နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ဦးအတွက် ဂုဏ်ထူးဆောင်အဖွဲ့ဝင်လုပ်ငန်း အခွင့်အရေး








နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ဦးအတွက် ဂုဏ်ထူးဆောင်အဖွဲ့ဝင်လုပ်ငန်း အခွင့်အရေး
(မိုးမခ) မတ် ၂၁၊ ၂၀၁၇

လက်ခံရရှိသော သတင်းအရ အောက်ဖော်ပြပါအဖွဲ့အစည်းများက ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် လျောက်ထားနိုင်ရန် အခွင့်အရေးကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“Civil Society and Media Project Fellowship” Announcement
အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း ဂုဏ်ထူးဆောင်အဖွဲ့ဝင် ကြေညာချက်

Background of Civil Society and Media Project in Myanmar

The FHI360 Civil Society and Media Project (henceforth ‘the Project’) is a four-year project (September 2014-September 2018) supported by USAID (the United States Agency for International Development) and implemented by FHI 360, a nonprofit human development organization, and its partners. The Civil Society and Media Project aims to respond to the needs of local civil society organizations (CSOs) and independent media organizations in Myanmar by: (1) supporting civil society capacity to engage in democratic processes and policy dialogue; (2) increasing the availability of and access to information on democratic governance and reform issues; and (3) expanding inclusive public dialogue and political space. It does so by providing grants, technical support, and in-kind assistance.

နောက်ခံသမိုင်း
အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း (မြန်မာနိုင်ငံ) သည် အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့ရေးအေဂျင်စီ၏ အထောက်အပံ့ဖြင့် အကျိုးအမြတ်မယူသော ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် FHI 360 နှင့် မဟာမိတ်အဖွဲ့အစည်းများမှ တာဝန်ခံအကောင်အထည်ဖော်နေသော ၄ နှစ် စီမံကိန်း (စက်တင်ဘာ ၂၀၁၄- စက်တင်ဘာ ၂၀၁၈) ဖြစ်ပါသည်။

ဤစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ (၁) ဒီမိုကရေစီတိုးတက်ပြောင်းလဲမှုနှင့် မူဝါဒရေးရာ ဆွေးနွေးမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများအတွက် အရည်အသွေးများကို ဖြည့်ဆည်းပေးခြင်း၊ (၂) ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် သတင်းအချက်အလက်များကို လွယ်ကူမှန်ကန်စွာ ရရှိနိုင်ရေး စွမ်းဆောင်ချက်များကို မြှင့်တင်ပေးခြင်း၊ (၃) နိုင်ငံရေးအခင်းအကျင်းနှင့် ပြည်သူ့ရေးရာဆွေးနွေးမှုများတွင် အများအားလုံးပါဝင်နိုင်အောင် တိုးချဲ့ခြင်း၊ စသည့်နည်းလမ်းများဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် လွတ်လပ်သောသတင်းမီဒီယာအဖွဲ့အစည်းများ၏ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။ ဤရည်ရွယ်ချက်ပြည့်ဝရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ နည်းပညာအားဖြင့် ကူညီခြင်း၊ အခြားလိုအပ်သော အထောက်အပံ့များ ပေးအပ်ခြင်း စသည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။

Civil Society and Media Project Fellowship

FHI360 will provide 50 Fellowship opportunities for former political prisoners in Myanmar to engage with civil society organization or an independent media organization in their works of advocacy, public dialogue and public interest reporting in support of the country’s democratization and national reconciliation.

အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်
FHI 360 မှ နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ အား ရွေးချယ်၍ အရပ်ဘက်အဖွဲ့အစည်း သို့မဟုတ် လွတ်လပ်သောသတင်းမီဒီယာအဖွဲ့အစည်းတစ်ခုတွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို အထောက်အကူဖြစ်စေသည့် သက်ဆိုင်ရာအဖွဲ့အစည်း၏ မူဝါဒရေးရာ စည်းရုံးလှုံ့ဆော်မှုများ၊ ပြည်သူအများပါဝင်သည့် ဆွေးနွေးမှုများ၊ အများပြည်သူအကျိုးစီးပွါးကို ဦးတည်သည့် သတင်းမီဒီယာလုပ်ငန်းများကို သင်ကြားလေ့လာရန် ကမ်းလှမ်းခြင်းဖြစ်ပါသည်။

Aims and Objectives:

Many among the numerous democracy activists, human rights defenders, student union members, trade union members, social justice campaigners, and others imprisoned for their active participation in the non-violent democracy movement in Myanmar over decades would like to continue their work to promote freedom, human rights, justice and democracy now that they have been released from prison. However, the country’s political landscape has changed dramatically while they were isolated in prison. Democracy and human rights activities today are much more colorful, advocacy and public dialogue are much broader, and the skills and capacity needed to address current political issues are also more advanced and complicated than previously. Therefore, many former political prisoners’ efforts to engage in democratic processes and policy dialogue are thwarted. They need adequate opportunities in the current environment and relevant skills to work together with the new generation of civil society activists.

The “Civil Society and Media Project Fellowship Program” is intended to strengthen these former political prisoners to be able to serve as civil society leaders and create their own place in the country’s transition to democracy.

(၁)ရည်ရွယ်ချက်
ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် အကျဉ်းချခံခဲ့ကြရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ လူမှုတရားမျှတရေး စည်းရုံးလှုံ့ဆော်သူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများစွာတို့သည် အကျဉ်းထောင်ကြီးများအတွင်းမှ ပြန်လည်လွတ်မြောက်ပြီးသည့်နောက်ပိုင်း ၎င်းတို့၏ မူလလှုပ်ရှားမှုများဖြစ်သော လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီရေးရာ စည်းရုံးလှုံ့ဆော်မှုများကို ဆက်လက်ဆောင်ရွက်ချင်ကြပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းမှာ ၎င်းတို့ အကျဉ်းကျခံနေရစဉ်ကာလအတွင်း သိသိသာသာ ပြောင်းလဲခဲ့ပြီ ဖြစ်ပါသည်။ ယနေ့ခေတ်ကာလ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများမှာ ယခင်ကထက်ပိုပြီး အရောင်အသွေးစုံလာပါသည်။ မူဝါဒရေးရာ စည်းရုံးလှုံ့ဆော်မှုနှင့် အများပြည်သူပါဝင်သော နိုင်ငံ့အရေး ဆွေးနွေးမှုများမှာလည်း ယခင်ကထက် ပို၍ ကျယ်ပြန့်လာပါသည်။ ယင်းသို့ ပိုမိုကျယ်ပြန့်များပြားသော နိုင်ငံရေးရာကိစ္စများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သော အရည်အချင်းနှင့် နည်းပညာများမှာလည်း ပို၍ မြင့်မားလာပါသည်။ ထို့ကြောင့်ပင် များစွာသော နိုင်ငံရေးအကျဉ်းသားဟောင်းအချို့၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး၊ အများပြည်သူပါဝင်သော နိုင်ငံ့အရေး ဆွေးနွေးမှုများနှင့် ပြန်လည်ဆက်သွယ်ပါဝင်ရန် ကြိုးစားမှုများ မအောင်မမြင် ဖြစ်ခဲ့ရပါသည်။ ၎င်းတို့ ယနေ့နိုင်ငံရေးအခင်းအကျင်းသစ်အတွင်း သက်ဆိုင်သောအရည်အသွေးများဖြင့် အရပ်ဘက်အဖွဲ့အစည်းများမှ မျိုးဆက်သစ်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ လိုအပ်နေပါသည်။

"အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်" အစီအစဉ်သည် အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များအဖြစ် တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ၎င်းတို့၏ ကိုယ်ပိုင်အခန်းကဏ္ဍကို ဖန်တီးနိုင်ရေးအတွက် လိုအပ်သောအရည်အချင်းများ မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။

Eligibility Requirements

All applicants must:

Be a former political prisoner, imprisoned between 1988 and 2010, for participation in the country’s democracy movement.

Have no criminal record, other than political-related incarceration.

Be healthy enough to carry out the duties assigned by the host organization.

Be a citizen of Myanmar.

Not have a regular paid job or a leading position at an organization at the time of application.

(၂)အရည်အချင်းလိုအပ်ချက်
လျှောက်ထားလိုသူများသည်
(က)၁၉၈၈ နှင့် ၂၀၁၀ ခုနှစ်များအတွင်း ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင် ပါဝင်ပါတ်သက်မှုကြောင့် အကျဉ်းချခံရသူများဖြစ်ရမည်။
(ခ) နိုင်ငံရေးနှင့် ဆက်နွယ်၍ အကျဉ်းကျခြင်းမှအပ ရာဇဝတ်မှုများနှင့် ပါတ်သက်ဆက်နွယ်မှု မရှိသူများ ဖြစ်ရမည်။
(ဂ) အိမ်ရှင်အဖြစ် လက်ခံသော အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် လုံလောက်သော ကျန်းမာရေးအခြေအနေနှင့်ပြည့်စုံရမည်။
(ဃ)မြန်မာနိုင်ငံသားဖြစ်ရမည်။
(င) လျှောက်ထားသည့်အချိန်တွင် အဖွဲ့အစည်းတစ်ခုခု၏ ခေါင်းဆောင်မှု သို့မဟုတ် ပုံမှန်လစာရသော အလုပ်တစ်ခုခု ရှိနေသူ မဖြစ်ရ။

Period and Number of Fellowships

The Fellowship period will be for six months, from July to December 2017.

The number of Fellows to be selected is 50.

(၃) ဂုဏ်ထူးဆောင်အဖွဲ့ဝင်အရေအတွက်နှင့်သက်တမ်းကာလ
(က) ဂုဏ်ထူးဆောင်အဖွဲ့ဝင် သက်တမ်းကာလသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလ အထိ ၆ လ ဖြစ်သည်။
(ခ) ရွေးချယ်မည့် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အရေအတွက်သည် ၅၀ ဖြစ်သည်။

Host Organizations

Selected Fellows will be placed in one of FHI360’s civil society or media partner organizations. Currently, FHI360 has 29 partner organizations, including19 CSOs, working for advocacy and public dialogue (APD), and 10 independent media organizations, engaged in public interest reporting (PIR). Other CSOs will be invited to host the Fellow as needed.

(၄)အိမ်ရှင်အဖွဲ့အစည်း
ရွေးချယ်ခံရသော ဂုဏ်ထူးဆောင်အဖွဲ့ဝင်သည် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း (မြန်မာနိုင်ငံ) ၏ မဟာမိတ်အဖွဲ့အစည်းတစ်ခုတွင် ဝန်ထမ်းအဖြစ် တာဝန်ယူဆောင်ရွက်ရမည်။ လက်ရှိကာလတွင် FHI 360 ၏ မဟာမိတ်အဖွဲ့အစည်း ၂၉ ဖွဲ့ (အရပ်ဘက်အဖွဲ့အစည်း ၁၉ ဖွဲ့နှင့် လွတ်လပ်သော သတင်းမီဒီယာ ၁၀ ဖွဲ့) ရှိသည်။ လိုအပ်ပါက အခြားအဖွဲ့အစည်းများကိုလည်း အိမ်ရှင်အဖြစ် ပူးပေါင်းပါဝင်ရန် ဖိတ်ကြားမည်။

Fellowship Support

FHI360 will provide the following:
(1) A monthly stipend of MMK 300,000 for 6 months
(2) A mobile phone
(3) A laptop computer

Note: A mobile phone and a laptop computer will remain the property of FHI 360 until the Fellow completes the full Fellowship period. Once the Fellow completes all requirements of the Fellowship, they will own the mobile phone and laptop computer free of charges. Those who fail to complete the full term of the Fellowship will be required to return all equipment to FHI360. Intensive training on basic computer skills will be provided to Fellows as needed.

The host organization will provide the following:
(1) A space in their office
(2) A supervisor to monitor, train and assist the Fellow
(3) Capacity building related to the campaign or advocacy or public interest reporting that the organization is working on
(4) Assignments to be carried out by the Fellow

At the end of the Fellowship, Fellows will receive a “Certificate of Successful Completion” jointly issued by FHI360 and the host organization.

(၅) ဂုဏ်ထူးဆောင်အဖွဲ့ဝင်အတွက် အထောက်အပံ့များ
FHI 360 မှ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အား အောက်ပါအတိုင်း ထောက်ပံ့မည်။
(က) လစဉ်ထောက်ပံ့ကြေး တစ်လလျင် ကျပ် သုံးသိန်း (၆ လ)
(ခ) လက်ကိုင်ဖုန်း တစ်လုံး
(ဂ) လက်တော့ကွန်ပြူတာ တစ်လုံး

မှတ်ချက်။ ။ ဂုဏ်ထူးဆောင်အဖွဲ့ဝင်သည် ဂုဏ်ထူးဆောင်အဖွဲ့ဝင်သက်တမ်းကာလအတွင်း လက်ကိုင်ဖုန်းနှင့် ကွန်ပြူတာကို အငှါးအဖြစ် သုံးစွဲခွင့်ရှိသည်။ ဂုဏ်ထူးဆောင်အဖွဲ့ဝင်သက်တမ်းကာလ ၆ လကို အပြည့်အဝဆောင်ရွက်ပြီးမှ ၎င်း ဖုန်းနှင့် ကွန်ပြူတာကို ၎င်းအပိုင်အဖြစ် အခမဲ့ ရရှိမည်။ ဂုဏ်ထူးဆောင်အဖွဲ့ဝင်သက်တမ်းကာလကို အပြည့်အဝဆောင်ရွက်ရန် ပျက်ကွက်သူများသည် ဖုန်းနှင့် ကွန်ပြူတာကို FHI 360 သို့ ပြန်လည် အပ်နှံရန် တာဝန်ရှိသည်။ ကွန်ပြူတာမသုံးတတ်သူများအတွက် FHI 360 မှ အခြေခံကွန်ပြူတာအတတ်သင်တန်း စီစဉ်အပ်နှံပေးမည်။

အိမ်ရှင်အဖြစ် လက်ခံမည့်အဖွဲ့အစည်းမှ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အား အောက်ပါအတိုင်း ထောက်ပံ့မည်။
(က) အဖွဲ့၏ ရုံးခန်းအတွင်း အမြဲတန်းအသုံးပြုရမည့် စားပွဲ၊ ကုလားထိုင် နှင့် ရုံးသုံးပစ္စည်းများ၊
(ခ) ဂုဏ်ထူးဆောင်အဖွဲ့ဝင်အား ကြီးကြပ်၊ ကွပ်ကဲ၊ သင်ကြားမည့် တာဝန်ခံအရာရှိ တစ်ယောက်၊
(ဂ) အိမ်ရှင်အဖွဲ့အစည်းမှ ဆောင်ရွက်နေသော လှုပ်ရှားမှုများနှင့် ပတ်သက်သည့် သင်တန်းများ၊
(ဃ) ဂုဏ်ထူးဆောင်အဖွဲ့ဝင်မှ ထမ်းဆောင်ရမည့် တာဝန်များ၊

ဂုဏ်ထူးဆောင်အဖွဲ့ဝင်ကာလ ပြီးဆုံးချိန်တွင် ဂုဏ်ထူးဆောင်အဖွဲ့ဝင်သည် FHI 360 နှင့် အိမ်ရှင်အဖွဲ့အစည်းတို့မှ ပူးတွဲချီးမြှင့်သော "အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုလက်မှတ်" ရရှိမည်ဖြစ်သည်။


Application Procedure

Application forms are available at FHI360 office at No. 133, Mawyawaddi Road, 8th Mile, Mayangone Township, Yangon, or by sending email request to Dr. Kyaw Phyo Naing (Program Officer) at knaing@fhi360.org with “FPP Fellowship Application” in the subject line.

(၆) ဂုဏ်ထူးဆောင်အဖွဲ့ဝင် လျှောက်ထားခြင်းလုပ်ငန်းစဉ်
ဂုဏ်ထူးဆောင်အဖွဲ့ဝင်ဖြစ်ရန် လျှောက်လွှာများကို FHI 360 ရုံးချုပ်၊ အမှတ် ၁၃၃၊ မောရဝတီလမ်း၊ ၈ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်သည်။ ဒေါက်တာကျော်ဖြိုးနိုင် (Program Officer) knaing@fhi360.org ထံသို့ အီးမေးပေးပို့၍လည်း တောင်းခံနိုင်သည်။

(1) Application by Former Political Prisoner

A brief history of the candidate, including name, current address, organizational affiliations, date of arrest, date of release, name of prison, duration of internment, reason for imprisonment, educational and work background, area of interest and reason for applying, will be required, as well as names and contact information of two references.

If selected, FHI360 will assign each Fellow to a partner organization in the same Township/Region where the Fellow currently lives.

(က) နိုင်ငံရေးအကျဉ်းသားဟောင်းက လျှောက်ထားခြင်း
လျှောက်လွှာတွင် နိုင်ငံရေးအကျဉ်းသားဟောင်း၏ အမည်၊ လက်ရှိနေရပ်လိပ်စာ၊ အကျဉ်းကျစဉ်က ပါဝင်ခဲ့သည့် အဖွဲ့အစည်း၊ ဖမ်းဆီးခံရသည့် နေ့စွဲ၊ လွတ်မြောက်သည့် နေ့စွဲ၊ နေခဲ့ရသည့် အကျဉ်းထောင်၊ အကျဉ်းကျခဲ့သည့် ကာလ၊ စွပ်စွဲပြစ်တင်ခံရသည့် ပုဒ်မ၊ ပညာရေးနှင့် လုပ်ခဲ့ဖူးသော အလုပ်အကိုင်၊ စိတ်ဝင်စားသော ဧရိယာ၊ လျှောက်ထားရခြင်းအကြောင်းရင်းများ အပါအဝင် ကိုယ်ရေးရာဇဝင်အကျဉ်းကို ထောက်ခံမည့်သူ နှစ်ဦး၏ အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလိပ်စာများနှင့်တကွ တင်ပြရန်ဖြစ်သည်။

ရွေးချယ်ခံရပါက FHI 360 မှ ၎င်းပုဂ္ဂိုလ်အား ၎င်းနေထိုင်ရာ ဒေသတွင်အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်း သို့မဟုတ် မီဒီယာအဖွဲ့အစည်းတွင် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်စေမည် ဖြစ်သည်။

(2) Application by Organizations

For FHI360’s partner organizations will provide a scope of work outlining the position to be assigned, including expected outcomes and responsibilities and training to be provided for the Fellow(s), and name and rank of immediate supervisory officer, as well as numbers of Fellows it desires. For non-partner organizations, a brief history of the organizations and current activities are also needed.

(ခ) အဖွဲအစည်းတစ်ခုမှ လျှောက်ထားခြင်း
FHI 360 ၏ မဟာမိတ်အဖွဲ့အစည်းများအနေဖြင့် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အား ပေးအပ်မည့် တာဝန်၊ ပို့ချမည့် သင်တန်း၊ လိုက်နာရမည့် တာဝန်ဝတ္တရား၊ မျှော်လင့်သည့် ရလဒ် စသည့်အချက်များနှင့် အနီးကပ်ကြီးကြပ်၊ ကွပ်ကဲ၊ သင်ကြားမည့် အရာရှိ၏ အမည်၊ ရာထူးများ လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်။ ခန့်ထားလိုသည့် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အရေအတွက်ကိုလည်း ထည့်သွင်းဖော်ပြရန်ဖြစ်သည်။

မဟာမိတ်မဟုတ်သော အခြားအဖွဲ့အစည်းများအနေဖြင့် အထက်ပါ အချက်အလက်များအပြင် မိမိအဖွဲ့အစည်း၏ နောက်ခံသမိုင်းအကျဉ်းနှင့် လက်ရှိဆောင်ရွက်နေသော လှုပ်ရှားမှုများကိုပါ ထည့်သွင်းဖော်ပြရမည်။

(3) Joint Application by both Former Political Prisoner and Host

A brief history of the candidate, including name, current address, organizational affiliations, date of arrest, date of release, name of prison, duration of internment, reason for imprisonment, educational and work background, area of interest and reason for applying, will be required, as well as names and contact information of two references.

All partner organizations should submit a scope of work outlining the position to be assigned including expected outcomes and responsibilities and training to be provided for the Fellow(s), and name and title of proposed immediate supervisory officer as well as numbers of Fellows it desires. It is not necessary to attach a brief history of the organization. For non-partner CSOs, a brief history of the organization should also be included.

Host organizations are encouraged to propose candidates living in the same Township/Region where the organization headquarters is situated. FHI360 is not responsible for providing travel expenses and lodging for the Fellows.

(ဂ) နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် အဖွဲ့အစည်းမှ ပူးတွဲလျှောက်ထားခြင်း
လျှောက်လွှာတွင် နိုင်ငံရေးအကျဉ်းသားဟောင်း၏ အမည်၊ လက်ရှိနေရပ်လိပ်စာ၊ အကျဉ်းကျစဉ်က ပါဝင်ခဲ့သည့် အဖွဲ့အစည်း၊ ဖမ်းဆီးခံရသည့် နေ့စွဲ၊ လွတ်မြောက်သည့် နေ့စွဲ၊ နေခဲ့ရသည့် အကျဉ်းထောင်၊ အကျဉ်းကျခဲ့သည့် ကာလ၊ စွပ်စွဲပြစ်တင်ခံရသည့် ပုဒ်မ၊ ပညာရေးနှင့် လုပ်ခဲ့ဖူးသော အလုပ်အကိုင်၊ စိတ်ဝင်စားသော ဧရိယာ၊ လျှောက်ထားရခြင်းအကြောင်းရင်းများ အပါအဝင် ကိုယ်ရေးရာဇဝင်အကျဉ်းကို ထောက်ခံမည့်သူ နှစ်ဦး၏ အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အီးမေးလိပ်စာများနှင့်တကွ တင်ပြရန်ဖြစ်သည်။

FHI 360 ၏ မဟာမိတ်အဖွဲ့အစည်းများအနေဖြင့် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အား ပေးအပ်မည့် တာဝန်၊ ပို့ချမည့် သင်တန်း၊ လိုက်နာရမည့် တာဝန်ဝတ္တရား၊ မျှော်လင့်သည့် ရလဒ် စသည့်အချက်များနှင့် အနီးကပ်ကြီးကြပ်၊ ကွပ်ကဲ၊ သင်ကြားမည့် အရာရှိ၏ အမည်၊ ရာထူးများ လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည်။ ခန့်ထားလိုသည့် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အရေအတွက်ကိုလည်း ထည့်သွင်းဖော်ပြရန်ဖြစ်သည်။

မဟာမိတ်မဟုတ်သော အခြားအဖွဲ့အစည်းများအနေဖြင့် အထက်ပါ အချက်အလက်များအပြင် မိမိအဖွဲ့အစည်း၏ နောက်ခံသမိုင်းအကျဉ်းနှင့် လက်ရှိဆောင်ရွက်နေသော လှုပ်ရှားမှုများကိုပါ ထည့်သွင်းဖော်ပြရမည်။

ပူးတွဲလျှောက်ထားရာတွင် အိမ်ရှင်အဖြစ် လက်ခံမည့်အဖွဲ့အစည်းများသည် မိမိတို့ အဖွဲ့အစည်းတည်ရှိရာ မြို့နယ်တွင် နေထိုင်သော နိုင်ငံရေးအကျဉ်းသားဟောင်းများအား ရွေးချယ်ရန် တိုက်တွန်းသည်။ FHI 360 မှ ဂုဏ်ထူးဆောင်အဖွဲ့ဝင်၏ ခရီးဝေးသွားလာစားရိတ်များနှင့် နေထိုင်မှုအတွက် ကုန်ကျစားရိတ်များကို တာဝန်ယူမည် မဟုတ်ပါ။

Selection Process

FHI360 will form a Selection Board with the following members.

Chief of Party (FHI360)

Senior Technical Advisor (FHI360)

Advocacy Director (FHI360)

Media Director (FHI360)

A representative from the 88 Generation (Peace and Open Society)

A representative from Assistance Association for Political Prisoners (AAPP)

A representative from the 5-J Club

(2) All applications will be due to FHI360 no later than 12 April 2017. Once received, FHI360 staff will prepare all applications for the Selection Board’s review and evaluation.

(3) The Selection Board will meet in May 2017. The Board will sit as often as necessary to review and select the candidates. Serious effort will be made to verify that the candidates are former political prisoners and in need of support and all other information on the application.

(4) Preference will be given to marginalized people and consideration will be made to ensure gender and geographic balance and to include people with disabilities (PWDs).

(5) Fellows will be selected by the end of May 2017.

(6) Selected Fellows and the Hosts will be informed directly by FHI360 in the first week of June 2017.

(7) A Fellowship Agreement will be drawn up and signed by all 3 relevant parties -FHI360, the Fellow and the Host - by the end of June 2017 at an “Introduction and Orientation Workshop”, to be held in Yangon.

(၇) ရွေးချယ်ရေးလုပ်ငန်းစဉ်
(က) FHI 360 သည် ဂုဏ်ထူးဆောင်အဖွဲ့ဝင်ရွေးချယ်ရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းမည်။
Chief of Party (FHI 360)
Senior Technical Advisor (FHI 360)
Advocacy Director (FHI 360)
Media Director (FHI 360)
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုယ်စားလှယ်တစ်ဦး
နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအဖွဲ့ (AAPP) မှ ကိုယ်စားလှယ်တစ်ဦး
The 5 J Club (၅ ည ကလပ်) မှ ကိုယ်စားလှယ်တစ်ဦး
(ခ) ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ အထိ ရောက်ရှိလာသော လျှောက်လွှာများကိုသာ လက်ခံစဉ်းစားမည်။ FHI 360 ရုံးအဖွဲ့က လက်ခံရရှိသော လျှောက်လွှာများအား ရွေးချယ်ရေးအဖွဲ့ လေ့လာ၊ သုံးသပ်နိုင်ရန် စနစ်တကျ ပြင်ဆင်ပေးမည်။
(ဂ) ရွေးချယ်ရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ မေလအတွင်း အချက်အလက်ပြည့်စုံသည့် လျှောက်လွှာများအားလုံးကို လေ့လာ၊ သုံးသပ်၍ ရွေးချယ်မည်။
(ဃ) ရွေးချယ်ရာတွင် အမျိုးသား၊ အမျိုးသမီး ညီမျှမှုနှင့် ဒေသအစုံမှ ပါဝင်နိုင်ရေး၊ မသန်စွမ်းသူများ၊ အားနည်းသူများပါဝင်ရေး ဦးစားပေးမည်။
(င) ဂုဏ်ထူးဆောင်အဖွဲ့ဝင်များအားလုံးကို ၂၀၁၇ ခုနှစ်၊ မေလကုန် နောက်ဆုံးထား၍ ရွေးချယ်မည်။
(စ) FHI 360 မှ ၂၀၁၇ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသူများနှင့် အိမ်ရှင်အဖွဲ့အစည်းများအား ဆက်သွယ်အကြောင်းကြားမည်။
(ဆ) ဂုဏ်ထူးဆောင်အဖွဲ့ဝင်ခန့်အပ်ခြင်းစာချုပ်ကို FHI 360၊ ဂုဏ်ထူးဆောင်အဖွဲ့ဝင်နှင့် အိမ်ရှင်အဖွဲ့အစည်းတို့က ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် "စတင်ခြင်းနှင့် မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ" အတွင်း လက်မှတ်ရေးထိုးရန်ဖြစ်သည်။

VIII. Application Deadline

12 April 2017

Application forms are available at FHI360 office to collect in person or by sending email request to knaing@fhi360.org with ‘Request for FPP Fellowship Application” in the subject line. Only selected candidates will be notified.

(၈) လျှောက်လွှာတင်ရမည့် နောက်ဆုံးရက်
၁၂ ဧပြီလ ၂၀၁၇

ဂုဏ်ထူးဆောင်အဖွဲ့ဝင်ဖြစ်ရန် လျှောက်လွှာများကို FHI 360 ရုံးချုပ်၊ အမှတ် ၁၃၃၊ မောရဝတီလမ်း၊ ၈ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် လူကိုယ်တိုင် လာရောက်ထုတ်ယူနိုင်သည်။ knaing@fhi360.org သို့ အီးမေးပေးပို့၍လည်း တောင်းခံနိုင်သည်။ ရွေးချယ်ခံရသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုသာလျင် အကြောင်းပြန်မည် ဖြစ်သည်။