မိုးမခ စာပေစကားဝိုင်း ကျင်းပ


မိုးမခ စာပေစကားဝိုင်း မြင်ကွင်းများ
 မိုးမခ စာပေစကားဝိုင်း ကျင်းပ
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၆
 
“အိုင်တီနည်းပညာခေတ်နှင့် မြန်မာစာရေးဆရာများ” ခေါင်းစဉ်ဖြင့် မိုးမခ စာပေစကားဝိုင်းကို ဇူလိုင်လ ၄ ရက်နေ့ နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီအထိ ကုန်သည်လမ်း ဖန်တီးရာ ခန်းမတွင် ပြုလုပ်ခဲ့ရာ စာပေဝါသနာရှင်များ၊ စာပေစာနယ်ဇင်းအသိုင်းအဝန်းက ပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမ မေငြိမ်း၊ ဆရာ နေဘုန်းလတ်၊ အထူးဧည့်သည်တော် ဆရာ မောင်လွင်မွန် (ကသာ) (ရီနေနိုင်) နှင့် မေးခွန်းမေးမြန်းသူ မိုးမခ မဂ္ဂဇင်း အယ်ဒီတာ ငြိမ်းချမ်းအေး တို့က Online Digital Platform ခေတ် မြန်မာစာပေ အခန်းကဏ္ဍနှင့် မိုဘိုင်းနည်းပညာခေတ်၏ အားသာချက် အားနည်းချက်များကို Blog ခေတ် က စ၍ လူမှုကွန်ရက် Social Media Facebook ခေတ် အထိ ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးခဲ့ကြသည်။


စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမ မေငြိမ်း၊ ဆရာ နေဘုန်းလတ်၊ အထူးဧည့်သည်တော် ဆရာ မောင်လွင်မွန် (ကသာ) (ရီနေနိုင်) နှင် မိုးမခ ဝိုင်းတော်သားများ

အွန်လိုင်းခေတ် စောင့်ထိန်းသင့် စောင့်ထိန်းအပ်သည့် ရေးသူ ဖတ်သူ ကျင့်ဝတ်များ၊ ကိုယ်တိုင် တည်းဖြတ်ရခြင်း သဘောတရားများ၊ မြန်မာရသစာပေ ဖန်တီးမှု၊ စားသုံးမှု၊ ထိရောက်မှု၊ ဆုတ်ယုတ်မှု၊ ပြောင်းလဲမှုများ၊ ခေတ်သစ်နည်းပညာလှိုင်းများကြားက သမားရိုးကျ ပုံနှိပ် မီဒီယာအခန်းကဏ္ဍ၊ ရသစာပေ မဂ္ဂဇင်းများ၏ အနာဂတ်၊ E-book များ၏ အလားအလာ၊ စာကြည့်တိုက်အသုံးပြုခြင်းနှင့် စာဖတ်ခြင်း ဓလေ့ပျိုးထောင်ရာတွင် ပညာရေးစနစ်၏ အရေးပါပုံ၊ စာအုပ်ဖြန့်ချိရေးကဏ္ဍ နှင့် စာတိုက်စာပို့စနစ် စသည့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတရပ် တည်ဆောက်နိုင်ရေး၊ ရသစာပေရှင်သန်ရေး၊ ဦးမော့ရေးတို့အတွက် ပင်တိုင်ဆွေးနွေးသူများနှင့်အတူ အလွတ်တမ်း စာရေးဆရာမ ဆရာမ မသွေး (စစ်ကိုင်း)၊ The Ladies News ဂျာနယ် အယ်ဒီတာ ကိုဆောင်းဖြူတို့ အပါအဝင် အခြား တက်ရောက်လာသူ နယ်ပယ်အသီးသီးက မြန်မာစာပေချစ်မြတ်နိုးသူများက ဝိုင်းဝန်းဆွေးနွေး၊ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

စကားဝိုင်းတွင် မိုးမခ အယ်ဒီတာ တဦးဖြစ်သူ ကိုဇာနည်ဝင်းကလည်း မိုးမခ အွန်လိုင်း မီဒီယာနှင့် ၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည့် မိုးမခ ပုံနှိပ် မဂ္ဂဇင်း၏ အလုပ်များ၊ ရည်မှန်းချက်များ၊ နောက်ခံသမိုင်းများနှင့် ရှေ့အလားအလာကိုလည်း တက်ရောက်လာသူများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆွေးနွေးပွဲကို တက်ရောက်သူ ၇၀ နီးပါး ရှိခဲ့ပြီး ဉာဏ်ကြီးရှင် (Genius) ကော်ဖီ နှင့် မိုးမခ မီဒီယာတို့က အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

Moemaka Media
Website: http://moemaka.com/
Blog: http://blog.moemaka.com/
http://eng.moemaka.net/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka


မိုးမခ စာပေစကားဝိုင်းတွင် သတင်းမီဒီယာများ ရုပ်သံသတင်းယူနေပုံ

မိုးမခ စာပေစကားဝိုင်း မြင်ကွင်းများ

ပင်တိုင်ဆွေးနွေးသူ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမ မေငြိမ်း၊ ဆရာ နေဘုန်းလတ် နှင့် မေးခွန်းမေးမြန်းသူ မိုးမခ မဂ္ဂဇင်း အယ်ဒီတာ ငြိမ်းချမ်းအေး

မိုးမခ မဂ္ဂဇင်း နှင့် မိုးမခ မိတ်ဆွေများ၏ စာအုပ် အရောင်းစားပွဲ

ဉာဏ်ကြီးရှင် (Genius) ကော်ဖီ နှင့် ပိုင်ရှင် ဦးငွေထွန်း

ပင်တိုင်ဆွေးနွေးသူ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမ မေငြိမ်း၊ ဆရာ နေဘုန်းလတ် နှင့် မေးခွန်းမေးမြန်းသူ မိုးမခ မဂ္ဂဇင်း အယ်ဒီတာ ငြိမ်းချမ်းအေး