မောင်မောင်စိုး - စာအုပ်မိတ်ဆက်၊ "တိုင်းရင်းသားလက်နက်ကိုင်များအကြောင်းတစေ့တစောင်း"



မောင်မောင်စိုး - စာအုပ်မိတ်ဆက်၊ "တိုင်းရင်းသားလက်နက်ကိုင်များအကြောင်းတစေ့တစောင်း"
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆


စာအုပ်အမည်။  ။ "တိုင်းရင်းသားလက်နက်ကိုင်များအကြောင်းတစေ့တစောင်း"
စာရေးသူ။ ။ မောင်မောင်စိုး
ထုတ်ဝေသူနှင့် ရန်ကုန်ဖြန့်ချိရေး။ ။ ရန်အောင်စာပေ ၂ ။ ph 095195629
မန္တလေးဖြန့်ချိရေး။ ။ နဂါးစာပေ ။ ph 0261722
တောင်ပိုင်း။ ။ မော်လမြိုင် ကျော်ကျော်စာပေ။ ph 09425322625

မိမိ၏တတိယမြောက်စာအုပ်အဖြစ် ယနေ့မှစ၍ဖြန့်ချိပါသည်။ တိုင်းရင်းသား လက်နက်ကိုင်၊ လက်နက်ကိုင်များအနက်
၁။ KIO/KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၂။ UWSP/UWSA ဝ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၃။ USC/NDAA မိုင်းလားဒေသ အခါ/ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
၎။ MNDAA ကိုးကန့်တိုင်းရင်းသားလက်နက်ကိုက်တပ်ဖွဲ့
၅။ ULA/AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၆။ PSLF/TNLA တအန်းပလောင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

စသည့် အဖွဲ့ ၆ ဖွဲ့အကြောင်းကို ထိတွေ့ခဲ့ရသည့် မြေပြင်အချက်အလက်များပေါ်မှ
ရေးသားဖေါ်ပြထားပါသည်။ ၂၁ ရာစုပင်လုံ နှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင် ရည်ရွယ်ပါသည်။

မိမိ၏ တတိယမြောက်စာအုပ်ဖြစ်ပြီး မိုးမခမီဒီယာတွင် ယခုနှစ်ဆန်းက ဖေါ်ပြခဲ့ပြီးသော အကြောင်းအရာများကို စုစည်းထုတ်ဝေခြင်းဖြစ်ပါသည်။