ကျော်ဟုန်း - ပြိုင်ပွဲများရဲ့ စည်း


ကျော်ဟုန်း - ပြိုင်ပွဲများရဲ့ စည်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၆


ဘဝဆိုတာ
သတ္တလောကရဲ့ ပြိုင်ပွဲပဲ။

သတ္တယဉ်ကျေးမှုအရ
သက်လုံကောင်းဖို့ နည်း
ဆရာလုပ် မပြဌာန်းလိုဘူး။

နေရာတကာမှာ
မျှတဖို့ လိုမယ်။

နေရာတကာမှာ
အမြဲ မလျှော့နိုင်ဘူး။

ကိုယ့်အလိုက်သိမှုဟာ
အကောက်ကြံသူရဲ့ လက်နက်ဖြစ်တတ်တော့
သည်းခံခြင်း သူတော်စင်ဝါဒဟာ
ပါရမီနုသူအတွက် အသုံးမဝင်နိုင်ဘူး။

အကောင်းဆုံးတွေလိုချင်ရင်
အကောင်းဆုံးတွေနဲ့ 
အဆွေခင်ပွန်းဖြစ်ပါစေ။

စကြဝဠာကြီးတောင်
ဂြိုဟ်တွေ စည်းဖေါက်ခွင့် မရှိ။ ။

ကျော်ဟုန်း
၂၀၁၆၁၁၁၄။