ဇော်အောင်(မုံရွာ) - နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ်



ဇော်အောင်(မုံရွာ) - နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ် 
(မိုးမခ) ဇွန် ၃၊ ၂၀၁၆

မြန်မာပြည်မှာ နိုင်ငံခြားကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင် ပြည်သူ့ဆက်ဆံရေးအဖွဲ့တခု ဘတ်ဂျက်ရဲ့ ရာနှုန်း တစ်ခု အကုန်ကျခံထားရပါတယ်။ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ဂျိုက်ကာ .. တို့လည်း ဒီလိုလုပ်ရပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်က ကမ္ဘာ့ဘဏ်ရုံးခန်းအတွက် တနှစ်ကို ဒေါ်လာ တစ်သန်းကျော်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းဆီက ငှားခဲ့ရတဲ့ နာမည်ကျော် ခြစားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အိမ်ခြံမြေ ရုံးခန်းဈေးအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ အခုတော့ ဈေးဆက်မတက်တော့ဘဲ နည်းနည်းကျဆင်းလာပါပြီ။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးပရိုဂျက်များမှာ ခြစားမှုမရှိဖို့သတိပေးလိုက်ပြီး၊ ဘတ်ဂျက် တွေချပြတဲ့အထဲ လျှပ်စစ်မီးလင်းစေဖို့ စတင်ပါတယ်။ ဘယ်နေရာက ဘယ်အစီအစဉ်မှာပဲဖြစ်ဖြစ် အကျင့်ပျက်ခြစားမှုဆိုင်ရာ သက်သေသာဓကတွေ့ရှိတာနဲ့ ချက်ချင်းရပ်ဆိုင်းပစ်ဖို့ လက်နှေးနေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတကလည်း ဒီမိုကရေးစီပွင့်လင်းမြင်သားစွာ လုပ်ဆောင်နိုင်ဖို့အခြေခံဥပဒေပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းဖို့ မြန်မာအစိုးရကမလုပ်ဆောင်ရင် အမေရိကန်ပြည်ထောင်စုကပေးဖို့ရှိနေတဲ့ထောက်ပံ့ကူညီမှုတွေကိုရပ်ဆိုင်းပြီး ဒဏ်ခတ်ပိတ်ဆို့ ရေးဆီ ပြန်ဦးတည်သွားနိုင်မယ့်အခြေအနေမျိုးပါဝင်ပြဋ္ဌာန်းထားတဲ့ဥပဒေကို သမ္မတ ဘားရက်အိုဘားမားက ဇန်နဝါရီလ ၁၇ ရက်နေ့က လက်မှတ်ထိုးခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်လာမှ နိုင်ငံ တကာကလာဖို့ စောင့်ကြည့်နေကြပါတယ်။ သို့သော်လည်း မြန်မာပြည်က အစိုးရနဲ့ သူတို့ပတ်သက် ကြောင်း သူဌေးကြီး(၁၀)ဦး တို့နဲ့စပယ်ရှယ် စစ်ဗိုလ်ဟောင်းများက တရုတ်နိုင်ငံစီးပွားရေးသမားများနဲ့ စီးပွားရေးလုပ်ပြီး၊ မတရားစာချုပ်များနဲ့ အခွန်လွတ်၃နှစ်၊ သွင်း/ထုတ် ပါမစ်များ စသဖြင့် သယံဇာတ များ၊ ဝန်ဆောင်မှု၊ တီဗွီ၊ မိုဘိုင်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ လုပ်ငန်းများနဲ့ အပြင်းအထန် စီးပွားရှာ နေချိန် ဖြစ်ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးမှာ အမြတ်စွန်းမရှိသလောက်မို့ ကုမ္ပဏီများမလုပ်လိုပေမဲ့၊ ရတာအကုန်ယူဆိုပြီး လျှပ်စစ်ထုတ်လုပ်၊ ဈေးကြီးကြီးနဲ့ရောင်း၊ လယ်သမားတွေကို ငွေတိုးချေး၊ ပွဲရုံလုပ်ငန်းများ စတဲ့ အလုပ်များကိုမြို့ပေါ်က ကုမ္ပဏီများဝင်လုပ်ဖို့ကြိုးစားလာပါတယ်။ အစိုးရနဲ့ နိုင်ငံတကာက ရင်းနှီး မြှုပ်နှံမယ့် ငွေလုံး၊ ငွေခဲကိုခွဲဝေစားသောက်ဖို့ အကျင့်ပျက်အစိုးရဝန်ထမ်းများနဲ့ ပူးပေါင်းခြင်းများကို ကမ္ဘာ့ဘဏ်က သတိပေးခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် လျှပ်စစ်မီးရရှိရေးအတွက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာ (RERED) Rural Elect rification and RenewableEnergy Development Project ၂၀၀၂ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမအဆင့် ၂၀၀၂ -၂၀၁၂ - ထိ ၁၀ နှစ်တိုင် နေရောင်ခြည်စွမ်းအားနဲ့ အိမ်ပေါင်း ၂ သန်းကို လျှပ်စစ်မီးလင်းအောင် လုပ်ပေးနိုင်ခဲ့တာ၊ ဒေါ်လာ သန်းပေါင်း ၄၃၃ သန်း ကုန်ကျခဲ့ပါတယ်။ အိမ်ခေါင်မိုးမှာ ဆိုလာပြားထောင်တဲ့ 100W , 200W စတဲ့ Solar Home Systems SHS တွေကို အဆင့်မြင့်တဲ့၊ စက်တွေ အကြွေးနဲ့ရောင်းပေးပြီး လစဉ်ငွေ ပြန်ကောက်ပါတယ်။ Solar Mini Grid များကိုတည်ဆောက်ပြီး၊ ဓာတ်ကြိုးနဲ့အိမ်များကို လျှပ်စစ်မီး ပေးပါတယ်။ တွက်ချက်မှုများအရ မီး၅လုံးလောက် ညပိုင်းပဲထွန်းရင် တစ်လကို ၆ ဒေါ်လာ (တစ်ယူနစ် ကျပ်တစ်ရာနှုန်း) ဆိုရင် ၃ နှစ် လောက် လျှပ်စစ်မီးထွန်းပြီး၊ ဆိုလာအရင်းကြေပါတယ်။ ရေရှည်ခံမဲ့ CFL မီးလုံးကို ရောင်းချပေးပြီး၊ Part ner Organizat ions များနဲ့လုပ်ဆောင်စေပါတယ်။ ဒါလောက် လုပ်ပေးတာတောင် တဦးချင်းနဲ့ အဖွဲ့အစည်းနဲ့ အနိုင်ကျင့်ပြီး အကျင့်ပျက်၊ ဆင်းရဲမွဲတေသူများကိုတောင် အမြတ်ထုတ်စားရက်သူများ ဘင်္ဂလားဒေ့ခ်ျမှာရှိလို့ စီမံကိန်းတချို့ကို ရပ်ဆိုင်းပစ်ရပါတယ်။ ဒီလိုလုပ်ငန်းမျိုး မိမိရွာမှာ လုပ်မယ် ဆိုရင် အိမ် ၁၀၀ လောက်နဲ့စနိုင်ပေမဲ့၊ မြန်မာပြည်က ဆိုလာဓာတ်အားပေးစက်များဟာ တရုတ်ပြည်က ရောင်းဈေးထက် ၅ ဆလောက် ဈေးကြီးနေခြင်းဟာ ပြဿနာကြီးတခုပါ။ တရုတ်၊ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးမှာ Import for Rural & Agriculture Development ပစ္စည်းများကို အခွန်မကောက်တဲ့အပြင် ဗဟိုနဲ့ဒေသ အစိုးရ၂ခုစလုံးကပါ Subsidize ပံ့ပိုးမှုပေးကြပါတယ်။ World Bank ကပဲ import လုပ်ရင် အခွန်လွတ်၊ လွယ်ကူပါမယ်။

ဒါမျိုးတွေ အကျင့်ပျက်မှု (Corruption & Nepotism) တွေကြောင့် တရုပ်ပြည် ၁၉၈၉ တပြည်လုံး အုံကြွဆန္ဒပြခဲ့ပြီးနောက် တရုတ်အစိုးရက အကျင့်ပျက်တိုက်ဖျက်ရေးကို SEZ အထူးစီးပွားဇုံ စနစ်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီ စီးပွားဇုံအတွင်းမှာ အကျင့်ပျက်ခြစားမှုမရှိမဲ့ ပြည်ပပို့ကုန် လုပ်ငန်းများကို ထူထောင်ပေးခြင်း၊ မြန်မာအစိုးရကလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ သို့သော် အကျင့်ပျက်မှုများကို အရေးမယူဘဲ တရားရေးမဏ္ဍိုင်က မတိုးတက်မှုကြောင့် အမေရိကန်အစိုးရနဲ့ အမေရိကန်ကုမ္ပဏီများ အခြေပြု ကမ္ဘာ့ဘဏ်အကြီးအကဲ၂ဦးက သတိပေးချက် တပြိုင်တည်း ထွက်လာခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ
တရားမျှတတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ရေရှည်အကျိုးစီးပွား ဖြစ်ပါတယ်။ အခွန်မပေးပဲ၊ လောင်စာဆီ တင်သွင်းရောင်းချခြင်း၊ သံယံဇာတပြည်ပပို့ခြင်းများက တချက်ထဲနဲ့ တသက်စားမကုန်အောင် ရတာမျိုး၊ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေကြပါ။ ၅ နှစ်ထိုင်စားခွင့်ပေးပြီး၊ အလိုက်သိသိတော့ ထွက်ပေး မှာမဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန်တယောက်ပဲ အလိုက်သိသိ ထွက်ပေးချင်ပေမဲ့ သူ့ထက်ပိုပြီး လုပ်နိုင်မယ့် လူမျိုးလိုအပ်နေပါတယ်။ ဒါမှပဲ တရားမျှတတဲ့ ဘက်စုံနိုင်ငံတော် ဖြစ်လာမှာပါ။ စီးပွားရေးအဆင်ပြေသူ (တနည်းအားဖြင့် မိသားစု မပူပင်ရသူများ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။ အာဏာရှိသူများမပူပင်ရတဲ့ငွေရရှိပြီး၊ စာရိတ္တကောင်းအောင် သမ္မတဦးသိန်းစိန်အစိုးရက လုပ်ပေး နေသော်လည်း ရလဒ်က ထင်သလိုမကောင်းပါ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တက်လာလည်း ရောင့်ရဲ ချွေတာ စုဆောင်းတဲ့အစိုးရဖြစ်လာမှ ရင်းနှီးမြှုပ်နှံသူများလည်း စိတ်ချ၊ ပြည်သူလူထုလည်း ချွေတာစုဆောင်း ရောင့်ရဲပြီး စည်ပင်သာယာမယ် ဖြစ်ပါတယ်။

လက်ရှိမြန်မာပြည်ကို ရဲဝံ့စွာရင်းနှီးမြှုပ်နှံသူများမှာ တရုတ်နိုင်ငံ၊ ကုမ္ပဏီများပဲ စိတ်ချစွာ လုပ်ကိုင်ကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ဥပဒေစာချုပ်များကို ခိုင်မာစွာ ချုပ်ဆိုထားခြင်းကြောင့် ဖြစ်ပါတယ်။ ဗဟိုအစိုးရက သဘောတူတဲ့ ရင်းနှီးမြှုတ်နှံမှုကော်မတီ လက်မှတ်ထိုး၊ ခွင့်ပြုပြီးရင် တရုတ်ဘဏ်များကငွေချေးဖို့ အာမခံစာချုပ်ပဲ ဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံကလည်း ပုဂ္ဂိုလ်ရေးနဲ့ဥပဒေ ၂ မျိုး ခိုင်မာအောာင်ကြိုးစားပြီး၊ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။

အခု မြန်မာပြည်မှာဗဟိုအစိုးရနဲ့စာချုပ်ပြီး ရင်းနှီးမြှုပ်နှံကြတဲ့အထဲ အထင်ရှားဆုံးကတော့ ဆက်သွယ်ရေး ကုမ္ပဏီ Telenor & Ooredoo နှစ်ခုဖြစ်ပါတယ်။ဲ ပြည်သူလူထုဆီက မိုဘိုင်းဖုန်းနဲ့ အမြတ်ထုတ်မဲ့ ကုမ္ပဏီဆိုပေမဲ့၊ မြန်မာ့ဆက်သွယ်ရေးရဲ့၊ ခရိုနီများနဲ့ပေါင်း အမြတ်ထုတ်ပြီး၊ နိုင်ငံတော်လည်း အခွန်ငွေမရတာထက် ပိုပြီးပွင့်လင်း မြင်သာလာပါတယ်။ လျှပ်စစ်လုပ်ငန်းကိုလည်း IPP ပုဂ္ဂလိကကို ၁၀၀% ပေးပြီး အပြိုင်ဆိုင်လုပ်ခိုင်းရင် အနည်းဆုံး ဗီယက်နမ်၊ ထိုင်း အဆင့်တော့ လျှပ်စစ်ဈေးချိလာမှာ ဖြစ်ပါတယ်။ မီးထွန်းဖို့ လျှပ်စစ်ကိုတော့ ဈေးနှုန်းချို ရပါမယ်။ အဲယားကွန်းလျှပ်စစ်ကိုတော့ ဈေးနှုန်းကြီးပေးရပါတယ်။ ကမ္ဘာ့လျှပ်စစ်ဈေးအကြီးဆုံး

စင်ကာပူမှာတောင် ဒီနည်းနဲ့ လျှပ်စစ်ငွေတောင်းခံပါတယ်။

ကျော်မျိုးထွန်းပြုစုတဲ့အကြီးစားစက်မှုစီမံကိန်းများအတွက် အရင်းနှီးရှာခြင်းစာအုပ်ငယ်မှာ နိုင်ငံခြားကုမ္ပဏီများသူတို့ပိုက်ဆံကို အာမခံရနိုင်မှ မြန်မာနိုင်ငံမှာ လာကြမယ်လို့ ရေးထားပါတယ်။

ကျော်မျိုးထွန်းရဲ့စာအုပ်မှာ MIGA Multilat eral Investment Guarantee Agency (ဥပမာ World Bank) ကဲ့သို့ ဘဏ်အဖွဲ့အစည်းများမှာ အဖွဲ့ဝင်ဖြစ်ရပါတယ်။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်နေပါပြီ။ မြန်မာလို နိုင်ငံရေးမတည်ငြိမ်တဲ့၊ မငြိမ်သက်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများ ငွေဆုံးရှုံးမသွာအောင် ကာကွယ်ပေးပါတယ်။

New York Convent ion, Panama Convention ကဲ့သို့ နိုင်ငံအစိုးရများက စာချုပ်ဖောက်ဖျက်၊ စီမံကိန်းဖျက်သိမ်းရင် အဲဒီနိုင်ငံကိုတရားစွဲ၊ လျော်ကြေးပြန်ရအောင်လုပ်ပေးမဲ့ အဖွဲ့အစည်းကြီးတွေ ဖြစ်ပါတယ်။ မြန်မာအစိုးရ ၂၀၁၃ ဧပြီလမှာ New York Convention မှာပါဝင် လက်မှတ်ထိုးထားပြီ ဖြစ်ပါတယ်။

ဒေါ်လာသန်းချီတဲ့အရင်းနှီးဖို့
 ၅နှစ် ထိုင်စားခွင့်ပေးပြီး၊ အလိုက်သိသိတော့ ထွက်ပေးမှာမဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန် တစ်ယောက်ပဲ အလိုက်သိသိ ထွက်ပေးချင်ပေမဲ့ သူ့ထက်ပိုပြီး လုပ်နိုင်မဲ့လူမျိုး လိုအပ်နေပါတယ်။ ဒါမှပဲ တရားမျှတတဲ့ ဘက်စုံနိုင်ငံတော် ဖြစ်လာမှာပါ။ စီးပွားရေးအဆင်ပြေသူ (တနည်းအားဖြင့် မိသားစုမပူပင်ရသူများ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။ အာဏာရှိသူများ မပူပင်ရတဲ့ ငွေရရှိပြီး၊ စာရိတ္တကောင်းအောင် သမ္မတဦးသိန်းစိန်အစိုးရခေတ်က လုပ်ပေးနေ သော်လည်း ရလဒ်က ထင်သလိုမကောင်းပါ။ အခု ဒေါ်အောင်ဆန်းစုကြည်တက်လာလည်း ရောင့်ရဲ ချွေတာ၊ စုဆောင်းတဲ့အစိုးရဖြစ်လာမှ ရင်းနှီးမြှုပ်နှံသူများလည်း စိတ်ချ၊ ပြည်သူလူထုလည်း ချွေတာ စုဆောင်း ရောင့်ရဲပြီး၊ စည်ပင်သာယာမယ် ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်ကိုရဲဝံ့စွာ ရင်းနှီးမြှုပ်နှံသူများမှာ တရုတ်နိုင်ငံ၊ ကုမ္ပဏီများပဲ စိတ်ချစွာ လုပ်ကိုင်ကြပါတယ်။





ပရိုဂျက်အကြီးတွေကို လုပ်ဖို့ ချေးငွေနဲ့ပဲ လုပ်ရပါတယ်။ တရုပ်ပြည် ပြုပြင်ပြောင်းလဲခါစ၊ အမေရိကန်သမ္မတနစ်ဆင်ကို တရုတ်ပြည် အလည် ဖိတ်ခေါ်ရပါတယ်။ အပြန်လှန်လည်ပတ် သွား ရောက်ပြီး ညှိနှိုင်းရင်း၊ ကမ္ဘာ့အဖွဲ့အစည်းတွေထဲ တရုပ်ပြည် ပါဝင်လာပါတယ်။ ဒီတော့မှ နိုင်ငံခြား၊ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများ တရုတ်ပြည်ကို ဝင်လာမှ တခြားနိုင်ငံငယ်များကလည်း စုပြုံရင်းနှီးမြှုပ်နှံကြပါတယ်။ စစ်အင်အားကြီးမားခြင်းဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတိုင်း စစ်သုံးစရိတ် ဘတ်ဂျတ်ဟာ အလွန်ကြီးမားပါတယ်။ အမေရိကန်ရဲ့ စစ်အင်အားကို တရုပ်ပြည်က လေးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီများကို မတရားမလုပ်ရဲပါဘူး။ ဒါကြောင့် အမေရိကန် ဝင်လာရင် တိုင်းပြည်စီးပွားတက်လာလေ့ ရှိပါတယ်။

မြန်မာနိုင်ငံကိုလည်း ကုမ္ပဏီများဟာ World Bank, ADB, IMF, UNIDO, UNICEF စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများနောက်က ခိုပြီးလိုက်လာပါတယ်။ သေချာပြီဆိုမှ (အာမခံနဲ့စာရင်းစစ်) စိတ်ချလောက်မှ ကုမ္ပဏီများ ရင်းနှီးငွေ ဝင်လာမှာဖြစ်ပါတယ်။

တရုပ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များစွာ ပြည်တွင်းက အာဏာပိုင်များနဲ့ပူးပေါင်းပြီး၊ ပါမစ်၊ လိုင်စင်တွေယူပြီး၊ အကြီးအကျယ် ကြီးပွားနေတာ ဘယ်လိုမှ မတားနိုင်ပါဘူး။ ဥပဒေကိုနားလည်သူများနဲ့တဖတ်သတ်စာချုပ်များကြောင့် ဘာမှမတတ်နိုင်ဘဲ၊ ကြည့်နေရပါတယ်။ တရုတ်စီးပွားရေးနဲ့တရုတ်စစ်ရေးလွှမ်းမိုးမှုကိုမကြေနပ်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တဦး (ဗိုလ်မြင့်အောင်) ကို အစိုးရသစ်လက်ထက်မှာ အနားယူ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ တရုပ်ပြည် ၁၉၈၉ အရေးအခင်းမှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ တရုတ်စစ်တပ် စစ်ဗိုလ်ချုပ်ကြီး ၅ ဦး ကိုလည်း ထိန်းသိမ်းခံရသလိုပါ။ တင်းမာလွန်းတဲ့ စစ်ဗိုလ်ချုပ်တွေကို ချန်ရစ်တယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေရိကန်အားပေး၊ တရုတ်ရှုတ်ချလုပ်သူများကိုတော့ ချန်ရစ်တာထက်ဆိုးတဲ့ ထိန်းသိမ်းတာမျိုး အရင်အစိုးရခေတ်က လုပ်ခံခဲ့ရပါတယ်။

ကချင်၊ ဝ လက်နက်ကိုင်များက တရုတ်ကို အပြစ်မတင်ဘဲ ကျေးဇူးတင်ကြပါတယ်။ ကရင်လက်နက်ကိုင်များက အမေရိကန်ကိုအပြစ်ဖို့ဝေးစွ၊ ကျေးဇူးပဲ တင်ကြပါတယ်။ ရှမ်းလက်နက်ကိုင် များကတော့ တရုတ်နဲ့အမေရိကန်ကြားမှာနေရပါတယ်။ နိုင်ငံရေးနည်းတဲ့ ဂျပန်၊ကိုးရီးယားနဲ့ အီယူနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုကို စောင့်ပေမဲ့၊ တရုတ်ရင်းနှီးမှုတွေပဲ ဆက်လက် လာနေမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရင်းနှီးမှုမျိုးဖြစ်ဖို့၊ ပုဂ္ဂလိကအဖွဲ့အစည်းများ တွန်းအားပေး၊ စာရင်းစစ်၊ အာမခံပေးဖို့ လိုပါတယ်။

လက်ဝါးကြီးအုပ်လိုမှု စီးပွားရေးတွေ ကြီးထွားလာပါတယ်။ ဒါကြောင့် လုပ်ငန်းများအဆင်မပြေမှု (ease of doing business) မှာလည်း ကမ္ဘာ့နိုင်ငံ ၁၈၉ နိုင်ငံမှာ အဆင့် ၁၈၂ ဖြစ်နေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ငွေ၊ အာဏာရှိသူများက လုပ်ငန်းအပိုင်စီး၊ ပျက်ပြားအောင် မလုပ်ရန်၊ ကမ္ဘာ့ဘဏ်က အကာကွယ်ပေး၊ အာမခံပေးခြင်းကို လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံလုပ်ငန်းရှင်များ Political Risk စိုးရိမ်ပါက ကမ္ဘာ့ဘဏ်အေးဂျင့် Multilateral Investment Guarantee Agency ကို ဆက်သွယ်ပါလို့ဆိုပါတယ်။

တရုတ်ပြည်အစိုးရနဲ့စီးပွားရေးလုပ်ငန်းများကို တရားမျှတမှုရှိဖို့ကတော့ တနည်းပဲရှိပါတယ်။ အကျင့်ပျက်ခြစားတဲ့အစိုးရခေါင်းဆောင် အဆင့်မြင့်အရာရှိကြီးများကို ထောက်လှမ်းရေးလို အဖွဲ့မျိုးနဲ့ တင်းကျပ်စွာစောင့်ကြည့်သင့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အစိုးရအရာရှိကြီး၊ ပါတီအကြီးအကဲ များရဲ့ပိုင်ဆိုင်မှုကိုစောင့်ကြည့်အဖွဲ့တွေ ရှိပါတယ်။ ငွေပမဏ ဒေါ်လာသန်းပေါင်းများစွာ လည်ပတ်နေ တဲ့လုပ်ငန်းများကိုစာရင်းစစ်နဲ့အာမခံလုပ်ငန်းများ ပုဂ္ဂလိက Instit ut ion အဖွဲ့များနဲ့ လုပ်ဆောင်စေဖို့ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံခြင်များးမှ နိုင်ငံအကျိုးရှိရန်
နိုင်ငံတိုင်းမှာ ပြည်ပအရင်းနှီးနဲ့လုပ်ငန်းများလည်ပတ်ပြီး၊ ၅ နှစ်၊ ၁၀ နှစ်ကျော်လာရင် ပြည်တွင်း ကုမ္ပဏီများပဲ ကြီးပွားလာပါတယ်။ နိုင်ငံခြားကုမ္ပဏီကတော့ တနှစ်ကို အမြတ်ငွေ ၁၅ % လောက် ရရင်ပဲ ကျေနပ်လှပါပြီ။ သူတို့မူရင်းနိုင်ငံတွေမှာ လုပ်ငန်းတန်ဖိုးရဲ့ ၅% အခွန်ကောက်ခြင်း၊ လုပ်ငန်း အမြတ်ငွေကို အခွန် ၄၀% လောက်ကောက်ခံတာကြောင့် အခွန်ရှောင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လာရောက် ရင်းနှီးကြပါတယ်။ ထုံးစံအတိုင်းအကျင့်ပျက်ခြစားမှုများကို အာမခံဖို့ အမေရိကန်ဝင်လာမှု ဟာ အလွန်အရေးကြီးပါတယ်။ မြန်မာပြည်မှာနာမည်ကျော်တဲ့ ရွှေဓာတ်ငွေ တွေ့ရှိတဲ့ ဒေဝူးကုမ္ပဏီ၊ ဂျပန်တို့ရဲ့သီလဝါစက်မှုဇုံမှာ ပါဝင်ကြတဲ့ ဂျပန်၊ ကိုးရီးယားကမ္ပဏီများလည်း အမေရိကန်နဲ့ ဥရောပ ငွေအရင်းနှီးမတည်မှုနဲ့စတင်ပါတယ်။ နောက် ၅ နှစ်၊ ၁၀ နှစ်ကြာချိန် ကိုယ့် လူမျိုးတွေပဲ ပိုင်ဆိုင်တဲ့ကုမ္ပဏီအဖြစ် တိုးတက်သွားကြပါတယ်။

ထားဝယ်စက်မှုဇုံ စာချုပ်ချုပ်ခဲ့တဲ့ အိမ်နီးချင်း__ထိုင်းနိုင်ငံက အီတာလျှံ-ထိုင်း Italian-T hai ကမ္ပဏီရဲ့ ရာဇဝင်ကိုကြည့်ရင် လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ်က အီတာလျှံရင်းနှီးငွေနဲ့ စတင်ခဲ့ပေမဲ့ အခု ထိုင်းလူမျိုးပိုင် ဖြစ်နေပြီး နိုင်ငံတကာမှာ စက်မှုဇုံတွေ လိုက်ဆောက်နေပါတယ်။ မြန်မာပြည် Dawai Project ကို လုပ်ပေမဲ့မအောင်မြင်ပါဘူး။ တရားဥပဒေမဲ့ နိုင်ငံခြားက မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေမလာဘဲ၊ တရုတ်ကုမ္ပဏီကြီးများနဲ့ပဲလုပ်နေရခြင်းကို အဆုံးသပ်လိုနေပါပြီ။

အခု ၂၀၁၆ မှာတော့ ပြည်သူလူထုကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD-Military အစိုးရ တက်လာပြီ ဖြစ်ပါတယ်။ တယ်လီနော (နော်ဝေးနိုင်ငံ)၊ အော်ရီဒူး (ကာတာနိုင်ငံ) နဲ့ အမ်ပီတီ (ဆူမစ်တိုမို၊ ဂျပန်) တို့အပြိုင်လုပ်စေလို့ မိုဘိုင်းဖုန်း တိုးတက်လာပါပြီ။ တင်ဒါရွေးချယ်ရေးကို ဂျာမဏီနိုင်ငံရဲ့အကြံပေးချက်များလဲ ပါပါတယ်။ ဒါလောက်အမြတ်ကြီးလှတဲ့ မိုဘိုင်းဖုန်းလုပ်ငန်းကို တယ်လီနော ကုမ္ပဏီကြီးရဲ့ဆပ်ကန်ထရိုက်တာများ၊ တာဝါတိုင် ထူခြင်းများမှာ ငွေအင်အားသုံး အစိုးရနဲ့လူထုကို အနိုင်ကျင့်မှုတိုင်စာများစွာရရှိခြင်းကို လက်ရှိအစိုးရ လေ့လာနေပါတယ်။ တရုတ်လူမျိုးများပိုင် မြစ်ဆုံစီမံကိန်း၊ ရွှေဂတ်စ် ရေနံပိုက်လိုင်း၊ ကြေးစင်တောင်ကြေးနီထုတ်လုပ်မှုနဲ့ အေရှားဝေါ၊ ရွှေသံလွင်တို့ အပါဝင်၊ ဆေးလိပ်၊ ဘီယာ၊ အရက်စက်ရုံ စတဲ့ မြန်မာပြည်တွင်း ရောက်နေပြီးဖြစ်တဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း လက်ရှိ NLD အစိုးရက စီစစ်နေတယ်လို့ သိရပါတယ်။ ကောင်းပါတယ်။

နိဂုံး

မည်သို့ပင်ဖြစ်စေ အထက်ပါအချက်များကို မြန်မာအစိုးရလူကြီးမင်းများနဲ့ နားမျက်စိဖွင့်ထားသူ လူကြီး လူငယ်အားလုံး သိပြီးသား ဖြစ်ပါတယ်။ လက်တွေ့မှာ အကောင်ထည်ဖော်ဖို့ အလွန်ခက်ပါတယ်။ အဓိကတော့ စာရိတ္တ ဖြစ်ပါတယ်။ မိမိကိုယ်ကို စာရိတ္တမဆိုးဘူးလို့ ခံယူနေသူ များပါတယ်။ လူငယ်လူရွယ်များဟာ စာရိတ္တမှန်ကန်စွာ ကျေးလက်ဖွံ့ဖြိုးရေးသာမက၊ မြို့ပြ၊ စက်မှု ဖွံ့ဖြိုးရေးကိုလည်း ထိရောက်စွာလုပ်ဆောင်နိုင်သူများဖြစ်ပါတယ်။ စာရိတ္တပညာကို အစိုးရ စာသင်ကျောင်းများနဲ့ ဘုန်းကြီးကျောင်းများမှသာထိရောက်စွာ သင်ကြားနိုင်ပါတယ်။ IFIWatch (88 generat ion) လို အဖွဲ့များစွာလည်း ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံ အစိုးရအရာရှိကြီးများ ပေါ်လစီများ၊ ငွေများထုတ်သုံး၊ ဆုချနေသည်ထက် စာရိတ္တ စံနမူနာ ခေါင်းဆောင်များ ဖြစ်ခြင်းဟာ ဆင်းရဲမွဲတေမှုကိုအောင်နိုင်တဲ့တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

 ဇော်အောင်
(၂၀၁၄ ဆောင်းပါး၊ ပြန်လည်ဆန်းသစ်ခြင်း)