မောင်ဖေသက်နီ - ဘာကြောင့် ဇီကာဗိုင်းရပ်စ်ဟာ ဒီနှစ်မှာမှ ကြောက်မက်စရာကောင်းရသလဲ

မောင်ဖေသက်နီ - ဘာကြောင့် ဇီကာဗိုင်းရပ်စ်ဟာ ဒီနှစ်မှာ မှ ကြောက်မက်စရာကောင်းရသလဲ 
 
မိုးမခ ဘာသာပြန်ဆောင်းပါး
(မိုမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
 
ဇီကာဗိုင်းရပ်စ်ပိုးဟာ အမေရိကားတိုက်မှာ အကြီးအကျယ်ပြန့်ပွားနေပြီး လူထုတရပ်လုံးရဲ့ အသက်အိုးအိမ်တွေကို ခြိမ် ခြောက်နေတဲ့အတွက် အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာထားရ


ဒေးဗစ် ကွမ္မဲန် David Quammen ဟာ နေရှင်နယ်ဂျော်ဂရော်ဖစ်မဂ္ဂဇင်းထဲမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ရေး သားခဲ့ပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။
 
၁၉၄၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် Cincinnati စင်စီနာတီမြို့ ၁၉၄၈ ခုနှစ်ထဲ မွေးဖွားခဲ့တဲ့ဒေးဗစ် ကွမ္မဲန် David Quammen ဟာ ရိုဒေ့စ် ပညာသင်ဆု Rhodes Scholarship ရရှိပြီး ယေးတက္ကသိုလ်မှာ တက်ရောက်ပညာ သင်ကြားခဲ့ပါတယ်။ သူဟာ အောက်စဖို့တက္ကသိုလ်မှာလည်း ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့ပါတယ်။ နေရှင်နယ် ဂျော်ဂ ရော်ဖစ်မဂ္ဂဇင်း၊ ရိုးလင်းစတုန်းမဂ္ဂဇင်း၊ နယူးယောက်တိုင်းအပါအ၀င် မဂ္ဂဇင်းအများအပြားရဲ့ စာအုပ်စင်ကဏ္ဍတွေမှာ၊ သိပ္ပံ ဂျာနယ်၊ သဘာဝဂျာနယ်နဲ့ ခရီးသွားစာစဉ်တွေမှာ ဆောင်းပါးတွေ စဉ်ဆက်မပြတ်ရေးသားနေသူဖြစ်ပါတယ်။ အခုဆောင်း ပါးကို နေရှင်နယ်ဂျော်ဂရော်ဖစ် မဂ္ဂဇင်းထဲမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ရေးသားခဲ့တာပါ။
--------
ဇီကာဗိုင်းရပ်စ် ပြန့်နှံ့နေတဲ့အတွက် ပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်မခံရအောင် ဘရာဇီးနိုင်ငံရဲ့ ဒေသဆိုင်ရာအာဏာပိုင်နဲ့ မြို့မျက်နှာဖုံးတွေက အရေးပေါ်အကူအညီတွေပေးနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြရ။ ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာ ဒဗလျူအိတ်ခ်ျအို  WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇီကာဗိုင်းရပ်စ်ဟာ စိုးရိမ်စရာကောင်းတဲ့အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုနောက်ဆုံးကြားသိရတဲ့သတင်းအချက်အလက်တွေအရ ဇီကာဗိုင်းရပ်စ်ရဲ့ပြန့်နှံ့မှုဟာ စိုးရိမ်စရာအဆင့်ရောက်နေပြီလို့ သိရှိရပါတယ်။ လက်ရှိမီဒီယာတွေမှာ ထိပ်သီးသတင်းတပုဒ်အနေနဲ့ ထွက်ပေါ်လာနေပေမယ့် နိုင်ငံတကာအစိုးရတွေက ဦးစီးပြီးရပ်တံ့အောင် လုပ်တာမျိုးနဲ့မပြန့်နှံ့စေရေးလုပ်ကိုင်နေတာမျိုးကို အခုထိမတွေ့ရှိကြသေးပါဘူး။ လောလောဆယ်မှာ လူတွေက အဲဒီ့ရောဂါပိုးအကြောင်း ဂဃနဏ မသိရှိကြသေးတဲ့အတွက် ဘယ်လောက်အထိ စိုးရိမ်ရသလဲဆိုတာ မခန့် မှန်းနိုင်ကြရသေးပါဘူး။ Centers for Disease Control and Prevention (CDCP) လို့ခေါ်တဲ့ ကူးစက်ရောဂါပြန့်ပွား မှု ထိမ်းချုပ်ရေးဌာနနဲ့World Health Organization (WHO) လို့ခေါ်တဲ့ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့တွေက လွန်ခဲ့တဲ့ ကြာသာ ပတေးနေ့မှာ “စိုးရိမ်ရတဲ့အဆင့်အထိ ပြန့်နှံ့နေမှု” ဆိုပြီး သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ ဇီကာ ဗိုင်းရပ်စ် Zika virus ဖြစ်ပွား မှုကို တောင်အမေရိကရဲ့ ဘရာဇီးနိုင်ငံမှာ စတင်သိရှိခဲ့ပြီး ပြီးခဲ့တဲ့ကြာသာပတေး ၂၁ ရက်နေ့ကျမှ အတည်ပြုကြေညာခဲ့တာပါ။ ဗိုင်းရပ်စ်ဟာ မိခင်တွေ သန္ဓေဆောင်ထားစဉ်မှာကတည်းက ကူးစက်နေခဲ့တာဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ ကိုယ်ဝန်ရှိနေ စဉ်ကတည်းက မိခင်လောင်းဟာ ဒေါသထွက်တတ်တာမျိုး၊ စိတ်လှုပ်ရှားတတ်တာမျိုး၊ စိတ်တက်ကြွတာမျိုးရှိတဲ့ သရုပ် သကန် တွေတွေ့ရတတ်တယ်လို့ သိရှိရပါတယ်။

အခု ဗိုင်းရပ်စ်ဟာ အာဖရိကတိုက် ယူဂန္ဓာ Uganda နိုင်ငံက “၀ိတိုရီယ Victoria” ရေကန်ကြီးအနီး “ဇီကာ Zika”  သစ်တော ရဲ့အနောက် ဘက်ပိုင်းဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀) ခန့် ၁၉၄၇ ခုနှစ်လောက်တုန်းက အမေရိကန်နိုင်ငံရဲ့ ရောက္ကယ်ဖဲလား ဖောင်ဒေးရှင်း Rockefeller Foundation က “ယဲလိုးဖီဗာ Yellow fever” အကြောင်း သုတေသနပြုလုပ်စဉ် ပထမဆုံး အကြိမ်အဖြစ်တွေ့ရှိခဲ့ကြဖူးတာပါ။ အာဖရိကတိုက်မှာ ဇီကာ ဗိုင်းရပ်စ် ရှိနေခဲ့ပြီး အဲဒီဗိုင်းရပ်စ်ဟာ မျောက်တွေကတဆင့် ကူးစက်လာတယ်ဆိုတာ အဲဒီအချိန်လောက်တုန်းက မသိရှိခဲ့ကြသေးပါဘူး။ အဆိုပါ ဗိုင်းရပ်စ်ဟာ သွေးတွေက တဆင့်ပြန့် ပွားနိုင်ပြီး သူတို့ဟာ သွေးမျိုးတူတွေဖြစ်ကြတဲ့ မျောက်တွေအချင်းချင်းကိုဘဲ ကူးစက်နိုင်ခဲ့တာပါ။ ကူးစက်ပုံက ပိုးသယ် ဆောင်လာတဲ့ခြင် ကိုက်မိခဲ့တဲ့သတ္တ၀ါတွေကတဆင့် ထပ်မံကူးစက်ပြန့်ပွားခဲ့တယ်လို့ သိရှိခဲ့ရတာပါ။ အဲဒီကာလနောက်ပိုင်း ဒီရောဂါအကြောင်း ဘာသံမှမကြားရတော့ဘဲ အခုကျမှ ပြန်ပြီးကြားလာရတာပါ။ အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ဗိုင်းရပ်စ်လိုမျိုးပဲ အရင်ဖြစ်ခဲ့တဲ့ဒေသမှာဘဲ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်ပုံကလည်း ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်နိုင်တဲ့ “ဧဒေ့စ် ဂဲနျု Aedes genus” ဆိုတဲ့ခြင်မျိုးနွယ်စုတွေမှာပဲ အဲဒီ့ရောဂါပိုးသယ်ဆောင်လာနိုင်ပါတယ်။ အဲဒီခြင်တွေရဲ့အကိုက်ခံရရင် အဲဒီ့ ရောဂါ ကူးစက်ပြန့်ပွားနိုင်ပါတယ်။

ရောဂါကူးစက်ခံရသူတွေကို အာဖရိကတိုက်မှာတွင်မကဘဲ အာရှတိုက်အထိမှာပါ တွေ့နေရပါတယ်။ အာဖရိကတိုက် ဆီနီဂေါနိုင်ငံကနေ အာရှတိုက် ကမ္ဘောဒီးယားနိုင်ငံအထိ “ဧဒေ့စ် ဂဲနျု Aedes genus” ဆိုတဲ့ခြင်တွေကသာ ရောဂါပိုး သယ်ဆောင်နိုင်တဲ့ဗိုင်းရပ်စ်ပိုးတမျိုးကို အခု အချိန်မှာပြန်တွေ့ရှိနေတာပါ။ ရောဂါလက္ခဏာတွေဟာ ခေါင်းကိုက်ဖျားနာတာ၊ အရေပြားပေါ်မှာ အနီရောင်အစက်အပျောက်လေးတွေဖြစ်လာတာမျိုးနဲ့ မျက်လုံးတွေနီလာတာတွေပါဘဲ။ ၂၀၀၇ ခုနှစ် တုန်းက ပစ္စိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်ပိုင်းမှာရှိတဲ့ “ယက်ပ် Yap” လို့ခေါ် တဲ့ကျွန်းနိုင်ငံလေးကနေ အာရှတိုက် ကုန်းတွင်းနိုင်ငံတွေထိ ပြန့်နှံ့ရောက်ရှိလာခဲ့ဖူးပါတယ်။ “ယက်ပ် Yap” လို့ခေါ်တဲ့ကျွန်းနိုင်ငံလေးဟာ “ဧဒေ့စ် ဂဲနျု Aedes genus” ဆိုတဲ့ခြင်တွေ ပေါက်ပွားတတ်တဲ့ဒေသတခုဖြစ်ပါတယ်။ အဲဒီတုန်းက လူတဦးတယောက်မျှ ဆိုးဆိုးရွားရွားခံစား ခဲ့ရပြီး ဆေးကုသခံခဲ့ရတာမျိုးမရှိခဲ့ဖူးဘူးလို့သိရှိရပါတယ်။ နောက် ၆ နှစ်လောက်ရှိလာတဲ့အခါ ၂၀၁၃ ခုနှစ်တ၀ိုက်မှာ ဇီကာ ဗိုင်းရပ်စ်ပိုးဟာ ပြင်သစ်နိုင်ငံပိုင် ပိုလီနီးရှားကျွန်းဘက်ကို ပြန့်နှံ့ရောက်ရှိလာပြီး လူပေါင်း ၂ ၈၀၀၀ (အဲဒီဒေသခံ လူဦးရေ စုစုပေါင်းရဲ့ ၁၁ ရာခိုင်နှုန်း) ကို ကူးစက်ခဲ့ပြီး အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ကြရဖူးပါတယ်။ အဲဒီထဲက လူနာ ၇၂ ယောက် ဟာ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှု၊ ၄၀ ဦးဟာ ဂွီလိန်ဘာရေ Guillain-Barré လို့ခေါ်တဲ့အားနည်းပြီး ခေါင်းမူးခေါင်းကိုက်၊ အစာမကျေရင်ထိုးရင်အောင့်ဖြစ်၊ တခါတရံ အော့အန်တတ်ခြင်းတွေ ဖြစ်ပေါ်တတ်တဲ့ရောဂါမျိုးဖြစ်ပါတယ်။ အခုပြောပြခဲ့တာ တွေက ဇီကာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာရပ်တွေပဲဖြစ်ပါတယ်။

တောင်အမေရိကတိုက်ထဲက ဘရာဇီးနိုင်ငံရဲ့အရှေ့မြောက်ပိုင်းဒေသထဲမှာ ဒုတိယအကြိမ်အနေနဲ့ မနှစ် ဧပြီလတုန်းက “ဇီ ကာ” ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကို ကုသမှုပေးခဲ့ရတယ်လို့ကြားသိခဲ့ရပြီး လူအများစုနာမကျန်းဖြစ်ခဲ့ကြတယ်လို့ ကြားသိခဲ့ ရပါတယ်။ အောက်တိုဘာလထဲမှာ ပိုပြီးဆိုးရွားပြင်းထန်တဲ့ “မိုက်ခရိုဆယ်ဖာလီ microcephaly” လို့ခေါ်တဲ့ ရောဂါ လက္ခဏာရပ်တွေ (လက္ခဏာတွေကတော့ မွေးလာတဲ့ကလေးတွေရဲ့ ဦးခေါင်းတွေဟာ သာမန်ထက်သေးငယ်ပြီး ဦးနှောက် တခုရဲ့စွမ်းရည်သတ္တိတွေ အပြည့်အ၀ ပါရှိမလာတာမျိုးတွေပါ။ အဲဒါမျိုးကို ဘရာဇီးနိုင်ငံရဲ့အရှေ့မြောက်ပိုင်းဒေသထဲမှာ မွေး ဖွားလာတဲ့ကလေးတွေမှာ တွေ့ရှိလာရပါတယ်။ (ဘာသာပြန်သူ့ ဖြည့်စွက်ကိုးကားချက်။ ။ သားမျိုးဥအရောင်က ကြည်လင် နေပေမယ့် မိခင်ကိုယ်ဝန်ဆောင်ထားတဲ့အချိန်ကတည်းက သန္ဓေမျိုးဥမှာ အမ္မဏီအိုတစ် Amniotic fluid  အရည်တမျိုး ပါဝင်လာပြီး မွေးဖွားတဲ့အခါမှာ ဦးခေါင်းကပုံမှန်ထက်သေးငယ်ပြီး ကျပ်မပြည့်တဲ့ကလေးမျိုးအဖြစ် မွေးဖွားလာပါတော့တယ်။ https://www.nlm.nih.gov/medlineplus/ency/article/002220.htm အင်တာနက်မှ ကိုးကားပါတယ်) အဲဒါက ဇီကာ ဗိုင်းရပ်စ်ရောဂါရဲ့ လက္ခဏာတမျိုးပဲဖြစ်ပါတယ်။ အခုဆိုရင် ရောဂါဖြစ်ပွားမှုဟာ တိုးပွားလာနေပြီး WHO နဲ့ CDCP အဖွဲ့တွေ က အထူးစိုးရိမ်ရတဲ့အနေအထားဖြစ်နေပြီလို့ သဘောထားတွေထုတ်ပြန်ထားကြပါပြီ။

(မိခင်ဖြစ်တဲ့ “ဆိုလဲန်ဂဲ ဖာရေးရာ Solange Ferreira” က ဇီကာဗိုင်းရပ်စ်ခံစားနေရတဲ့ သူ့သား “ဟိုဆေး ၀က်စ်လေ Jose Wesley” ကို ချီပွေ့ ပြီး ရေချိုးပေးနေတဲ့ အနီးကပ်ဓါတ်ပုံ)

ဒီရောဂါဟာ အထူးစိုးရိမ်ရတဲ့ Biogeography လို့ခေါ်တဲ့ “နေရာဒေသရွေ့လျားတတ်တဲ့ ဇီဝကမ္မဗေဒရောဂါ” တမျိုးဖြစ်တာ ကြောင့် ခရီးထွက်တဲ့အခါ အထူးသတိထားကြရမယ်လို့ ကြေညာချက်တွေထုတ်ပြီး သတိပေးထားကြပါတယ်။ ဒါဆို ဇီ ကာဗိုင်းရပ်စ်ဟာ ဘယ်လိုနည်းနဲ့ ဘရာဇီးနိုင်ငံထဲ ရောက်ရှိလာတာလဲဆိုတာ နားလည်သိရှိကြဖို့ အထူးလိုအပ်လာပါတယ်။ ဖြစ်နိုင်တာက ၂၀၁၄ ခုနှစ် သြဂုတ်လထဲမှာ “ဗား” ကမ္ဘာ့စပရင့်ချန်ပီယံ ကနူး Canoe တာတိုလှေလှော်ပြိုင်ပွဲ Va’a World Sprint Championship တုန်းက ပြင်သစ်ပိုင်ပစ္စိဖိတ်သမုဒ္ဒရာရဲ့ ပိုလီနီးရှားကျွန်းကနေ ဘရာဇီးနိုင်ငံ “ရီယို ဒီ ဂျနေရိုး Rio de Janeiro” မြို့ ကို စတင်ရောက်ရှိလာခဲ့တာလို့ အများကယူဆသတ်မှတ်နေကြတာပါ။ (၂၀၁၄ ခုနှစ်မတိုင်မီကတည်းက ဇီကာဗိုင်းရပ်စ်ဟာ ပစ္စိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေမှာ ရောက်ရှိပြန့်နှံ့နေကြပြီလို့ လေ့လာသူအချို့က ပြောဆိုနေ ကြ ပါတယ်။) ဖြစ်နိုင်ချေနောက်တခုက အခုဗိုင်းရပ်စ်အမျိုးအစားဟာ ကမ္ဘာ့ဒေသအချို့မှာလည်း တခြားနာမည်တမျိုးအနေနဲ့ ပြန့်နှံ့နေနိုင်တယ်ဆိုတာပါ။ ဒီရောဂါနဲ့ပတ်သက်ပြီး လူတွေကနေ တခြားလူတွေဆီ ရောဂါပြန့်ပွားမှုမဖြစ်သေးမီ အမြန်ဆုံး အကာအကွယ်ပေးဖို့ လိုအပ်နေပါပြီ။ ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာမယ့်ခြင်၊ ဒါမှမဟုတ် အင်းဆက်ပိုးကောင်ဟာ သူတို့ သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး ငှက်ဖျားရောဂါပိုး၊ Filariasis လို့ခေါ်တဲ့ အကြောလိုက်၊ အကြော ဆွဲရောနဲ့ ပိုလီယိုလိုမျိုးရောဂါဆိုပြီး ရောဂါပိုး အမျိုးမျိုးကွဲပြားပြီး ပါလာကြပါလိမ့်မယ်။ Arboviruses လို့ခေါ်ကြတဲ့ ဗိုင်းရပ်စ်တွေကို သယ်ဆောင်လာတတ်တဲ့ (ဘာသာပြန်သူ့ ဖြည့်စွက်မှတ်ချက်။       ။ အာဘိုဗိုင်းရပ်စ် ဟာ ဗိုင်းရပ်စ်အမျိုးမျိုးကို သယ်ဆောင်မှုကိုအားပေးတဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်ပါတယ်။ ရောဂါပိုးကို လက်တင်ဘာသာနဲ့ “ဧဒေ့စ် ဧဂပ္ပတီ Aedes aegypti” လို့ခေါ်ဆိုပြီး ယဲလိုးဖီဗာ Yellow fever လို့အဓိပ္ပါယ်ရှိပါတယ်။  https://wwwn.cdc.gov/arbocat/ ၀က်ဆိုဒ်လင့် Weblink မှ ကိုးကားပါတယ်) သယ်ဆောင်လာဖို့ အားပေးတဲ့ဓါတုဒြပ်ပေါင်းတမျိုးဖြစ်ပြီး ရောဂါတွေကိုပွားများလာစေတတ်တဲ့ “အာ သရိုပေါ့ဒ် ဘောန် Arthropod-borne virus” ဆိုတဲ့ဗိုင်းရပ်စ်စတဲ့ရောဂါမျိုးတွေ သယ်ဆောင်လာတတ်ကြပါတယ်။ နောက်ပြီး အာရှတိုက်ခြင်ကျား Asian tiger mosquito (လက်တင်ဘာသာနဲ့ဧဒေ့စ် အာလ်ဘိုပစ္စတ္တု Aedes albopictus) လို့ခေါ်ကြပြီး တောင်နဲ့အလယ်အမေရိကတိုက်၊ အမေရိကန် နိုင်ငံတောင်ပိုင်းဒေသတွေမှာ တွေ့ရှိရလေ့ရှိပါတယ်။ ခြင် တွေဟာ အဆိုပါဗိုင်းရပ်စ်ကို သယ်ဆောင်ပြီး အာရှတိုက်ဘက်ကို ခုတ်မောင်းလာခဲ့ကြတဲ့သင်္ဘောတွေနဲ့ ပါလာခဲ့ကြဟန်တူ ပါတယ်။ ဒီခြင်ကျားတွေဟာ လူသားတွေဆီက၊ ဒါမှမဟုတ် လူသားတွေဆီကို ရောဂါပိုးတွေမသယ်ဆောင်နိုင်ခဲ့ဘူးဆိုရင် ဇီကာဗိုင်းရပ်စ်ပိုးဟာ ပစ္စိဖိတ်သမုဒ္ဒရာနဲ့ အတ္တလန်တိတ်သမုဒ္ဒရာတွေကို ဖြတ်ပြီးပြန့်ပွားလာနိုင်စရာ အကြောင်းမရှိပါဘူး။

ဒါဆို နောက်ဘာတွေ ထပ်ဖြစ်လာဦးမလဲ။ ဘရာဇီးနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေ၊ မကြာမီ ကိုယ်ဝန်ရရှိလာနိုင်မယ့်အမျိုး သမီးတွေကိုချည်းဘဲ ဆိုလိုတာမဟုတ်ပါဘူး။ ဘရာဇီးတနိုင်ငံထဲမဟုတ်ဘဲ အခြားပူနွေးတဲ့ဒေသတွေမှာလည်း အလားတူ ရောဂါပြန့်ပွားနိုင်ပါတယ်။ ခြင်အမျိုး အနွယ်တွေပေါက်ပွားနိုင်တဲ့ ကမ္ဘာ့ဘယ်နေရာဒေသမှာမဆို အခု ဇီကာဗိုင်းရပ်စ်ပေါက်ပွားပြီးကူးစက်မှုတွေ ရှိနိုင်ပါတယ်။မြောက်အမေရိကတိုက်က အမေရိကန်၊ ကနေဒါနဲ့ ချီလီနိုင်ငံတို့ကလွဲရင် တခြားနိုင်ငံ တွေဟာ ဇီကာဗိုင်းရပ်စ်ပိုးသယ်ဆောင်လာနိုင်မယ့် ဧဒေ့စ် Aedes ရောဂါပိုး သယ်ဆောင်လာမယ့်ခြင်တွေကို အထူးဂရု စိုက်ကြရမှာဖြစ်ပါတယ်လို့ WHO ကမာ့္ဘကျန်းမာရေးအဖွဲ့ကြီးက ကြိုတင်သတိပေးထားပါတယ်။ ကိုလံဘီယာ၊ ဗင်နီဇွေးလား၊ အယ်လ်ဆာဗေးဒိုး၊ မက္ကဆီကိုအပါအ၀င် တောင်နဲ့အလယ်အမေရိကတိုက်နိုင်ငံတွေအားလုံး၊ အယ်လ်ဆာဗေးဒိုး၊ ဂျမေကာ နဲ့ ကိုလံဘီယာတို့အပါအ၀င် ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ ဘယ်အရပ်ဒေသမှာပဲနေနေ အခုပြန့်နှံ့နေတဲ့ ဇီကာဗိုင်း ရပ်စ်ပိုးကို အထူးဂရုစိုက်ကြဖို့ နှိုးဆော်နေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အယ်လ်ဆာဗေးဒိုး၊ ဂျမေ ကာနဲ့ ကိုလံဗီယာနိုင်ငံတွေသွား မယ့်ခရီးစဉ်တွေကို ရွှေ့ဆိုင်းကြဖို့ အကြံပြုထားကြပါတယ်။

အမေရိကန်နိုင်ငံ မင်နီဆိုတာ၊ နယူးယောက်၊ ဟာဝိုင်ယီ စတဲ့ပြည်နယ်တွေနဲ့ (အမေရိကန်အစိုးရရဲ့ ကျန်းမာရေးဌာနတွေက စိုးရိမ်ရတယ်လို့ သတ်မှတ်ထားတဲ့နေရာဒေသတွေမှာလည်း အလားတူပါဘဲ။) အခြားပြည်နယ်တွေမှာ ကလေးငယ်မွေးဖွားခဲ့ မယ်ဆိုရင် “မိုက်ခရိုဆယ်ဖာလီ Microcephaly” ရောဂါလက္ခဏာရပ်တွေဖြစ်ပေါ်လာခဲ့ရင် ရောဂါမပြန့်ပွားစေရေးအတွက် သူတို့နေထိုင်ရာပြည်နယ်နဲ့ဒေသကို ချက်ချင်း ပြန်လည်ပို့ဆောင်မယ်လို့ ပြောဆိုထားပါတယ်။ အဲဒါကြောင့် အမေရိကန် နိုင်ငံထဲမှာဖြစ်ဖြစ် အခြားခရီးသွားခဲ့တဲ့နိုင်ငံတွေမှာဘဲ ဖြစ်ဖြစ် ဧဒေ့စ် ဗိုင်းရပ်စ်ပိုးသယ်ဆောင်လာတဲ့ခြင်တွေကိုက်တာကို ခံခဲ့ရမှု ရှိ၊ မရှိ အထူးတင်းတင်းကြပ်ကြပ် စစ်ဆေးသွားကြမယ်လို့ ကြေညာထားပါတယ်။ ဒါဆို အခု ဗိုင်းရပ်စ် ဖြစ်ပေါ်စေတဲ့ အာရှတိုက်ခြင်ကျား Asian tiger mosquito ဟာ အခုဆိုရင် အီတလီအပါအ၀င် ဥရောပတိုက်ထဲက တောင်ပိုင်းနိုင်ငံ တွေမှာရော မပြန့်ပွားနိုင်ပေဘူးလောဟု မေးခွန်းထုတ်စရာရှိနေပါတယ်။ အထူးသဖြင့် ပင်လယ်၊ သမုဒ္ဒရာတွေနဲ့ ထိစပ်နေတဲ့ နိုင်ငံတိုင်းမှာ ဧဒေ့စ် ဗိုင်းရပ်စ်ပိုးရှိတဲ့ခြင်တွေရှိနေနိုင်တာမို့ အဆိုပါခြင်တွေဟာ သူတို့ရဲ့မျိုးဥတွေကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ဥ အုချခဲ့နိုင်မှာ ဖြစ်တဲ့အတွက် ဒီရောဂါဟာ နေရာဒေသမရွေးဘဲ ပြန့်ပွားနိုင်ကြမယ့်အတွက် အထူးစိုးရိမ်စရာဖြစ်နေပါတယ်။ အဲဒါကြောင့် အထူးသဖြင့် ဆင်းရဲမွဲတေမှုကြောင့် သန့်သန့်ရှင်းရှင်းမနေနိုင်ကြတဲ့ဒေသတွေမှာ “ကိုယ်ဝန်ဆောင်မိခင်တွေ ခြင် ကိုက်မခံရစေ” ဖို့ကို နှိုးဆော်တိုက်တွန်းနေကြပါတယ်။

အချုပ်အနေနဲ့ဒီဇီကာဗိုင်းရပ်စ်ပိုးဟာ ကျွန်ုပ်တို့ကျင်လည်နေထိုင်တဲ့ ဟော့ဒီ့ဂြိုဟ်ကမ္ဘာကြီးထဲမှာ ပြန့်နှံ့ဖြစ်ပေါ်နေတဲ့အတွက် ခြေထောက် နှစ်ချောင်းပေါ်ရပ်ပြီး သွားလာရုန်းကန်နေကြတဲ့ ကျွန်ုပ်တို့လူသားအားလုံးအတွက် ကျွန်ုပ်တို့ရဲ့အစိုးရနဲ့အခြား နိုင်ငံတွေရဲ့အစိုးရတွေအတူတကွ ပူးပေါင်းဖြေရှင်းကြမှ အားလုံးပြေလည်သွားကြရမှာပါ။ အဲဒီလိုမှ မဆောင်ရွက်ကြဘူးဆိုရင် ဒီကနေ့ ကျွန်ုပ်တို့ကျင်လည်နေထိုင်နေကြတဲ့ ဟောဒီ့ကမ္ဘာ္ဘကြီးနဲ့၊ ကျွန်ုပ်တို့ရဲ့လူ့အဖွဲ့အစည်းကြီးဟာ ကမ္ဘာ္ဘကြီးနဲ့ နိုင်ငံတ ကာအပါအ၀င် ဟောဒီ့ဂြိုဟ်ကြီးအတွက် ထောင်သောင်းချီတဲ့ မျိုးဆက်သစ် ကလေးငယ်တွေကို ဦးဆောင်ခွင့်မပြုသလို ဖြစ်သွားနိုင်တဲ့အတွက် အခု ပြန့်ပွားနေတဲ့ဗိုင်းရပ်စ် အမြန်ဆုံးနိဂုံးချုပ်သွားအောင် လုပ်ကိုင်ရပါလိမ့်မယ်။ ကြာလာတာနဲ့အမျှ အခုဗိုင်းရပ်စ်ဟာ ပိုမိုကြီးမားကျယ်ပြန့်လာနိုင်တာမို့ အထူးဂရုစိုက်ကြရပေလိမ့်မယ်။ ၂၀၁၂ ခုနှစ်တုန်းက မား MERS coronavirus လို့ခေါ်တဲ့ နှလုံးလမ်းကြောင်းထဲဖြစ်တဲ့ဗိုင်းရပ်စ် တမျိုးဖြစ်ပွားခဲ့ဖူးသလို ၂၀၁၄ ခုနှစ်မှာ အီဘိုလာ Ebola ဆို တဲ့ ဗိုင်းရပ်စ်ဟာ အနောက်အာဖရိကတိုက်အနောက်ခြမ်းမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါဆိုရင် နောက်နှစ်မှာဆိုရင် ကကြီး ဗိုင်း ရပ်စ်၊ နောက်နှစ်မှာ ခခွေး ဗိုင်းရပ်စ်၊ အဲနောက်နှစ်မှာ ကကြီး၊ ခကွေး ဗိုင်းရပ်စ် ဆိုပြီးဖြစ်လာနေဦးမလား။ အဲဒါကြောင့် ဒီနှစ် က “ဇီကာ” ဗိုင်းရပ်စ်ပေါ့။

(ဒေးဗစ် ကွမ္မဲန် David Quammen ဟာ နေရှင်နယ်ဂျော်ဂရော်ဖစ် မဂ္ဂဇင်းထဲမှာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာရေး သားခဲ့ပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။)