ဗဟိုချုပ်ကိုင်မှုနဲ့ ဒီမိုဖက်ဒရယ် ပြည်ထောင်စု ဟောပြောပွဲ ကျင်းပ



ဗဟိုချုပ်ကိုင်မှုနဲ့ ဒီမိုဖက်ဒရယ် ပြည်ထောင်စု ဟောပြောပွဲ ကျင်းပ
(ဌေးအောင်၊ မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၆

ယနေ့ (၂၄-၉-၂၀၁၆) နေ့လည် (၂း၀၀ နာရီ မှ ညနေ ၄း၀၀) နာရီအထိ “ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပြီးလား” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲအား  တော်ဝင်နှင်းဆီ၊ သီရိခန်းမတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ဦးဆောင်ကာ ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။

ဆွေးနွေးပွဲတွင် ဒေါက်တာဦးကျော်ဝင်း၊ ဒေါက်တာရန်မျိုးသိန်းနှင့် ခွန်မြင့်ထွန်းတို့ မှဦးဆောင်ဆွေးနွေးဟောပြောခဲ့ပြီး ကိုခိုင်ကျော်မိုးမှ Facilitator အဖြစ် စီစဉ်ဆောင်ရွက်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူ ၃၀၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။






ဓာတ်ပုံ-ဌေးအောင်