အောင်နှင်းသစ် - ပူအိုက်သောစာသားများ



အောင်နှင်းသစ် - ပူအိုက်သောစာသားများ
(မိုးမခ) သြဂုတ် ၂၊ ၂၀၁၆


လျှောခနဲ
သူမ လက်ထဲက လက်ကိုင်ပဝါလေး
လွင့်ကျသွားတယ်

လေဟာ
အရာရာကို ခါရမ်းပစ်နေခဲ့

ရည်ရွယ်ချက်မရှိ
စာလုံးတွေချရေးနေမိပြန်

အိပ်ချင်နေပြီလေ
ယာဉ်ကြောပိတ်ဆို့နေတဲ့လမ်းဟာ
ရုပ်သံစက်ထဲမှာ

မနက်ဖြန်ဆို အဆင်ပြေမှာလား
သူက ဒီလိုပဲ အဆက်အစပ်မဲ့တယ်