မောင်မောင်စိုး - နလံမထူသည့် နိုင်ငံတော်

(အထင်မလွဲပါနဲ့၊ စောငို ၂၀၁၅ တုန်းက ကာတွန်းအဟောင်းပါ)


မောင်မောင်စိုး - နလံမထူသည့် နိုင်ငံတော်
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၇


အင်္ဂလိပ်ဘာသာစကားဖြင့် Failed State ဟုခေါ်ဝေါ်သုံးစွဲခြင်းအား မြန်မာဘာသာဖြင့် ကျ ရှုံးနိုင်ငံတော်ဟူ၍ သုံးစွဲသည်လည်းရှိပါသည်။ မိမိကတော့ နလံမထူသည့်နိုင်ငံတော်ဟု သုံးစွဲရသည်ကို ပိုမိုနှစ်သက်
ပါသည်။

ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ခြင်း

၂၀၀၅ ခုနှစ်က " ငြိမ်းချမ်းရေးကိုခြိမ်းခြောက်ခြင်း " ဆိုသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာတစောင်ပေါ်ထွက်ခဲ့သည်။ ပူးတွဲ ရေးသားပြု စုသူနှစ်ဦးမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ၂ ဦးဖြစ်သည့် ဘုန်း
တော်ကြီး ဒက်စမွန်တူးတူး နှင့် သမတဟောင်း ဗားကလက်ဟာဗယ်တို့ဖြစ် ကြပါသည်။

ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏အခြေအနေကို သုံးသပ်ဖေါ်ပြရာတွင် အောက်ပါအချက် ၆ ချက်နှင့် ငြိစွန်းနေသည်ဟုဆိုပါသည်။

၁။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ မရှိခြင်း။
၂။ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွါးနေခြင်း။
၃။ လူ့အခွင့်အရေးပြသနာ။
၎။ ဒုက္ခသည်ပြသနာ။
၅။ မူးယစ်ဆေးဝါးပြသနာ။
၆။ HIV/AIDS ပြသနာ စသည့်အချက်များနှင့် ငြိစွန်းနေသည်ဟုဆိုပါသည်။

ထိုစဉ်က ပြည်တွင်းပြသနာ ဆိုးဝါးစွာတက်နေသည့် အာဖဂန် နစ်စတန်နှင့် ဆီရာလီယွန် နိုင်ငံတို့ပင်လျင် အချက် ၄ ချက်စီသာ ငြိစွန်းသည်ဟု ဆိုသည်။ အာဖဂန် နစ်စတန်တွင် ရွေးကောက်ထားသော အစိုးရရှိပြီး HIV/ AIDS ပြသနာကြီးကြီးမားမား မရှိသဖြင့် ကျန်အချက် ၄ ချက်သာ ငြိစွန်းပေသည်။ အလားတူပင် ဆီရာလီယွန်သည်လည်း မူးယစ်ဆေးဝါးပြသနာ HIV/AIDS ရောဂါပြသနာ မရှိသဖြင့် ကျန်အချက် ၄ ချက်သာငြိစွန်းသည်ဟု ဆိုပါသည်။

အစီရင်ခံစာက ဆိုလိုသည်မှာ ဤကဲ့သို့သော အကြောင်းအချက် ၆ ချက်နှင့် ငြိစွန်းနေသော မြန်မာပြည်အဖို့ ငြိမ်းချမ်းရေးသည် ခြိမ်းခြောက်ခံနေရသည်ဟု ထောက်ပြလိုခြင်းခြင်းဖြစ်သည်။ ဤနေရာတွင် သူတို့ထောက်ပြသည့် တိုင်းပြည်ငြိမ်းချမ်းရေးဆိုသည်မှာ စစ်ပွဲတခုတည်းကိုသာ ဆိုလိုသည်၊ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် လူအဖွဲ့အစည်းတခုလုံး၏ တည်ငြိမ် ငြိမ်းချမ်းမှု ကို ခြိမ်းခြောက်နေသည့် အချက်အလက်အားလုံးကို ဆိုလိုခြင်းဖြစ်သည်။

၁၁ နှစ်ကြာသော်
ယခုအခါ ထိုအစီရင်ခံထွက်ရှိပြီး ၁၁ နှစ်ကြာခဲ့ပြီဖြစ်သည်။ ၁၁ နှစ်တာ ကာလအတွင်း အစီရင်ခံစာပါ အချက်များ မည်မျှပြောင်းလဲခဲ့ပြီဆိုသည်ကို ပြန်လည်ဆန်းစစ်ကြည့်ကြစေလိုပါသည်။

ပထမအချက်ဖြစ်သော ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင် မြှောက်ခံထားရသည့် အစိုးရမရှိဆိုသည့်အချက်ကတော့ အပြောင်းအလဲ ရှိသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ် ပြီး တရားမျှတသည်ဟု နိုင်ငံတကာက အသိမှတ်ပြု ခံခဲ့ရပြီး ရွေးကောက်ခံ အစိုးရတရပ် မြန်မာပြည်တွင် ပေါ်ထွန်းခဲ့ပြီဟုဆိုနိုင်ပါသည်။ သို့သော် ထို ရွေးကောက်ခံအစိုးရနှင့်လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော တပ်မ တော်သားကိုယ်စားလည်များသည် ၂၀၀၈ အခြေခံဥပဒေအရ ပါဝင်နေဆဲ ဖြစ်ရာ တစိတ်တပိုင်းရွေးကောက်ခံအစိုးရ Semi Elected Government တရပ်ဟုဆိုရပါမည်။ မည်သို့ဆိုစေ စစ်တပ်မှအာဏာသိမ်း၍ အုပ်ချုပ်ထား သည့်ပုံစံမှ ရွေးကောက်ခံအစိုးရပုံစံသို့ အရွေ့တခု စခဲ့ပြီဟုဆိုရပါနည်။

ဒုတိယအချက်အနေနှင့် လက်နက်ကိုင်ပဋိပက္ခပြသနာကား ဖြေ ရှင်း၍ မရနိုင်သေးဟုဆိုရပါမည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်က စ၍လက်နက်ကိုင် ပဋိပက္ခပြသနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် စတင်ခဲ့သည်။ သို့ရာတွင် လက်နက်ကိုင်အဖွဲ့အချို့နှင့် နားလည်မှု ရယူနိုင်သော်ခဲ့သော်လည်း အများစုနှင့် ယုံကြည်မှု မတည်ဆောက်နိုင်သေးဘဲ ၂၀၁၅ နှင့် ၂၀၁၆ အတွင်း၌ ပိုမိုပြင်းထန်သော တိုက်ပွဲများဖြစ်ပွါးနေသေးပေရာ ဒုတိယ အချက်ကား ကောင်းစွာ ငြိစွန်းနေဆဲဟု ဆိုရပါမည်။

တတိယအချက်ဖြစ်သော လူအခွင့်အရေးပြသနာနှင့် ပတ်သက်၍  တိုးတက်လာပြီဟုဆိုနိုင်သော်လည်း အပြည့်အဝရရှိရန် လိုအပ်နေသေးသည် ဟု ယူဆနေကြဆဲဖြစ်သည်။ ယခင်ကထက်စာလျင် လွတ်လပ်မှု တစုံတရာရှိ လာသည်ကတော့ အမှန်ပင်ဖြစ်သည်။

စတုတ္ထအချက် ဖြစ်သည့် ဒုက္ခသည်ပြသနာ ရွှေ့ပြောင်းအလုပ်သမားများပြသနာသည် တည်ရှိနေဆဲဖြစ်သည်။ မဖြေရှင်းသေးပေ။ ထို့ပြင် စစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက် ပို၍ပင်တိုးလာသည်ကို့ တွေ့ နေရပေသည်။

ပဉ္စမအချက်ဖြစ်သည့် မူးယစ်ဆေးဝါးပြသနာသည် ကြီးကြီးမာမား ရှိနေဆဲဖြစ်သည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု သည် ကြီးကြီး မားမား ခြမ်းခြောက်ခံနေရဆဲပြသနာဖြစ်သည်။ ရန်ကုန်မြို့ ပေါ်သာမက
မြန်မာပြည်အောက်ပိုင်းဒေသများတွင်ပါ အလွန်တရာ ပဏာမကြီးမားသည့် မူးယစ်ဆေးဝါးများကို ဖမ်းမိနေသည်။ ထို့ပြင် မူးယစ်ဆေးဝါးများ၏ ဇစ်မြစ် တရားခံများကို ဖေါ်ထုတ်ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးသည့်အပြင် အချို့ အမှု များမှာ ပိုင်ရှင်မဲ့ဟုဆိုသည့် ခေါင်းစဉ်အောက်တွင် ရှိနေဆဲဖြစ်သည်။

ဆဌမအချက်ဖြစ်သည့် HIV/AIDS ပြသနာသည်လည်း လူ့အဖွဲ့ အစည်းတွင်း ရှိနေဆဲဖြစ်သည်။ ယင်းပြသနာကို ဂရုပြုေားင့်ထိမ်းနိုင်သူ အချို့ ကာကွယ်ကုသရန် စည်းရုံးလှုံ့ဆော်သူအချို့ ရှိလာသော်လည်း ပြသနာ
ကားရှိနေဆဲဖြစ်သည်။ တိကျသောကိန်းဂဏန်းများ စာရင်းဇယားများ ပေါ် ထွက်ရန်ခက်ခဲနေသေးသည့်အချိန်တွင် တိကျစွာပြောဆိုရန် ခက်ခဲနေသေး သော်လည်း တိုင်းပြည်အတွက် ပြသနာတခုအဖြစ်တော့ ရှိနေဆဲဖြစ်သည်။

ထို့ပြင် ထိုအချက် ၆ ချက်အပြင် လတ်တလော လူထုရင်ဆိုင်နေရသည့် ပြသနာများမှာ ကုန်းဈေးနှုံးကြီးမြင့်ခြင်း ငွေကြေးဖေါင်းပွခြင်း ရာဇဝတ်မှု ထူပြောခြင်း သက်ငယ်မုဒိန်းမှု များပေါများလာခြင်းစသည့် ပြသနာများကို  ရင်ဆိုင်နေရသည်။ မြန်မာပြည်လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှုအား ခြိမ်းခြောက်မှု မျိုးစုံနှင့် ကြုံ တွေ့နေရသည်ဟု ဆိုရပါမည်။

အကောင်းနှင့်အဆိုး

အထက်ဖေါ်ပြပါအချက်များသည် လက်ရှိ မြန်မာပြည်လူ့အဖွဲ့အစည်း ရင်ဆိုင်နေရသော အဆိုးများဟုဆိုရပါမည်။ သို့သော်အဆိုးချ ည်းဘဲတော့ မဟုတ်ပါ။ အဆိုးထဲက အကောင်းများလည်းရှိပါသည်။ ၎င်းမှာ ပထမအချက် ဖြစ်သော လူထုကရွေးကောက်လိုက်သော အစိုးရတရပ်ရှိနေခြင်းဖြစ်သည်။ ထိုအစိုးရသည် မည်မျှပင် လုပ်ပိုင်ခွင့် အကန့်အသတ်ရှိသည်ဖြစ်စေ လက်ရှိ ပြသနာများကို ရင်ဆိုင်ကျော်လွှားရန် ဆန္ဒရှိခြင်းနှင့် လူအများစုထောက်ခံမှု ရရှိထားခြင်း တို့ရှိပေရာ မိမိတို့တိုင်းပြည်အတွက် မျှော်လင့်ချက်ရှိသေးသည်
ဟုဆိုရပါမည်။

ပွင့်လင်းစွာပြောရလျင် တည်ရှိသည့် ပြသနာများကို မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်းမရှိပါက တိုင်းပြည်သည် နလံမထူသည့်နိုင်ငံဖြစ်သွားနိုင်သည်ကို ညွှန်းဆိုနေသည်။ တဖက်ကလည်း ထိုပြသနာကို ရင်ဆိုင်ကျော်လွှားမည့် အစိုးရနှင့် လူထုအဖွဲ့အစည်းများ တိုင်းရင်းသားအဖွဲ့အစည်းများရှိနေသည်။ အန္တရာယ်နှင့် ကြိုးစားအားထုတ်မှု တို့ယှဉ်တွဲနေသည်။

ထိုအန္တရာယ်ကို ကျော်လွှားသည့် ကြိုးစားအားထုတ်မှု များတွင်လည်း မတူသည့်အမြင်အယူအဆ မတူသည့်ချ ဉ်းကပ်မှု များဖြင့် လုပ်ဆောင်ကြမှုများရှိကြသည်။ မတူညီမှု များကို အပြန်အလှန်ဆွေးနွေးငြင်းခုံကြသည့် ယဉ်ကျေးမှု တရပ်ထူထောင်ပြီး ကျော်လွှားကြရန်လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါက အမျိုးသားရင်ကြားစေ့ရေး ရည်မှန်းချက်ပေါက်မြောက် အောင်မြင်ပြီး နလံမထူသည့်နိုင်ငံအဖြစ်သို့ လျောကျသည့်အန္တရယ်ကို ကျော်လွှားနိုင်ရန် ခက်ခဲပေလိမ့်မည်ဟု သုံးသပ်ရပါသည်။

ပြီးပါပြီ

မောင်မောင်စိုး ( Mg Mg Soe )