အစိုးရသစ်နှင့် ပြဿနာပေါင်းသောင်း ခြောက်ထောင်နှင့် မောင်မိုးသူ


အစိုးရသစ်နှင့် ပြဿနာပေါင်းသောင်း ခြောက်ထောင်နှင့် မောင်မိုးသူ 
(ကုမုဒြာဂျာနယ်၊ သြဂုတ် ၂၀ထုတ်) မိုးမခ၊ စက်တင်ဘာ ၇၊ ၂၀၁၆
 

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကအများပြောကြသလို “တောင်ပြိုကမ်းပြို” အနိုင်ရရှိလိုက်ပါတယ်။ ဟုတ်ကဲ့၊ လွှတ်တော်သုံးရပ်စလုံးမှာ အပြတ်အသတ်အနိုင်ရရှိတာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီက ကြံ့ခိုင်ရေး အစိုးရအနေနဲ့ သူတို့ဘက်က တပ်မတော်ရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိပြီးမို့ ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းအနိုင်ရရင် ၅၁ ရာခိုင်နှုန်းရှိလာမှာမို့ အနိုင်ရမယ်၊ အစိုးရဖွဲ့နိုင်မယ်လို့ မျှော်လင့်ထားကြပုံရပါတယ်။ တကယ့်တကယ် ရွေးကောက်ပွဲလုပ်လိုက်တော့ ခွက်ခွက်လန်အောင် အရှုံးနဲ့ ရင်ဆိုင်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်တာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးနဲ့ အမျိုးမျိုးဖိနှိပ်ခဲ့တဲ့ ကိုယ်ကျိုးရှာအစိုးရကို မကျေနပ်တော့လို့ ၂၀၁၀ ရွေးကောက်ပွဲဆိုသဟာမှာလည်း စစ်အစိုး ရ အသွင်ပြောင်း သမ္မတဦးသိန်းစိန်အစိုးရဟာလည်း မိဘပြည်သူများခင်ဗျားဆိုတာကလွဲပြီး ဘာမှ မည်မည်ရရ မလုပ်နိုင်တဲ့အပြင် ဘာမှ မထူးတဲ့အတွက် ပြည်သူလူထုက လက်သန်းလေးတွေကို မင်အစွန်းခံ ပြီး (တချို့ဆိုရင်မဖျက်ဘဲတောင် ထားကြ သတဲ့) “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို တစ်ခဲနက် မဲပေးလိုက်ကြလို့ လွှတ်တော်သုံးရပ်စလုံး မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အ နိုင်ရသွားပါတော့တယ်။

အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖွဲ့ဖို့၊ အာဏာလွှဲပြောင်းဖို့ အချိန်တော်တော်ကြာကြာစောင့်ဆိုင်းခဲ့ရပါတယ်။ နောက်ဆုံးတော့ ကာတွန်းဆရာမောင်မောင်ဖောင်တိန်ပြောသလိုSlimဂါးဗားမန့်သမ္မတဦးထင်ကျော်ရဲ့ ပိန်ပိန်ပါးပါး မော်ဒယ်အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရဝန်ကြီးအဖွဲ့ရဲ့ဝန် ကြီး၊ ဝန်ကလေး ၁၀ဝ လောက်ရှိတဲ့ နေရာမှာ ၂၀ ကျော်ပဲဖွဲ့ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန် ကြီးအ ဖြစ် ဝန်ကြီးနေရာတစ်နေရာ ယူခဲ့တာပါပဲ။ တစ်ချိန်တည်းမှာ တပ်မတော်ရဲ့ အရွေးခံ စရာမလိုတဲ့ ၂၅ ရာခိုင်နှုန်းက လွှတ်တော် ကိုယ်စားလှယ်များနဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်က (၁) ကာကွယ်ရေး၊ (၂) ပြည် ထဲရေး၊ (၃) နယ်စပ်တို့ကို ဆက်လက်ကိုင် စွဲထားလို့ ဖြစ်ပါတယ်။
ခဏအကြာမှာ ၂၀ဝ၈ အခြေခံဥပဒေအရပဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

သည်လိုနဲ့ အင်န်အယ်လ်ဒီပါတီဟာ ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်ရုံမက တိုင်းနဲ့ပြည်နယ်အားလုံးမှာလည်း အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။ သည်နေရာမှာသတိမူစရာက ပြည်ထောင်စုအစိုးရမှာ ဒုတိယသမ္မတကတပ်မတော်က
ဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အစိုးရများမှာလည်း တပ်ကိုယ်စားလှယ်များကို နံပါတ် (၂) နေရာမှာ ထားရှိနေတာကို တွေ့ရမှာ ဖြစ်ပါ တယ်။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ရင်ကြားစေ့ရေး မူဝါဒဟာ တပ်မတော်နဲ့ ရင် ကြားစေ့ရေးကလည်း အရေးပါတယ်ဆိုတာ ထင်သာမြင်သာ ရှိပါတယ်။

အစိုးရသစ်ဖွဲ့စည်းပြီးတဲ့နောက် ပြည်သူ့အတွက် ရက် ၁၀ဝ စီမံကိန်းချမှတ်ပြီး ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒါက တော့ ဒီမိုကရေစီနိုင်ငံများဖြစ်တဲ့ အထူး သဖြင့် အမေရိကန်ပြည်ထောင်စု အစိုးရ သစ်ဖြစ်လာတိုင်း ရက် ၁၀ဝ စီမံကိန်းချမှတ် လုပ်ဆောင်စမြဲဖြစ်လို့ ဒီမိုကရေစီအစိုးရ သစ်ဖြစ်လာတဲ့ အင်န်အယ်လ်ဒီအစိုးရဟာ ဒီမိုကရေစီအစိုးရတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း ပြည်သူ့အတွက် ရက် ၁၀ဝ စီမံ ကိန်းကို ချမှတ်လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။

ရက် ၁၀ဝ စီမံကိန်းမှာ လုပ်ဆောင်စရာတွေက များပြီး လုပ်နိုင်တာနဲ့ မလုပ် နိုင်သေးတာတွေ ရှိတာတွေကို တွေ့မြင်နေရပါတယ်။ သည်နေရာမှာ သည်အစိုးရသစ်ရဲ့ ရက် ၁၀ဝ စီမံကိန်းကို ဝေဖန်သူတ ချို့က ဦးဆောင်သူဝန်ကြီးအဖွဲ့ကသာ ပြောင်းလဲဖို့ အားသန်နေပေမဲ့ ယန္တရားအဟောင်းကြီးကတော့ တုံ့တုံ့ ဆိုင်းဆိုင်း လုပ် နေလေရဲ့လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ အတော်နာမည်ရတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရပ်တွေ လုပ်ဆောင်ဖြစ်တာ ရှိပါတယ်။ ပထမဆုံးကတော့ ရွေးကောက်ပွဲနိုင်ပြီးစ စီးပွားရေးသင်္ကြန်ကို ပြောင်းလဲပစ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲသည်လို
ပြောင်းလဲရာမှာ အရက်သေစာ သောက်သုံးမှုကို ကိုင်တွယ်ရာမှာလည်း အတော်လှပစွာ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ရဲများကိုလည်း ပြည်သူကို မျက်နှာမူဖို့ ထိုက်တန်သလောက် လုပ်နိုင်ခဲ့ပါတယ်။

အဲလျှပ်စစ်ကတော့ ဒုန်းခနဲ ဆောင့် လိုက်တဲ့ ဒဏ်ချက်ပါပဲ။ လျှပ်စစ်ကို ဝါယာသွယ်တန်းတာကအစ စွမ်းအားမြင့်ထရန် စဖော်မာတွေ ဝယ်ယူထားခဲ့ကြတာအလယ် လျှပ်စစ်စီမံကိန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များလက်ထဲ
ရောက်နေတာ အဆုံးအဆင်မပြေတာတွေဲဖြစ်ပြီး လျှပ်စစ်ပြတ်ခြင်းကို အထူးကြုံတွေ့ရပါတယ်။

အထပ်မြင့်အဆောက်အအုံကိစ္စတို့၊ မော်တော်ကား တင်သွင်းတဲ့ ကိစ္စတို့မှာ လည်း အောင်မြင်တယ်လို့ မဆိုနိုင်သလို မအောင်မြင်ဘူးလို့လည်း မဆိုနိုင် ဖြစ်နေ ပါတယ်။
အဓိကအားဖြင့် အရင်အစိုးရရဲ့ စီမံ ကိန်း ဝန်ထုပ်ဝန်ပိုးများကို အစိုးရသစ်က ထမ်းဆောင်လုပ်ကိုင်နေရခြင်းပဲ ဖြစ်ပါ တယ်။ သည်တော့ ပြဿနာပေါင်းက သောင်းခြောက်ထောင်ပေါ့ခင်ဗျာ။
အဆိုးဆုံးကတော့ လယ်သိမ်းယာသိမ်းကိစ္စတွေ ဖြစ်ပါတယ်။ ဖြေရှင်းလို့ မ ဆုံးနိုင်အောင် များပြားရှုပ်ထွေးလှပါတယ်။
ထို့အတူ တရိပ်ရိပ်တက်လာတဲ့ ကုန် ဈေးနှုန်းကို ဘယ်လိုမှ ချလို့ မရနိုင်အောင် ဖြစ်နေပါတော့တယ်။

ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲမှာ အရင်အစိုးရလက်ထက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာဦးပိုင်တို့ ချုပ်ဆိုလုပ်ကိုင်ခဲ့တဲ့ စီမံကိန်းတွေဟာ အံ့ဩစရာဖြစ်လောက်အောင် တစ်ဖက်စောင်းနင်းနိုင်နေတာကို တွေ့ရမှာပါ။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်ကိုပဲ ကြည့်ပါ။ တရုတ်ပြည်ဝမ်ပေါင်က အများစုရနေပြီး ဦးပိုင်ကမဖြစ်စလောက် ရနေတာတွေ့ရပါတယ်။ ကော်မရှင် အစီရင်ခံစာ ထွက်လာပြီးမှ ရာခိုင်နှုန်း ထိုက် တန်သလောက် ပြင်ဆင်လာတာ တွေ့ရ ပါတယ်။

ကျောက်ဖြူကထုတ်တဲ့ သဘာဝဓာတ် ငွေ့များကိုလည်း ပိုက်လိုင်းများနဲ့ တရုတ် ပြည်ကို အဓိကတင်ပို့ထားတာ ဖြစ်ပါတယ်။ လတ်တလောသတင်းတချို့အရ မြန်မာပြည်အတွက် အနည်းအကျဉ်း ပြန် ရောင်းပေးတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်က ရဲတံခွန် သဘာဝဓာတ်ငွေ့များ ကိုလည်း ပိုက်လိုင်း များနဲ့ ထိုင်းကိုရောင်းချခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လောင်စာမရှိ၊ စွမ်းအင်မရှိ မှောင်နဲ့မည်းမည်း ဖြစ်နေခဲ့ပါ တယ်။ ခြွင်းချက်ကတော့ လူသူမနီး တော ကြီးခေါင်ခေါင်မှာရှိတဲ့ နေပြည်တော်က တော့ မီးထိန်ထိန်လင်းနေခဲ့ပါတယ်။
တစ်ပြည်လုံး မကျေမနပ်ဖြစ်နေတာကတော့ မြစ်ဆုံစီမံကိန်းပဲခင်ဗျ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစ်ခုတည်းသော ပြည်သူအကြိုက် လုပ်နိုင်ခဲ့တာက သူ့ သက်တမ်းငါးနှစ်မှာ မြစ်ဆုံကို ရပ်တန့်ခဲ့ တာပဲ ဖြစ်ပါတယ်။ ယခုတော့ ငါးနှစ်သက် တမ်းကလည်း ပြည့်ပြီမို့ မြစ်ဆုံက ပြဿ နာ ပြန်ပေါ်လာပါတယ်။ ဒါကိုတော့ အစိုးရ သစ်က လိမ္မာပါးနပ်တယ်လို့ ဆိုရမှာပေါ့ ခင်ဗျ။ လေ့လာစုံစမ်းရေးကော်မရှင် ဖွဲ့ လိုက်တာပဲ ဖြစ်ပါတယ်။
ကော်မရှင်က တင်ပြချက်နဲ့ ဆောင်ရွက်သွားမယ်ဆိုတော့ အချိန်ရတယ်ပေါ့ ခင်ဗျ။

သည်ကြားထဲမှာ တရုတ်အစိုးရ တာဝန်ရှိသူအဖွဲ့ မြန်မာနိုင်ငံကိုလာခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့တဲ့အပြင်ဦးရွှေမန်းနဲ့လည်း တွေ့ခဲ့၊ ဦးသိန်းစိန်နဲ့လည်း တွေ့ခဲ့၊ အင်န် အယ်လ်ဒီ ဦးတင်ဦးတို့နဲ့တွေ့တဲ့အပြင် စစ် ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ခဲ့ တာကိုလည်း မြင်တွေ့ရပါတယ်။ ဦးသန်းရွှေကို ပုဆိုးနဲ့ ပထမဆုံးအကြိမ် မြင်ဖူးရ ခြင်းပါပဲ။
သည်နေ့ပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ တရုတ်ပြည်ကို သွားနေကြပါပြီ။

အစိုးရဖွဲ့အပြီး ဒေါ်အောင်ဆန်းစု ကြည် အာဆီယံအစည်းအဝေးကျင်းပတဲ့ လာအိုကို ပထမဆုံးသွားခဲ့ပြီးနောက် ဂျပန် ကလည်း ဖိတ်၊ အမေရိကန်ကလည်း ဖိတ်တဲ့ကြားထဲက တရုတ်ပြည်ကိုအရင်ဆုံးသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ကလည်း ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုကြမှာပါ။

အရေးကြီးတာကတော့ တရုတ်ပြည်ဟာ စီးပွားရေးအရ ၊ စစ်ရေးအရ အရင် မြန်မာအစိုးရလက်ထက်တွေမှာ အမျိုးမျိုး အပေါ်စီးနဲ့ ဆက်ဆံစာချုပ်လုပ်ကိုင်နေခဲ့ ရာက မြန်မာနိုင်ငံရဲ့ ပထဝီအရေးပါမှုများ ကိုလည်းကောင်း၊ မြန်မာပြည်ရဲ့ အသုံးဝင် အသုံးတည့်မှုကိုလည်းကောင်း ကြည့်ပြီး ထိုက်တန်သလောက် ပြေလည်မှုများ လုပ် ဖြစ်လာနိုင်မယ်လို့ ယူဆစရာရှိပါတယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိုလည်း တရုတ်ကလိုလားကြောင်းမိုင်ဂျာယန်ကိုကိုယ်စားလှယ်လွှတ်ခဲ့တာလည်းရှိပါတယ်။

ဘာပဲပြောပြော အစိုးရသစ်ကတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်နေရတာ အမှန်ပါပဲ။

အစိုးရသစ်နှင့် ပြဿနာပေါင်းသောင်း ခြောက်ထောင်နှင့် မောင်မိုးသူပါ။