နီဇူလိုင် ● ဆူး



နီဇူလိုင် ● ဆူး
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၆

၇ ဇူလိုင်ဆိုတာ
အဖေတို့ရင်ထဲက ဆူး ...။

၇၄ ရဲ့သမိုင်း
ဦးသန့် မှိုင်းရာပြည့်
ဦးလေးတို့ရင်ထဲက ဆူး ...။

၈၈ - ၉၆
၂၀၀၇ - ၂၀၀၈
အရိုင်းခေတ်ရဲ့
သမိုင်းညစ်တဲ့ ဆူး ...။

ငါတို့ရင်ထဲ
နစ်ဝင်နေဆဲ ဆူးတွေ ...။

သားတို့ခေတ်မှာ
ဆူးကြားမှာ ဘူး မဖြစ်စေချင်
ထွင်ကို ထွင်ရမယ်
ဆူးပင်ထက်နေတဲ့ အနာဆွေး
ရဲဆေးတင်ပြီး ထွင်ကြစို့ ...။

နီဇူလိုင်

ဂရပ်ဖစ်ဒီဇိုင်း ကိုမျိုး