လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (7)

လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (၇) 
(Cloud Computing Basics with Google App and Facebook) 
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
Organizing Address Book
Organizing Contacts in Group (Label)

အီးမေးဘောက်စ်ထဲမှာ အီးမေးတွေဟာ လူပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက ၀င်လာတယ်၊ ဒါတွေ စာပြန်တယ်၊ သူများတွေဆီ ပို့ပေးတယ်၊ သိမ်းဆည်းထားတယ်၊ ပြန်ရှာတယ်၊ အလုပ်ဆက်လုပ်တယ် ဆိုပြီး ရုံး၊ ကျောင်း၊ မိသားစုအတွင်းမှာ အီးမေးရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ အီးမေးကိုယ်တိုင်ကလည်း My Computer လို My Documents, My Desktop လိုပဲ ဘီဒိုတလုံးလို သေတ္တာတလုံးလို စနစ်တကျ စီစစ် သိမ်းဆည်းရတာတွေ လိုအပ်လာပါတယ်။

အခု လေ့ကျင့်ရမှာကတော့ အီးမေးလိပ်စာတွေကို ကွန်တက်ထဲမှာ သိမ်းဆည်းထား၊ စနစ်ပြုလုပ်ထားသလို အီးမေးမတ်စိတွေကိုလည်း စနစ်တကျ အုပ်စုဖွဲ့ထား၊ အရောင်တွေ သတ်မှတ်ထားတာတွေကို လုပ်ကြည့်ရမှာ ဖြစ်ပါတယ်။

Group Email Contacts
အီးမေးလိပ်စာတွေကို ဘယ်လို အုပ်စုဖွဲ့ပြီး သိမ်းမလဲ။ အခြေခံအားဖြင့် စဉ်းစားရင် မိမိ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အသိုင်းအ၀ိုင်းမတူတာတွေကို အခြေခံထားပြီး contact group တွေ ခွဲထားကြပါတယ်။ group လို့လည်း ခေါ်လို့ ရသလို circle တွေ လို့လည်း သဘောထားလို့ရပါတယ်။ အဓိကအားဖြင့် မိမိအီးမေးလိပ်စာ အုပ်စုတွေကို ခွဲခြားရင် - Family, Friends, Neighbour, School, Works စသည်ဖြင့် ခွဲလို့ ရမယ် ထင်ပါတယ်။

သည်တော့ လက်ရှိ မိမိ Email Inbox ထဲက Email Address တွေကို Contacts ထဲ တဦးချင်းစီ သိမ်းဆည်းထားတာကနေ Contact Group တွေ ဖွဲ့ပြီး Organize လုပ်တာကို သင်ကြားပေးရပါမယ်။





GMail (စကရင်ရဲ့ လက်ဝဲ အပေါ်ထောင့်) အိုင်ကွန်ကို မောက်စ်နဲ့ ဆွဲချ၊ ကွန်တက်စ် ကိုရွေး။





Labels ဆိုတာကို ရွေးပြီးတော့ မိမိ၏ ကွန်တက်ဂရုများကို ပြုလုပ်ပါ။ Create Group





သင်တန်းသားများအနေနဲ့ မိမိနှစ်သက်ရာ Contacts Label Group များ ဖန်တီးနိုင်ပါတယ်။







အပေါ်မှာ ပြထားသလို Contacts Group တွေ ဖန်တီးပြီးသားဖြစ်ရင် မိမိကွန်တက်တွေ email address တွေထဲက သက်ဆိုင်ရာ Group တွေထဲကို ထည့်သွင်းပေးရပါမယ်။






မိမိ ကွန်တက်တွေဆီသွားပါ။ စာရင်းမှာ ပြထားတဲ့အထဲက တဦးချင်းစီကို ရွေးပြီး အပေါ်က (အစက် ၃ စက်) ကို နှိပ်ပြီးတော့ group တွေထဲ ထည့်နိုင်ပါတယ်။







သို့မဟုတ် ကွန်တက်တွေကို ရွေးချယ် Select လုပ်ပြီး တပါတည်း အစုလိုက် Group ထဲကိုလည်း ထည့်နိုင်ပါတယ်။







ပုံမှာပါတဲ့ ဥပမာလိုဆိုရင်တော့ ကွန်တက် ၄ ဦးဟာ Work ဆိုတဲ့ ဂရုထဲမှာ တွဲပေးထားတာကို တွေ့ရပါတယ်။







ပြီးတဲ့အခါကျရင် GMail Window ကိုပြန်သွားပြီး New Email ကို Compose လုပ်ခိုင်းပါ။ အပေါ်မှာ ပြထားသလိုမျိုး TO ကို နှိပ်လိုက်တဲ့အခါမှာ Select Contacts ကို တွေ့ပြီး မိမိကွန်တက်တွေထဲက သိပြီးသား လူတွေကို ရွေးလို့ ရပါမယ်။








ဒါ့အပြင် My Contacts ကို ဆွဲချလိုက်တဲ့ အခါမှာလည်း ခုနင်က မိမိ ဖန်တီးထားတဲ့ Contact Groups တွေအလိုက် တွဲထားတဲ့ email address တွေအားလုံးကိုပါ တခါတည်း စုပြီး ရွေးလို့ရတာပါ တွေ့ရပါမယ်။





ဥပမာအားဖြင့် - မိမိမိသားစုဝင်တွေဆီကို အီးမေးတစောင်ပို့တဲ့အခါမှာ လူတွေကို အကြိမ်ကြိမ် ရွေးပြီး အီးမေးထဲ ထည့်နေရတာထက် တအုပ်စုတည်းကို ရွေးပြီး တခါတည်း ထည့်လို့ရတာမျိုး လွယ်ကူ သက်သာတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)