ညိုထက်ညို ● ဦးကြင်





ညိုထက်ညို ● ဦးကြင်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

အဲဒီနေ့က ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဘုရင်ခံအတိုင်ပင်ခံ ကောင်စီ (Governor’s Executive Council) ရဲ့အစည်းအဝေးကို ဗိုလ်အောင်ကျော်လမ်းက အတွင်းဝန်များရုံး (Scretariat) မှာ ကျင်းပပါတယ်....။

အရင်က ဘုရင်ခံကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်နဲ့ထိုင်ပြီး အလုံလမ်းက ဘုရင်ခံအိမ်တော် (မဆလခေတ် လွှတ်တော်ဝင်းရှိ သမ္မတ အိမ်တော်) မှာ လုပ်လေ့ရှိပေမယ့် လွတ်လပ်ရေးရခါနီးလာတဲ့နောက်ပိုင်းမှာ ဘုရင်ခံကိုယ်တိုင် အစည်းအဝေးမတက်တော့ဘဲ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကဦးဆောင်ပြီး အတွင်းဝန်များရုံးမှာ တပတ်တကြိမ် လုပ်တယ်။

အစက အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်နေ့မှာလုပ်ဖို့စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်နေလို့ ဇူလိုင်လ ၁၉ ရက်နေ့ကိုရွှေ့ပြီး ကျင်းပတယ်....

ဒီလိုနဲ့ပဲ အဲဒီနေ့မနက် ဆယ်နာရီလောက်မှာ အတွင်းဝန်များရုံးထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းထဲက ဂငယ်ပုံအစည်း အဝေးစားပွဲကြီးမှာ အစည်းအဝေးကို စတင်ကျင်းပခဲ့ကြပါတော့တယ်.....။

ထိပ်စားပွဲ အလယ်မှာ ဗိုလ်ချုပ်အောင်ဆန်းထိုင်တယ်....။

ညာဘက်က စားပွဲမှာ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ဦးဘဝင်းနဲ့ မန်းဘခိုင်တို့ ထိုင်ကြတယ်....

ဘယ်ဘက်ကစားပွဲမှာတော့ ဝန်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော် (ICS) နဲ့တကွ ဝန်ကြီး ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်ကြတယ်....

ညာဘက်က သခင်မြတို့ စားပွဲထိပ် ကုလားထိုင်မှာတော့ အစည်းအဝေးမှာ ဆွေးနွေးတဲ့ကိစ္စနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနရဲ့ အတွင်း ဝန်က ထိုင်ရတယ်.....။

အစည်းအဝေးမှာ ဗိုလ်ချုပ်နဲ့ ဝန်ကြီးခြောက်ဦး ပါတယ်....

ပြီးတော့ အစည်းအဝေးကို စတင် ကျင်းပခဲ့ကြပါတော့တယ်....။

ဆယ်နာရီခွဲခါနီးလောက်ကျတော့ အစည်းအဝေးအစီအစဉ်အရ အတွင်းဝန်ဦးကြင်ရဲ့အလှည့်ကို ရောက်လာတယ်....
ဒါပေမဲ့ ဦးကြင်လိုပဲ အစည်းအဝေး တက်ဖို့ရောက်လာတဲ့ တတိယအတွင်းဝန် ဦးအုန်းမောင်က သူ့မှာ အခြားအရေးကြီးတဲ့ ကိစ္စရှိလို့ ဦးကြင်အစား အစည်းအဝေးခန်းထဲ အရင်ဝင်ပါရစေ ခွင့်ပန်တယ်....

ဒီလိုနဲ့ပဲ အစည်းအဝေးခန်းထဲကို သူရေးထားတဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်းအကြောင်း ရှင်းလင်းတင်ပြဖို့ ဦးကြင်အစား ဦးအုန်းမောင် ဝင်ရောက်လာခဲ့ပါတော့တယ်.....။

ဗိုလ်ချုပ်ရဲ့ဘယ်ဘက်ကပ်လျက် ကုလားထိုင်မှာ ဦးအုန်းမောင် ထိုင်တယ်....။

နောက် သုံးလေးမိနစ်နေတော့ ဂဠုန်ဦးစောလွှတ်လိုက်တဲ့ လူသတ်သမားတွေ ရောက်လာတယ်....

ပြီးတော့ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်နဲ့တကွ ဦးအုန်းမောင်အပါအဝင် ကိုးဦးကျဆုံးသွားကြပါတော့တယ်.....။

လောကမှာ ကံကြမ္မာဆိုတာ အတော်ထူးဆန်းတယ်.... ။ သေနေ့မစေ့တော့ ကိုယ်တိုင်သေရမယ့် အဖြစ်က ဦးကြင်လွတ် မြောက်သွားပြီး သူ့အစား သေနေ့စေ့သွားပုံရတဲ့ ဦးအုန်းမောင်က အစားသေသွားခဲ့ရတယ်....။

လွန်ခဲ့တဲ့ သုံးလေးနှစ်ကမှ နောင်အခါမှာ သံအမတ်ကြီးဖြစ်သွားတဲ့ ဦးကြင် ဆုံးရှာတယ်....။

အသက်က ၁၀၁ နှစ် တဲ့ ။    ။

ကိုးကား ။   ။ ဝန်ကြီး ဦးဘဂျမ်း၏ပြောပြချက်များ။

ညိုထက်ညို