ဇော်အောင် (မုံရွာ) ● တယ်လီနော (ပြည်ပခရိုနီ) နှင့် နံရံခေါင်းတိုက် ပြိုင်ဆိုင်ခြင်းခရီးစဉ်


ဇော်အောင် (မုံရွာ) ● တယ်လီနော (ပြည်ပခရိုနီ) နှင့် နံရံခေါင်းတိုက် ပြိုင်ဆိုင်ခြင်းခရီးစဉ်
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၇

ပြည်ပကုမ္မဏီများက အခုလိုပြည်သူလူထုကို အနိုင်ကျင့် စီးပွားအမြတ်ထုတ်နေတာ ပြည်ထောင်စုဥပဒေကြောင့်မဟုတ်ပါ။ ပထမ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ဆောင်လေးမဖြစ်စလောက်နဲ့ တယ်လီနောရဲ့အမိန့်ကိုကြောက်ပြီး လက်မှတ်ထိုး ထောက်ခံ၊ နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်၊ မြို့နယ်အစိုးရဦးစီးဌာနတွေကလည်း ခပ်မြန်မြန်ထောက်ခံပေး လိုက်တော့ ဘေးအိမ်တွေတောင်မသိလိုက်ပဲ တာဝါတိုင်ပေါ်လာပါတယ်။

ဒီလိုနဲ့ ကြေးနီတောင်စီမံကိန်း၊ ရွှေဂတ်စ်စီမံကိန်းတွေပေါ်လာပြီး၊ ပြည်တွင်းသူဌေးကြီးများက လယ်သမားတွေကို လယ်မြေ သိမ်း အနိုင်ကျင့်တယ်။ အခုဆို အစိုးရဌာနဆိုင်ရာများက စည်ပင်နဲ့ပေါင်းပြီး နိုင်ငံပိုင်မြေများကို မြို့ရွာမကျန် အလကား ဈေးနှုန်းနဲ့ ဝယ်ယူနေကြတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန်တက်သွားပြီး နောက်ဆက်တွဲအနေနဲ့ ကုန် ဈေးနှုန်းတွေပါ ကမ္ဘာ့အမြင့်ဆုံးစာရင်းထဲ ကမ္ဘာ့အဆင်းရဲဆုံး မြန်မာနိုင်ငံပါဝင်သွားတာ ဒီလို စီးပွားရေးဥပဒေလက်တလုံး ခြား အနိုင်ကျင့်ဗိုလ်ကျမှုကြောင့်ပါ။

ဝိသမ တရုတ်ကုမ္မဏီပေါင်းများစွာ အထပ်မြင့်တိုက်တွေဆောက်ပြီး အမြတ်ထုတ်သွားကြပါပြီ။ ရန်ကုန်မြို့လယ် မြေကွက် တွေကိုလည်း အစိုးရဌာန အကြီးကဲများကိုချဉ်းကပ်ပြီး ပါမစ်တွေယူသွားကြပါပြီ။

မကြာခင် နိုင်ငံခြားကုန်ထုတ်လုပ်ငန်းနဲ့ စက်မှုနည်းပညာကုမ္ပဏီများ မြန်မြန်ရောက်လာကြရင် ဒီလို တယ်လီနောလို အစိုး ရအပေါ်မှာလဲ လက်ဦးမှုရယူ အော်ရီဒူးထက် တနှစ်စောလုပ်ပိုင်ခွင့်ရထားတဲ့အစိုးရပေါ်လည်း ရိတ်စား၊ ပြည်သူလူထုနဲ့ တာဝါစိုက်ထူးပေးတဲ့ ကုမ္မဏီငယ်လေးများပေါ်လည်း ရိတ်စား၊ အနိုင်ကျင့်တာမျိုးတွေ သတိထားရပါမယ်။

မှတ်ချက်။ တယ်လီနောဟာ ဖုန်းခ၊ အင်တာနက်ခ လူထုထံကလည်း လှည့်ဖြားအယူဆုံး အော်ပရေတာဖြစ်လို့ .. ဘင်္ဂလား ဒေ့ခ်ျမှာ အမှုဖြစ်ပြီး၊ သူ့ကုမ္ပဏီကို ရောင်းစား ထွက်ပြေးလာ၊ မြန်မာပြည်ကို လာဗိုလ်ကျနေတဲ့ ကမ္ဘာ့အဆင့် လူလည် ကုမ္ပဏီဖြစ်ပါတယ်။ မြန်မာအစိုးရလည်း မတတ်နိုင်လို့ မီဒီယာမှာ တင်ပြရပါတယ်။

သတိရ ဆုတောင်းပေးဖို့ပါ..။ ... အမှန်တရားက နောက်ဆုံးမှာနိုင်လေ့ရှိပါတယ်။ လူကောင်း ၇၅ ရာခိုင်နှုန်းရှိတဲ့အစိုးရကို အစိုးရကောင်းလို့ ခေါ်ပါတယ်။ မြန်မာအစိုးရက လူကောင်း ၇၅ ရာခိုင်နှုန်းရှိအောင် ကြိုးစားနေပေမဲ့ ခက်ခဲတာတွေ ဥပမာ YBS ဘတ်စကားစနစ်နဲ့ မသထကို ဖယ်ရှားခြင်းလုပ်သလိုပါပဲ။ ပုသိမ်မြို့က အနိုင်ကျင့်ထူစိုက်ထားတဲ့ တာဝါတိုင်လည်း ဖယ်ရှားနိုင်မှ မြန်မာလူထု ၂ ဆ ဈေးကြီးပေးနေရတဲ့ မိုဘိုင်းဖုန်းအသုံးစရိတ်တွေ အမြန်ဆုံးကျဆင်းလာမယ် ဖြစ်ပါတယ်။

*****************

သို့
ဝန်ကြီးချုပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ ပုသိမ်မြို့။ နေ့စွဲ။ ၁၉-၁-၂၀၁၇
အကြောင်းအရာ။ ပူးတွဲပါ၊ (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ စာအမှတ် ၅ / ၆၅-၁ / ဦး ၆ ရက်စွဲ -၂၀၁၆ အောက်တိုဘာ


ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ နိုဝင်ဘာ ၂၀၁၇ နောက်ဆုံးထား တယ်လီနောတာဝါတိုင် ဖယ်ရှားပြေးရန် ဆုံးဖြတ်ချက် အမိန့်မနာခံ မရွှေ့မပြောင်းပဲနေသော IRRAWADDY GREEN TOWER LTD ကိစ္စအား၊ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဆက်သွယ်ရေးမန်နေဂျာသို့ တင်ပြသောအခါ သူတို့အစွမ်းကုန်လုပ်ဆောင်ပြီးကြောင်း ရှင်းပြပါသည်။

အထက်ပါ ငွေအာဏာဖြင့် ဥပဒေလက်တလုံးခြား မိမိလက်မှတ်ရယူပြီး တယ်လီနောတာဝါတိုင်ကို မိမိအိမ်ဘေးတွင် ပြည် ထောင်စုအဆင့် စီးပွားရေးလုပ်ပိုင်ခွင့်ကို အလွဲသုံးအနိုင်ကျင့်စိုက်ထူထားသောကြောင့် ယမန်နှစ် ၁၆ ဇွန် ၂၀၁၆ ကတည်းက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဆင့်ဆင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် နေပြည်တော် ဆ.ည.န ညွန်ချုပ်အထိတိုင်ကြားခဲ့သည်။ ယာယီတာဝါတိုင်ပါမစ်ဖြင့်လည်ပတ်နေသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

ပြောင်းလဲသွားသော အစိုးရသစ်မှာ ကော်မတီဖွဲ့ပေးပြီး လက်မှတ်ထိုးထားသူ အိမ်နီးချင်းများနှင့်တွေ့ဆုံကာ ဖယ်ရှားပေးရန် ဆုံးဖြတ်ခဲ့သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက နေရာသစ်ရှာပေးပြီးဖြစ်သဖြင့် အမြဲတမ်းတာဝါ ဆောက်နေသည်ဟု ဆိုပါ သည်။

စီးပွားရေးကုမ္ပဏီကြီးတယ်လီနော၏ အနိုင်ကျင့်ဗိုလ်ကျမှုကို တနှစ်ခွဲ ခံခဲ့ရပြီး၊ ထိုတာဝါတိုင်ကြောင့် အိမ်ငှားမရခြင်း၊ အိမ် မြေ တန်ဘိုးကျဆင်းခြင်း မိမိတို့စီးပွားကျဆင်းခြင်း စသဖြင့် များစွာထိခိုက်ပါသည်။ ထို့အပြင် နေ့ည ဆူညံစွာ လျှပ်စစ်ဂျင်န ရေတာသံကြောင့် များစွာစိတ်အနှောက်ယှက်ဖြစ်ရသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ပြီး မိုးများဒေသ မိုးကြိုး၊ ပြိုကျလာမှာ စိုးရိမ်နစ် နာသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီ ဖြစ်ပါသည်။

မိမိတို့ အခြေခံလူတန်းစားများအတွက် နစ်နာမှုကို တယ်လီနော ကုမ္ပဏီကြီးမှ တောင်းပန်စကားလဲမပြော၊ မိမိတို့ကို တယ် လီနော၏ ညှိနှိုင်းရေးအဖွဲ့များ မကြာခဏလာရောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ကာ တာဝါတိုင်ကောင်းကြောင်း၊ နိုင်ငံတော်စီးပွားရေးဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုသဖြင့် မိမိတို့သည် တရားခံကဲ့သို့ ခံစားဒုက္ခခံနေရပါသည်။

ထို့ကြောင့် မိုးကုန်မှပြောင်းရွှေ့မည်ဟူသော ထိုကုမ္ပဏီ (တယ်လီနော) ၏ မရေရာသောအကြောင်းပြချက်ကို လက်မခံနိုင်ပါ သဖြင့် ၃ လကြာ အမိန့်မနာခံမှုဖြင့် (တယ်လီနောကုမ္ပဏီကို) ယာယီတာဝါတိုင်ပါမစ်ရုတ်သိမ်း အရေးယူနိုင်ရေး လျှောက် ထားအပ်ပါသည်။

၂၅ မင်းကြီးလမ်း၊ ပုသိမ်

၂၅ မင်းကြီးလမ်း၊ ပုသိမ် ၂ နှစ်နီးပါးကြာနေသော တာဝါတိုင်မဖယ်မှုကိစ္စ။

မိတ္တူပေးပို့ခြင်း
၁။ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ
၂။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ
၃။ တိုင်းမန်နေဂျာ၊ ဆက်သွယ်ရေးဦးစီးဌာန၊ ပုသိမ်မြို့
၎။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပုသိမ်မြို့နယ်
၅။ ညွှန်ကြားရေးမှူးချုပ်၊ ဆ.ည.န၊ နေပြည်တော်
၆။ ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ပုသိမ်မြို့နယ်ကိုယ်စားလှယ်များ