တိုးနှောင်မိုး - မမြင်ရတဲ့တိတ်ဆိတ်ခြင်း



တိုးနှောင်မိုး  - မမြင်ရတဲ့တိတ်ဆိတ်ခြင်း

(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆

ကိုယ့်ပါဝါနဲ့ ကိုယ်တော့
ဟုတ်နေတာပဲ
သူများမျက်မှန် ကောက်တပ်မှ
အကန်းမှန်း သိရတယ်
လူ့ ဘဝဆိုတာ ဒီလိုကြီးလား။
အလှည့်ကျ
လူသားဆန်ဆန် ရက်စက်ဖို့ 
အလှည့်ကျ
လူသားဆန်ဆန် ဖိနှိတ်ခံရဖို့ 
သက်ရှိဟာ
သက်မဲ့ဟာ
ငွေနဲ့ပဲ အရာရာကို
သွေးသွင်းခံ ခဲ့ရပါတယ်။ ။