NLD အလံ လက်ရာရှင် ပန်းချီ မောင်မောင်သိုက် အမှတ်တရ ပန်းချီပြပွဲ ပြုလုပ်မည်


NLD အလံ လက်ရာရှင် ပန်းချီ မောင်မောင်သိုက် အမှတ်တရ ပန်းချီပြပွဲ ပြုလုပ်မည်
၂၅ စက်တင်ဘာ၊ ၂၀၁၆ (တနင်္ဂနွေနေ့)
အေဝမ်းရုပ်ရှင်ခြံ ၈ မိုင် ခွဲ၊ မရမ်းကုန်းမြို့နယ် ရန်ကုန် မြို့

အောင်မြင်ကျော်ကြခဲ့သည့် စာနယ်ဇင်းသရုပ်ဖော်ပန်းချီဆရာ ပန်းချီ မောင်မောင်သိုက် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အမှတ် တရ ပန်းချီပြပွဲ ကို သားဖြစ်သူ ပန်းချီဇေဖြိုးနှင့် ငယ်သူငယ်ချင်းဖြစ်သူ ပန်းချီ ကိုသိန်း (ခ) ဟာသ သရုပ်ဆောင် မောင်စပ်စု (ခ) အေးဝမ်ဦးးသိန်းထွဋ်တို့က ရှစ်မိုင်ခွဲ အေဝမ်းရုပ်ရှင်ခြံမှာ လာမည့် တနင်္ဂနွေ စက်တင်ဘာ ၂၅ တွင် စီစဉ်ပြုလုပ်မည် ဖြစ်သည်။

အစီအစဉ်တွင် အမှတ်တရ စကားပြောကြားခြင်း၊ ပန်းချီ မောင်မောင်သိုက်ရဲ့ ပန်းချီကားများ၊ မျက်နှာဖုံး ပန်းချီများနှင့် ဒီဇိုင်း လက်ရာများကို ပြသခြင်း၊ လက်တွေ့ မော်ဒယ်လ် ပန်းချီ ရေးဆွဲခြင်း အစီအစဉ်များ ပါဝင်မည် ဖြစ်ပြီး မော်ဒယ်လ် ပန်းချီ ရေးဆွဲလိုသည့် ပန်းချီ အနုပညာရှင် ဆရာများ၊ ဝါသာနာရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။

ပန်းချီ မောင်မောင်သိုက် ၏ အနုပညာ ညီငယ် တဦး ဖြစ်သူ ပန်းချီ မျိုးမြင့်ကလည်း သူ၏ မြင်ဆရာ၊ ကြားဆရာ နှင့် ပန်းချီ လောကထဲ ရာက်လာခါစ လက်တွဲခေါ်ယူမှုနှင့် လမ်းညွှန်သင်ကြားမှု တွေ ပြုလုပ်ခဲ့သူ ပန်းချီ မောင်မောင်သိုက် အကြောင်း အမှတ်တရ စကား ပြောကြားမည်ဟု သိရှိရသည်။



ပန်းချီ မောင်မောင်သိုက် သည် ၂၀၁၁ ခုနှစ် သြဂုတ်လ (၅) ရက် နေ့ အသက် (၆၆) နှစ် အရွယ် တွင် ကွယ်လွန်ခဲ့သည်။

ပန်းချီ မောင်မောင်သိုက်ကို လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောက်စဉ် အဖိအနှိပ် ကန့်သတ် မှုကြားထဲတွင် ပါတီ အလံ ဒီဇိုင်းရေးဆွဲခဲ့သူအဖြစ်လည်း အမှတ်ထင်ထင် ရှိကြသည်။

မိုးမခ

@ Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka