စာရေးဆရာ မုံရွာအောင်ရှင် စာအုပ်သစ် မိတ်ဆက်

စာရေးဆရာ မုံရွာအောင်ရှင် စာအုပ်သစ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ   ဧပြီ ၄ - ၂၀၁၆


          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီ ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ ဝင်၊ ဒီလှိုင်းစာစောင်တာ ဝန်ခံ အယ်ဒီတာ ၊စာရေးဆရာမုံရွာအောင်ရှင် ရေးသားပြုစုသော ` အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈- ၂၀၁၀) စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော် ဝင်နှင်းဆီ စားသောက်ဆိုင်တွင်  ဧပြီလ ၃ ရက်နေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး နှင့် စာရေးဆရာ မောင်မိုးသူ (ဘကြီးမိုး) တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး စာရေးဆရာမုံရွာအောင်ရှင် က စာအုပ်ရေးဖြစ်ရခြင်း အကြောင်းကို ပြောကြားခဲ့သည်။

          ထို စာအုပ်အား ဦးဆန်းအောင်သူ ပဉ္စဂံစာအုပ်တိုက်မှ တန်ဖိုး ၇၀၀၀ ကျပ်ဖြင့် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

          လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦး၊ ဘဘဦး ဝင်းတင် နှင့် ဘကြီးမိုးတို့ ၏ အမှာစာများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြောင်း ဂဃနဏ မသိသေးသူများ အတွက် မိမိတို့၏ ကိုယ်ပိုင်စာအုပ်စင်တွင် ထားရှိရမည့် စာအုပ်တအုပ်ဖြစ်သည်။

          စာအုပ် မိတ်ဆက်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာ၊ ကဗျာဆရာများ၊ အခြားစိတ် ဝင်စားသူများ၊တက်ရောက်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။