မြန်မာပြန် TS ● လွယ်လွယ်လေး


မြန်မာပြန် TS ● လွယ်လွယ်လေး
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၆

ဘ၀ကနေအပြီးတိုင်ထွက်ဖို့ရာ လွယ်လွယ်လေး၊
အတွေးနဲ့ နာကျင်မှုတွေမပါဘဲ အဆုံးသပ် မီးလောင်ပြာကျ၊
ဒါပေမဲ့ ရုရှကဗျာဆရာတွေအတွက် ဘယ်သောအခါမျှ
ဒီလိုမျိုးကောင်းချီးခံ သေတရားကို ရခွင့်မကြုံရ။
အဖြစ်နိုင်ဆုံးက ဦးဆောင်မှုဟာ ကောင်းကင်ဘုံကို ဖွင့်ပေးဖို့
တောင်ပံတပ်ဝိညာဉ်ရဲ့မစောင့်စတမ်းပျံသန်းမှုအတွက်၊
ဒါမှမဟုတ် သရဲမရဲစီးတဲ့ အော့နှလုံးနာမှု၊ အမွှေးထူထူ လက်ဖ၀ါးခြေဖ၀ါးတွေ၊
ရေမြှုပ်ကိုညှစ်လိုက်သလိုမျိုး၊ ဘ၀ကို နှလုံးသားကထွက်သွားအောင် ဖိပစ်လိုက်။

မူရင်းကဗျာ How It Is Simple / Anna Akhmatova
အင်္ဂလိပ်မူ Yevgeny Bonver

မြန်မာပြန် TS