လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (3)

လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (3)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇

အီးမေးကို သုံးပြီ
ပထမအဆင့်မှာ အီးမေးအကောင့်ထဲကို ၀င်၊ အီးမေးအသစ်ရေး၊ သူငယ်ချင်းဆီကို ပို့။ ဒါတွေက အခြေခံဖြစ်ပါတယ်။ နောက်တဆင့်မှာတော့ အီးမေးအသစ် ကိုယ့်ဆီ ၀င်လာတာကို REPLY လုပ်တာ၊ သူများဖတ်ဖို့အတွက် FORWARD လုပ်တာ၊ ပြီးတော့ အီးမေးကို ဖွင့်ဖတ်ပြီးနောက် PRINT လုပ်ပြီး သိမ်းတာတွေကို ဆရာက သင်ပေးရပါမယ်။




အီးမေးကို ဖွင့်ပြီးတာနဲ့ အလယ်မှာ အီးမေးတွေ လက်ခံထားတာကို တွေ့ရပါမယ်။ Bold လုပ်ထားတာတွေက မဖတ်ရသေးတဲ့ အီးမေးတွေပါ။ သာမာန် grey out မီးခိုးရောင်နောက်ခံတွေက ဖတ်ပြီးသားတွေပါ။ တချို့ အီးမေးတွေမှာ နံပါတ်တွေ နောက်က (2) ဆိုပြီး ပါနေတာက သူ့အီးမေးတွေမှာ စာပေး စာယူ လုပ်ထားတဲ့ ရာဇ၀င် (email history) တွေ ရှိနေတယ်၊ ပြန်ပြီး နောက်ကြောင်းလိုက်ကြည့်လို့ရတယ် ဆိုတာပါ။



အီးမေးကို ဖွင့်ဖတ်တဲ့အခါမှာ Time Stamp ဆိုတဲ့ စာပို့သူဆီက ပို့လိုက်တဲ့အချိန်၊ (ရောက်တဲ့အချိန်)ကို မြင်ရမယ်။ အီးမေး စာသားတွေကို မြင်ရပါမယ်။





အီးမေးပို့သူ လိပ်စာကို Pull Down ဆွဲချကြည့်ရင် အီးမေးရဲ့ Header လို့ ခေါ်တဲ့ ခေါင်းစည်း အချက်အလက်တွေကို တွေ့ရပါတယ်။





စာပြန်မယ်၊ စာကို သူများဆီ ပို့ပေးမယ်ဆိုရင် ညာဖက်ထောင့်က Down Arrow ကို Pull Down လုပ်ပြီး Option ရွေးစရာတွေကို ရွေးရပါမယ်။





ဒါ့အပြင် အီးမေးကို ဖတ်နေစဉ်မှာပဲ တခါတည်း အီးမေးကို Reply, Reply All or Forward လုပ်လို့ရတဲ့ အကွက်တခု ပေါ်နေတာကိုလည်း ရှင်းပြရပါမယ်။





Pull Down လုပ်ပြီး အီးမေးကို ဖော်ဝဒ် လုပ်တာကို ပြတာပါ။ အီးမေးတွေကို Reply လုပ်တာဖြစ်ဖြစ် Forward လုပ်တာ ဖြစ်ဖြစ် အီးမေး ဘော်ဒီထဲမှာ မိမိက ပြောလိုတဲ့ စာသားတွေကို ထည့်ရေးလို့ ရတဲ့အကြောင်း၊ အောက်ဘက်မှာ မူလစာပို့သူရဲ့ စာသားတွေလည်း တပါတည်း ပေါ်နေမှာ ဖြစ်တဲ့အကြောင်း၊ မိမိကိုယ်တိုင်က မူလစာရေးသူရဲ့ စာတွေကို ၀င်ပြင်ပြီး Reply or Forward လုပ်လို့ ရတဲ့အကြောင်းလည်း ရှင်းပြရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ အီးမေးမက်ဆိတ်တွေကို Print လုပ်တဲ့နည်းကို သရုပ်ပြရမှာ ဖြစ်ပါတယ်။




နောက်တခုကတော့ အီးမေးတွေကို ဖြစ်စေ အီးမေးတခုကို ဖြစ်စေ ရွေးပြီးတော့ Delete ဖျက်ပစ်တာကို သရုပ်ပြရပါမယ်။



(ဆက်လက်ဖော်ပြပါမည်)