စိတ်ကူးချိုချို က စာကြည့်တိုက် ၁၀၀၊ စာအုပ် ၁၀၁ သိန်း ဖိုးစီ လှူမည်




စိတ်ကူးချိုချို က စာကြည့်တိုက် ၁၀၀၊ စာအုပ် ၁၀၁ သိန်း ဖိုးစီ လှူမည်
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၆

အသင်းအဖွဲ့ နှင့်ပရဟိတစာကြည့်တိုက်(၁၀၀)သို့  စာအုပ်များလှူဒါန်းရန် စာနယ်ဇင်းရှင်းလင်းပွဲအား စိတ်ကူးချိုချိုစာအုပ်တိုက်နှင့် ဖြစ်မြောက်ရေးပူးပေါင်းကူညီသူများမှ ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ ဆာကူရာတာဝါတွင်  သြဂုတ် ၂၊ ၂၀၁၆၊ နေ့ လည် ၂နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မိဒီယာနှင့် စာနယ်ဇင်းလောကမှ ဧည့်ပရိတ်သတ် ၁၅၀ကျော်တက်ရောက်ခဲ့ပါသည်။ 

စာကြည့်တိုက်တစ်ခု (၁၀၁) သိန်းနှုန်းဖြင့် စာကြည့်တိုက်ပေါင်း (၁၀၀) အားလှူဒါန်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။