ဟံသာဝတီဦးဝင်းတင် ပုံပြ အတ္တုပ္ပတ္တိ စာအုပ်ထွက်ရှိ


ဟံသာဝတီဦးဝင်းတင် ပုံပြ အတ္တုပ္ပတ္တိ စာအုပ်ထွက်ရှိ 
(မင်းရဲညွန့်လှိုင်) မိုးမခ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆

စာရေးဆရာ မောင်ကိုကို (အမရပူရ) ရေးသားပြီး ကာတွန်း ဝလုံး သရုပ်ဖော်ပုံရေးဆွဲသည့် ``ဟံသာ
ဝတီဦးဝင်းတင် ကျားရဲ´´အမည်ပေးထားသည့် ပုံပြအတ္တုပ္ပတ္တိ စာအုပ် ထွက်ရှိလာပါသည် ။ လွင်ဦး
စာပေက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် အဖြစ် အုပ်ရေ (၁၀၀၀) ကို တန်ဖိုး (၃၅၀၀/-) ဖြင့်
ထုတ်ဝေသည်။  ဟံသာဝတီဦးဝင်းတင်သည် မြန်မာစာပေ နှင့်နိုင်ငံရေးတွင် အထူးထင်ရှားသည့်သတင်းစာ
ဆရာ စာရေးဆရာနှင့် နိုင်ငံရေးသမားကြီးဖြစ်သည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူ
တစ်ဦးလည်းဖြစ်သည် ။