဆေးစွာ ကြည့်ရှုနိုင်သော ပွဲလေးတပွဲ ဖြစ်ခဲ့သည်။ ထိုတေးဂီတ ဖျော်ဖြေပွဲအား DM4 မှ စီစဉ်တင်ဆက်ခဲ့သည်။