ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလားနဲ့မေးခွန်းများ - အပိုင်း(၃)

 
Senior General Min Aung Hlaing's facebook, Sept 14th, 2016

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလားနဲ့မေးခွန်းများ - အပိုင်း(၃)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၆

(ဂ) တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့များအကြား ယုံကြည်မှု၊ နားလည်မှု၊

ယုံကြည်မှု၊ နားလည်မှု ဆိုရာမှာ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်ဆံရေး ကောင်းမွန်မှူ အပေါ် အခြေခံပြီး ဆက်ဆံရေးကောင်းတဲ့ အုပ်စု၊ ဆက်ဆံရေးခပ်ကြဲကြဲရှိတဲ့ အုပ်စု၊ ဆက်ဆံရေးဆိုးဝါးနေတဲ့ အုပ်စုဆိုပြီး (၃) အုပ်စုခွဲမြင်ရတယ်။

ဆက်ဆံရေးကောင်းတဲ့ NCA လက်မှတ်ထိုးတဲ့အဖွဲ့(၈)ဖွဲ့၊ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)) ။

(ကိုးကန့်- MNDAA)  ကြောင့် ဝ (UWSA) နဲ့ မိုင်းလား (NDAA) အဖွဲ့ဟာ ဆက်ဆံရေးကြဲပေမဲ့ တြိဂံတိုင်း တိုင်းမှူးတွေဖြစ်ခဲ့ကြတဲံ့  ဦးသိန်းစိန်နဲ့တပ်ချုပ်တို့နဲ့ Personal ရင်းနှီးအရ တစုံတရာ တိုက်ပွဲ မဖြစ်အောင် နှစ်ဖက်လုံး စည်းကမ်းတကျ နေခဲ့ပါတယ်။

ဆက်ဆံရေးအဆိုးဝါးဆုံးကတော့ UNFC 
( UNFC members (previous members of CEFU)

  1. Kachin Independence Organization (KIO)
  2. New Mon State Party (NMSP)
  3. Shan State Army-North (SSPP /SSA)
  4. Karen National Union (KNU)
  5. Karenni National Progressive Party (KNPP)
  6. Chin National Front (CNF)
5 new members:

  1. Lahu Democratic Union (LDU)
  2. Arakan National Council (ANC)
  3. Pa-Oh National Liberation Organization (PNLO)
  4. Ta-ang National Liberation Army (TNLA) also known as Palaung State Liberation Front (PSLF)
  5. Wa National Organization (WNO)
(previous 6th new member Kachin National Organization has merged with the KIO)

နဲ့  AA ,TNLA , MNDAA အဖွဲ့တွေဘဲဖြစ်ပါတယ်။

နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားခဲ့တဲံ့ ပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်တွေရဲ့ ပြုမူ ဆောင်ရွက်ခဲ့တာတွေ ကြောင့် တော်တော်နဲ့ ယုံကြည်မှူ မရဘဲ တပ်မတော်နဲ့အဲဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ခက်ခက်ခဲခဲ တည်ဆောက် နေရပါတယ်။ အဲဒီ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အပစ်ရပ် လက်မှတ်မထိုးတာကို အခွင့်ကောင်းယူပြီး လူသစ်စုဆောင်း၊ ၊အင်အားတည်ဆောက်ကာ နယ်ပယ်ဧရိယာ ချဲ့ထွင်မှူ၊ သယံဇာတ သယ်ထုတ်မှု၊ အခွန်အကောက် ကြမ်းတမ်းမှုကြောင့် ပြည်သူလူထု ထွက်ပြေးလာရကာ တပ်မတော်နဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေရပါတယ်လို့ တပ်မတော် လိုလားသူတွေဘက်က ဆိုကြပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းပြီး ပြည်နယ်ဖွံဖြိုးရေး (ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုဇုန်လို အလုပ်အကိုင် ဖန်တီးခွင့် အပါအဝင် ရင်းနှီးမြှူပ်နှံမှု၊ သယံဇာတ ခွဲဝေပိုင်ဆိုင်မှု) တိုးတက်ဖို့ ပြည်ထောင်စုအစိုးရကို ဘာတွေ တောင်းကြမယ်ဆိုတာ အဓိက ဆွေးနွေးကြစေလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဗမာမုန်းတီးရေးကို ၀ါဒဖြန့်နေချိန်မှာ ဗမာပြည်က ဘယ်တပ်မတော် စစ်ကျောင်း၊ ဘယ်တက္ကသိုလ်မှ သင်ရိုးမှာ တိုင်းရင်းသားတွေကို သွေးခွဲဖို့ မုန်းတီး ရက်စက်ဖို့ မသင်ကြားပါကြောင်း၊ တိုင်းရင်းသားတွေကို ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ အယူဝါဒ ယဉ်ကျေးမှု ဓလေ့ထုံးစံများ လေးစားလိုက်နာပါလို့ဘဲ သင်ကြားပေးထားတာကို တပ်မတော်ထုတ်တဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) မှာ ရှိပါကြောင်း တပ်မတော်အရာရှိအချို့က သူတို့ ခံစားချက်ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။

"ကိုယ့်တိုင်းရင်းသားတွေမှာက စစ်ဖြစ်ရင် စစ်ရှောင်တာကိုက ဖြစ်နိုင်ရင် မြို့ပေါ် တက်ရှောင်နေကြတာပါ၊ နောက်ဆုံး မြို့တက်ဖို့ လမ်းကြောင်းတွေ ပြတ်တောက်ကုန်လို့ တောထဲ တောင်ထဲနဲ့ နယ်စပ်ကို ဖြတ်ကျော်ကြရတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ချင်း အတူတူ ပြည်သူတွေဟာ လက်ရှိအစိုးရကို အားကိုးကြပါတယ်။" လို့ သူတို့တွေ မြင်တာကို ပြောကြပါတယ်။

အဓိက လုပ်ဆောင်သင့်ရာမှာ အရပ်သားနဲ့ရန်သူမှားယွင်းလို့ သတ်ဖြတ်မိရင် တာဝန်ရှိသူအဆင့်ဆင့် အရေးယူမှာဖြစ်သလို ပြည်သူကို ဝန်ချတောင်းပန်ခြင်းနဲ့ နစ်နာသူများကို ထိုက်သင့်တဲ့ လျော်ကြေးပေးရမှာဖြစ်ကြောင်း၊ ရေးမြို့မှာ အရပ်သား(၁)ဦးနဲ့ရှမ်းပြည်မြောက်ပိုင်း သူပုန်အထင်နဲ့ ရွာသား၎ဦးသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ တပ်က စေတနာသန့်သန့် ပံ့ပိုးထောက်ပံ့ပြီး ဒုတိုင်းမှူးအဆင့် စုံစမ်းစစ်ဆေးတာမျိုး ပြုမှူဆောင်ရွက်ချက်ဟာ ကြိုဆိုရမှာ ဖြစ်သလို လူထုအမြင်မှာလည်း နားလည်ခွှင့်လွှတ်လိမ့်မယ်လို့ယုံကြည်ကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ယခုဆိုရင် ပြစ်မှူကျူးလွန်သူ တပ်မတော်သားထဲမှ တပ်မမှူးးအဆင့်တောင် တခါမှမလုပ်စဖူး အရေးယူခဲ့တာတွေ့နေရပြီဖြစ်ပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်အဖြစ် မိုင်ဂျာယန် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ စိုင်းကျော်ညွှန့်က ပြောရာမှာ-
“၂၁ ပင်လုံလိုပဲ ခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် ဒီညီလာခံမှာ တက်ရောက်မဲ့ ရထားကို ဘယ်နေရာကစီးစီး စီးလို့ရတယ်ဆိုတဲ့ စကားခေတ်စားနေတာ ရှိပါတယ်။ ဒါပေမဲ့ ရထားလက်မှတ်လည်းမပေးဘူး။ ပေးလည်း ပေးမစီးဘူးဆိုရင် ဒါက စဉ်းစားစရာရှိပါတယ်။ အစိုးရအနေနဲ့ကလည်း အားလုံးပါဝင်လာနိုင်အောင် ဘယ်လို အခင်းအကျင်းတွေ ဖန်တီးပေးထားသလဲဆိုတာက အရေးကြီးပါတယ်။ အားလုံးကို လာပါလာပါ ပြောပြီး လာနိုင်တဲ့ အခင်းအကျင်း မဖန်တီးပေးနိုင်ဘူးဆိုရင် တိုက်ပွဲဆိုတာ ရှမ်းမြောက်တင်မက ကချင် ၊ ရခိုင် မှာလည်း ဖြစ်နေတယ်။ နေရာတော်တော်များများ မှာ ဖြစ်နေတဲ့ ပဋိ့ပက္ခတွေပါ။ အစိုးရအနေနဲ့ အခင်းအကျင်းကောင်းကို ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ ” ဆိုပါတယ်။

ဒီရထားကိစ္စကို တပ်မတော်အရာရှိတစ်ဦးက ပြန်လှန်မေးခွန်းထုတ်ထားတာကို တွေ့ရပါတယ်။
           ရှမ်းပြည်ထဲက ၀ပြည်၊ ပလောင်ပြည် ခွဲထွက်ပြီး အသစ်ဖွဲ့ မှာ ရှမ်းတွေက လက်ခံပါ့မလား။ ဆိုလိုတာက ဒီဘက်မှာ ဒေါ်စုနဲ့  တပ်ချုပ် နဲ့ ပြီးရင် အားလုံးပြီးတယ် ဟိုဘက်မှာက မပြီးဘူး။ အဖွဲ့ အချင်းချင်းရော အဖွဲ့ တစ်ခုထဲမှာပါ သဘောထားအမျိုးမျိုး ရှိနေကြတယ်။ ဒါက လက်ရှိ အရှိတရား။  ဒေါ်စုရဲ့ ရထား ဥပမာလို ဆိုရရင်တော့ ရထားက ထွက်မှဖြစ်မယ်၊ ဘူတာရုံက မကောင်းဘူးတို့၊ ရထားက မော်ဒယ်အောက်တယ်တို့  လက်မှတ်က ဈေးကြီးတယ် လုပ်နေတာဖြစ်တယ် ..." 
လို့ ဆိုသွားပါတယ်။ သူဆိုလိုချင်တာက ရထားကတော့ အဆင်သင့်ဖြစ်နေပြီ။ အသေးစိတ်ကိစ္စတွေကို ရထားပေါ်တက်ပြီးမှ ပြောမလား၊ ရထားပေါ် မတက်ခင် ပြောမလား။ ပြီးတော့ ရထားပေါ်မတက်ခင် ပြေလည်နိုင်သလောက် ပြေလည်အောင် လုပ်ပြီး ရထားပေါ်တက်၊ ရထားပေါ်မှာလည်း ဆက်လက်ပြီး ပြေလည်အောင် ဆက်လက် ဖြေရှင်းတောင်းဆိုမှုတွေ လုပ်သွားရင် မဖြစ်နိုင်ဘူးလားလို့ စဉ်းစားချက်ကို ပေးတာ ဖြစ်ပါတယ်။

အလားတူ ... “ဒီမိုကရေစီနည်းကျဆိုရင် တပ်မတော်က အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်တယ်။ ဒါကကျွန်တော်တို့တင် မကဘူး ပြည်သူအားလုံးက တောင်းဆိုနေတဲ့ အရာပါ။" လို့ ကေအိုင်အို ၊
ကေအိုင်စီ ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွန်မော်ရဲ့ပြောဆိုချက်ကိုလည်း တပ်မတော်လက်အောက်ခံ အရာရှိတွေဘက်ကလည်း မေးခွန်းထုတ်စရာရှိတယ်လို့ ပြောလာကြပြန်ပါတယ်။

                “တပ်က ယခုအရပ်သားဦးထင်ကျော်နဲ့ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့အောက်မှာ နေနေပြီ။ သူတို့လက်ထက်မှာ တိုက်နေတယ်ဆိုတာက လက်ရှိအစိုးရရဲ့ အချုပ်အခြာကို ကာကွယ်ဖို့ တိုက်နေရတာလို့ တပ်မတော်သားတွေဘက်က ယူဆပါတယ်။ ယခင်အစိုးရကို အယုံအကြည်မရှိလို့ လက်မှတ်မထိုးသေးရင် အခုအစိုးရလက်ထက်မှာလည်း လက်မှတ်မထိုးသေးဘူးဆိုတာကို ဘယ်လို ယူဆရမလဲ။ ကချင်ပြည်နယ်မှာ ဦးစခုန်တိန့်ယိမ်းက ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက အပြိုင်ပါတီတွေကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့တယ်။ အခု အစိုးရသစ်လက်ထက်မှာ တရားဥပဒေနဲ့ အရေးယူ ဆောင်ရွက်တယ်။ ကျနော်တို့ တပ်မတော်သားတွေက အခုချိန်မှာ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ဖို့ လုပ်နေရတယ်လို့ ထင်ပါတယ်။"

သူတို့ပြောချင်တာကတော့လူထုရွေးကောက်ပွဲအရ အနိုင်ရတဲ့ အရပ်သားအစိုးရလက်အောက်မှာ တပ်မတော်က ယခင်တုန်းက အခြေအနေတွေ လုပ်ကိုင်ပုံတွေနဲ့ မတူတော့ဘဲ ပြောင်းလဲမှုတွေ ဖြစ်လာနေတယ်။ တဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တပ်မတော်အပေါ်ကို သံသယရှိနေတုန်းဆိုရင်လည်း ပြန်လှန် စဉ်းစားစေချင်တယ်လို့ သဘောထားရှိပုံမျိုး ဖြစ်ပါတယ်။

တပ်မတော်ဘက်ကကော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ပြောလေ့ ပြောထ ရှိတာက နိုင်ငံရေးသမားတွေထက် စစ်သားလို ပြုမူဆောင်ရွက်ရတာဟာ ပိုပြီး အလုပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ စစ်သားလို လုပ်ခဲ့ကြတာကြောင့် ပြည်တွင်းစစ်ဖြစ်ပွားရာဒေသတွေမှာ ယခင် စစ်ခေါင်းဆောင်တွေနဲ့ ယခင်အစိုးရတွေ လက်ထက်မှာ (လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တဲ့) ပြည်သူစစ်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ အများအပြား တိုးပွားခဲ့ပါတယ်။ ထို့အတူ အထူးအုပ်ချုပ်ခွင့်ရဒေသတွေလည်း ပေါ်ထွန်းလာခဲ့ပါတယ်။ ယခင်ခေတ်တွေက အပစ်ရပ်လက်မှတ်ထိုးပြီးနောက် စီးပွားရေးလုပ်ကွင်း လုပ်ကွက်တွေကို စစ်အုပ်စုကနေ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ပေးအပ်ခဲ့ကြပါတယ်။ စစ်သားလို လုပ်တာ အလုပ်ဖြစ်တယ် ဆိုရင် အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေဟာ နားလည်မှု၊ ယုံကြည်မှုကို ထိန်းသိမ်းပြီး ဆက်လက် ရပ်တည်ပါသလားလို့ တပ်မတော်ဘက်က အရာရှိတွေအချို့က မေးခွန်းထုတ်လေ့ ရှိပါတယ်။

တပ်မတော်သားတွေဘက်က (အချို့ကလိုပဲ ဆိုချင်ဆို) သူတို့တွေ ဝေဖန်လေ့ရှိတာက UWSA ,MNDAA တို့ဟာ လက်ရှိအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြသလို လက်ရှိ တပ်ချုပ်ကိုလည်း တွေ့ဆုံခဲ့ကြတာ မကြာသေးမီက တွေ့ခဲ့ရပါတယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC အဖွဲ့တွေ တွေ့တဲ့ဖြစ်စဉ်မှာတော့ တပ်ချုပ်နဲ့ တွေ့ဖို့ ၀န်လေးခဲ့ကြသလားလို့ ဆိုကြတာ တွေ့ရပါတယ်။ ဒါဟာ စစ်သားလို တုန့်ပြန်တာလား၊ နိုင်ငံရေးသမားလို တုန့်ပြန်တာလားဆိုပြီး တပ်ဘက်က အကဲဖြတ်ချင်ကြပုံ ရပါတယ်။

ဒါကြောင့် NCA လက်မှတ်မထိုးကြတာချင်းအတူတူ UWSA, NDAA တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးသားထိသွားစေတဲ့ တိုင်းရင်းသား
လူငယ်တွေ့ဆုံပွဲ စီစဉ်တာ လုပ်ကြတာမျိုး UNFC ဘက်ကလည်း သံတမန်ဆန်တဲ့ ယုံကြည်မှု နားလည်မှုကို တည်ဆောက်တဲ့ ပြောဆို ဆွေးနွေး ညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာစေချင်တယ်လို့ တပ်မတော်ဘက်က ဆိုလိုချင်ပုံရှိပါတယ်။ သို့သော်လည်းပဲ  ပင်လုံညီလာခံဖွဲ့ပွဲမှာ UWSAအဖွဲ့အား ကဒ်ထုတ်ပေးတာ ချွတ်ယွင်းချက်မဖြစ်သင့်သလို၊  ကဒ်ကိစ္စလှဲပေးတာကိုလည်းUWSAက သဘောထားကြီးကြီး လက်ခံပေးရမှာဖြစ်ပြီး ညီလာခံမှ ထွက်ခွါသွားတာဟာလည်း ငြိမ်းချမ်းရေးစိန်ခေါ်ချက် ဖြစ်သွားတာမို့ အရင်
က ခွဲမထွက်ပါဖူး ဆိုတဲ့ ထုတ်ပြန်ချက်တွေကိုလည်း သံသယဖြစ်သွားစေပါတယ်။

ဥရောပသံအမတ်ကြီး နဲ့ The voice အင်တာဗျုးမှာ ကောက်နှူတ်တင်ပြလိုတာက “အရေးကြီးတာတခုက ယုံကြည်မှု တည်ဆောက်တာပေါ့။ အဖွဲ့နှစ်ဖွဲ့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့လည်း လို
ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း သူတို့မှာ တည်ဆောက်ချင်တဲ့စိတ် ရှိဖို့လည်း လိုပါတယ်။ ဒါတွေမရှိဘူးဆို ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ တကယ့်ကို ငြိမ်းချမ်းချင်တယ်။ NCA နဲ့ ပတ်သက်ပြီး လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာ သူတို့ဆုံးဖြတ်ရမယ့် ကိစ္စပေါ့။ ကိုယ်ပိုင်ဆုံးဖြတ်ရမှာ။ ကျွန်တော်တို့ကတော့ သူတို့ကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မျက်နှာစုံညီ ဆွေးနွေး စကားပြောစေချင်တာပါ။စကားပြောမှ ဘာမကျေနပ်တယ်ဆိုတာ သိရမယ်။ မကျေနပ်ဘူး ဆိုတာနဲ့ မပြီးစေချင်ဘူး။” ပြောသွားပါတယ်။

UNFC အနေနဲ့ အစိုးရအပေါ် ဆက်ဆံရေး ကောင်းမွန်မှု ထိုက်သင့်သလိုရှိနေပေမဲ့ တပ်မတော်နဲ့
 ဆက်ဆံရေးအပိုင်းကျတော့ အားနာစွာနဲ့၅၀%သာသာဘဲ ရှိတယ်လို့သတ်မှတ်ရမှာဖြစ်တယ်။ ဒါကြောင့် ချင်းမိုင်မှာ စုဝေးတိုင်ပင်ကြေညာချက်ထုတ်၊ မီဒီယာတွေနဲ့ထုတ်ပြန်တာထက်စာရင် များများတွေ့ဆုံမှ ရင်းနှီးမှုမှသည် နားလည်မှု၊ ထိုမှတဖန် ယုံကြည်မှု ဆတက်တံပိုးတိုးလာမှာဖြစ်တာကြောင့် တပ်မတော်နဲ့မကြိုက် တာကို ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပွင့်လင်းစွာပြောခြင်းဖြင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှူ များများလုပ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)