တင်လတ်ကို - စီရင်ချက်


တင်လတ်ကို - စီရင်ချက်
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆

ငိုခြင်း
ရယ်ခြင်း
လောကဓံရဲ့အတိုးအလျှော့များသာ။

ရယ်တော့
တလောကလုံးကြားစေချင်ပြီး
ငိုတော့
ငါတယောက်တည်းလား မေးမိတယ်။

ခဏပါပဲ
အဲဒီ့ခဏဆိုတာလည်း ခဏပါပဲ ။ ။

တင်လတ်ကို