စာအုပ်မိတ်ဆက် - " ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာဆောင်းပါးများ"



စာအုပ်မိတ်ဆက် - " ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာဆောင်းပါးများ"
(မိုးမခ စာအုပ်စင်) စက်တင်ဘာ ၁၆၊ ၂၀၁၆

မောင်မောင်စိုး ရေးသားသော " ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပြသနာ ဆောင်းပါးများ" အား မောင်ခိုင်အောင် (စစ်တွေ) ၏ အမှာစာနှင့်အတူ ရန်အောင်စာပေ ၂ မှ ၂၀၁၆ စက်တင်ဘာလ ၁၂ ရက်မှစ၍ ဖြန့်ချိပါမည်။

၎င်းစာအုပ်တွင်ပါရှိသော ဆောင်းပါးများမှာ ၂၀၁၅/၂၀၁၆ အတွင်း ပြုလုပ်ခဲ့ကြသည့် နိုင်ငံရေးဆွေးနွေးပွဲများ စစ်ရေးတိုက်ပွဲများအား သုံးသပ်ဖေါ်ပြထားသည့် ဆောင်းပါးများဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်လျက် စုစည်းထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။

စာအုပ်ပါဆောင်းပါးအားလုံးသည် မိုးမခ မီဒီယာတွင် ဖေါ်ပြပြီးဖြစ်သကဲ့သို့ အချို့ဆောင်းပါးများမှာ ဖက်ဒရယ်ဂျာနယ်နှင့် True News ဂျာနယ်တွင်လည်း ဖေါ်ပြခဲ့ပါသည်။ ဆောင်းပါးအားလုံး ၁၈ ပုဒ်ပါဝင်ပြီး တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခအခြေအနေများအား တဆက်စပ်တည်း ဖတ်ရှု နိုင်ပါသည်။

စာအုပ်အမည်။ ။ ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များပြသနာ ဆောင်းပါးများ
ထုတ်ဝေသူ။ ။ ရန်အောင်စာပေ ၂။   ph 095195629
တန်ဖိုး ။ ။ ၂၀၀၀/ ကျပ်
ဖြန့်ချိမည့်ရက်။ ။ စက်တင်ဘာ ၁၂၊ ၂၀၁၆