မောင်ရဲနွေ - လတပေါင်း ပြောင်းတဲ့မြေ

 
မောင်ရဲနွေ (ပလိပ်) - လတပေါင်း ပြောင်းတဲ့မြေ
(မိုးမခ) မတ် ၃၀၊ ၂၀၁၆

လတပေါင်း
အခါပြောင်းတဲ့ ဒီနွေ...။

အသစ်ထူးလို့
ပုရစ်ဖူးတို့ ဝေ....။

ဒီမြေမှာ
နှစ်၅၀ကျော်မှ ပွင့်တဲ့ပန်း
လန်းလို့ ဆန်းလို့
တို့ပြည်သူအများ  ပျော်လို့နေ...။

ဒီမြေ
ဒီရေ
ဒီလေ
တို့ပြည်သူတွေ  အောင်ပြီလေ...။ ။


မောင်ရဲနွေ (ပလိပ်)
၃၀.၃.၁၆