ခိုင်မျိုး ● လက်ဆွဲနှုတ်ဆက်ခြင်း


ခိုင်မျိုး ● လက်ဆွဲနှုတ်ဆက်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆

လက်ဆွဲနှုတ်ဆက်ဖို့အရေး
အလျော့အတင်း ဘယ်လောက်
နည်းဗျူဟာ ဘယ်လောက်
အစွဲပြင်းပြင်း မာန်တင်းခြင်း ဘယ်လောက်
အသက် ဘယ်လောက်
စစ်ပွဲဘယ်လောက်
ကျည်ဘယ်လောက်
ဒုက္ခိတ ဘယ်လောက်၊ ဆုံးရှုံးမှုဘယ်လောက်
ဖြတ်သန်းခဲ့သလဲ။

လက်ဆွဲနှုတ်ဆက်ဖို့အရင်းအနှီးက
ကြောက်မက်ဖွယ်ရာကြီးတယ်

မီးကိုပျိုးခဲ့ပြီးပြီ
ဆရာကြိုက်ဖို့
မျက်ဖြူလည်း ဆိုက်ခဲ့ပြီးပြီ
အခုအထိအချို့….
လက်ဆွဲနှုတ်ဆက်ဖို့အရေး
လက်ကိုသွေးလို့။ ။

ခိုင်မျိုး