စိုးခိုင်ညိန်း ● နောက်ဆုံး စာတစောင်


စိုးခိုင်ညိန်း ● နောက်ဆုံး စာတစောင်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆

သူရေးတဲ့ စာကို ဖတ်နေတုန်းမှာ
မျက်ရည်က ပါးပေါ်ကို စီးကျနေတယ်
သူ့အဖေက ထမင်းစားပွဲမှာထိုင်လို့
ထမင်းလုတ်က အဖေ့လည်ချောင်းထဲ ထစ်နေတယ်
စာက သဲနဲ့ရောထွေးနေတဲ့ သွေးတွေနဲ့ စွန်းထင်းနေတယ်
ဒါဟာ အဝေးတိုင်းပြည် တပြည်က
သူတို့သားရေးလိုက်တဲ့ စာတစောင်ပါ
စာကပြောတယ် အမေ သားနာကျင်မှုကို မခံစားနိုင်တော့ဘူး
ဗုံးဆံက လူတယောက်ရဲ့ ငယ်ရွယ်နုပျိုမှုကို ဆုတ်ဖြဲပစ်တယ်
သား နာကျင် ဆိုးရွာစွာ ခံစားရပါတယ်
ဒဏ်ရာက သားကို ဟစ်အော် ငိုကြွေးစေတယ်
အမေ့ကို မြင်ရမှာ မဟုတ်တော့ဘူးလို့ သားသိပါတယ်
သား သေတော့မယ်လို့လည်း သိပါတယ်
ဒါကြောင့် ပြောချင်ပါတယ်
ဘုရားသခင်က အိမ်ပြန်ခဲ့ဖို့ မခေါ်ခင်လေးမှာပေါ့
သားအတွက် ဘာမှမစိုးရိမ်ပါနဲ့
မဟုတ်ဘူး၊ သားတယောက်တည်း မဟုတ်ပါဘူး
သား သိပါတယ် အမေနဲ့ အဖေတို့ နှစ်ယောက်
ထိုင်ပြီး ငိုကြွေးနေမဲ့ နေ့တွေ ရှိနေမယ်ဆိုတာ
သားသိပါတယ် နေ့တွေရှိနေဦးမယ်ဆိုတာ
ဒါဟာ အမေသိချင်တဲ့အကြောင်းပြချက်
အဲဒီအကြောင်းအရာက အမေကိုယ်တိုင်ဖြစ်တယ်ဆိုတာ
ဒါဟာ သားတို့တိုင်းပြည်မှာ လွတ်လပ်မှန်ကန် တရားမျှတစွာနေနိုင်ဖို့
သား လက်မှတ်ထိုးဖို့ လုပ်လိုက်တာပဲ
သား အခုသွားရတော့မယ်
အရာအားလုံးဟာ ပျောက်ကွယ်ဖို့ အစပြုနေပြီ
မဟုတ်ဘူး၊ သားတစ်ယောက်တည်း မဟုတ်ဘူး၊ အမေ သားမကြောက်ဘူး
ဒါပေမဲ့ ဘုရားသခင်က ပြန်ခဲ့ဖို့ မခေါ်ခင်မှာ တစုံတရာတော့ရှိမယ်
သား ရဲရဲပြောရဲပါတယ်
နေ့တိုင်း အမေနဲ့ အရာရာအားလုံးကို သားစဉ်းစားပါတယ်
ဆရာဝန်က သားကိုရှင်သန်ဖို့ ကြိုးစားနေပြီး ဒဏ်ရာကို သက်သာအောင်လုပ်နေတယ်
ဒါပေမဲ့ သား အခုသွားရတော့မယ်
အချိန်တန်ပြီလို့ ဘုရားသခင်ကဆိုလိုက်ပြီ
သား အမေ့ကိုချစ်တယ်၊ လွမ်းလည်း လွမ်းတယ်
ဒါဟာ နောက်ဆုံးစာပါ
သားရေးလိုက်တဲ့ နောက်ဆုံး စာတစောင်ပါ။ ။

James Clark Jr ၏ The Last Letter ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
  
စိုးခိုင်ညိန်း (25, 9, 15)