ဌေးအောင် ● “တိုက်ပွဲအကြားမှပြည်သူ့ အသံ” သတင်းစာရှင်းလင်းပွဲ

 
ဌေးအောင် ● “တိုက်ပွဲအကြားမှပြည်သူ့ အသံ” သတင်းစာရှင်းလင်းပွဲ
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၆

“တိုက်ပွဲအကြားမှပြည်သူ့အသံ” ဟူသော ကချင်နှင့်ရှမ်းမြောက်ဒေသအတွင်းတွင် အစိုးရတပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက နေမှုများရပ်တန့်ရေး၊ စစ်ဘေးဒုက္ခသည်များအား လူသားခြင်းစာနာမှုဆိုင်ရာအကူအညီများ ပိတ်ပင်တားဆီးမှု့ အခြေအနေ များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား ယနေ့ (၆.၁၀.၂၀၁၆) နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင် ဘုရားလမ်းရှိ Orchid Hotel တွင် Kachin National Youth Network (KNYN)မှ ဦးဆောင်ကျင်းပရာ တိုင်းရင်းသားလူငယ် များနှင့် သတင်းမီဒီယာများမှ စိတ်ပါဝင်စားသူ လူငယ် ၁၅၀ ကျော်တက်ရောက်ခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားလူငယ်များသည် စစ်ပွဲ များကြောင့် ပြည်သူလူထုခံစားနေရသော ဒုက္ခပေါင်းစုံအား ရင်ဖွင့်ပြောကြားကြပြီး စစ်ပွဲများနှင့် တိုင်းရင်းသားများအကြား ရန်တိုက်သွေးခွဲနေမှုများအား ချက်ခြင်းရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြပါသည်။

အောက်တိုဘာလ (၈) ရက်နေ့ တွင် ထိုးစစ်များရပ်ဆိုင်းပေးရန် တိုင်းရင်းသားလူငယ်များစုပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ တွင် ဆန္ဒပြရန်အစီအစဉ်ရှိကြောင်း သိရသည်။