Myanmar Now ● ဒဂုံဆိပ်ကမ်း လေထန်ကုန်း

 Myanmar Now ● ဒဂုံဆိပ်ကမ်း လေထန်ကုန်း
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၇

ရန်ကုန်က ကာတွန်းဆရာ၊ စာရေးဆရာ အများအပြားနေထိုင်ရာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လလုံး ပြုလုပ် မယ့် ကာတွန်းပြပွဲတစ်ခု ရှိနေပါတယ်။

နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေကို ထင်ဟပ်တဲ့ ကာတွန်းအများအပြားကို ပြပွဲမှာ တွေ့ရမှာပါ။

အနီးဝန်းကျင်က ကလေး၊ လူငယ်၊ လူကြီး အများအပြားလည်း လာရောက်လေ့လာကြပါတယ်။

ပထမနေ့မှာ ရောက်လာသူတွေကို စာအုပ်လက်ဆောင် ပေးတာလည်း တွေ့ရပါတယ်။

ဒီပွဲပြုလုပ်ခြင်းဟာ ဒီဒေသ အခြေချ စာပေလောကသားတွေ ဆုံတွေ့နိုင်ကြတဲ့ အစီအစဉ်လည်း ဖြစ်နေတာကြောင့် ဖေဖော် ဝါရီတစ်လလုံးမှာ ဒီပြခန်းက ဒဂုံဆိပ်ကမ်း လေထန်ကုန်းဖြစ်နေမှာပါ။

ပြပွဲကို သွားရောက်လိုသူများ အဆင်ပြေဖို့အတွက် Eternal Art Gallery လို့ အမည်ပေးထားတဲ့ ပြခန်းလိပ်စာပါ ဖိတ်ကြား စာကိုလည်း ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။