ခက်သီ ● ခေတ်သစ် ငဘများသို့ ....
(မိုးမခ) မတ် ၃၁၊ ၂၀၁၇
လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေးဟာ
အသက်ဝင်နေတုန်း
သနားစရာအကောင်းဆုံးက
တောင်သူတွေ
သီးနှံပေါ်ပြီဆို ဈေးတွေ ထိုးကျပြီ
တောင်သူလက်ထဲ သီးနှံမရှိတော့ဘူးဆို
ဈေးတွေက ထိုးတက်ပြီ
စိုက်ချိန်ပျိုးချိန်ဆို အာမခံချက်မရှိတဲ့မြေဆီတွေ
တံဆိပ်အဖုံဖုံ နဲ့ ဝင်လာပြီ
(ကောင်း မကောင်း လျာနဲ့လျက်မြည်းလို့လည်းမရ
မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ)
ပွင့်သီး ဝင်ပြီဆို
ရွတ်ဖြန်းအားဆေး၊ ပိုးသတ်ဆေး
တံဆိပ် အဖုံဖုံနဲ့ ဝင်လာပြီ
(ကောင်း မကောင်း လျာနဲ့ လျက်မြည်းလို့မရ
မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ)
သီးနှံသိမ်းချိန် အလုပ်သမားဈေးက ခေါင်ခိုက်
တချို့တောင်သူတွေ ရှုံးကြတယ်။
ကဲ ပြောမယ်
ဒီနိုင်ငံမယ် ၆၀ % ကျော်ရှိတဲ့တောင်သူတွေဟာ
ခေတ်သစ် ငဘတွေပဲ။
(ဒီကြားထဲ မြေသိမ်ခံရသေး)
တောင်သူကို မှီခိုအားထားနေရတဲ့
လက်လုပ်လက်စားသမားတွေနဲ့
လူလတ်တန်းစား
ရောင်းဝယ်ဖောက်ကားသူတွေ ရှိသေးတယ်။
အဲ့ဒါတွေက
တပြေလုံးမယ် ၇၅ % လောက်ရှိတယ်။
တောင်သူ ဂွမ်းရင် ဂွမ်းတာပဲ။
ဒီနိုင်ငံရဲ့ ကျောင်းသူကျောင်းသား ၅၀ % အထက်ဟာ
တောင်သူ လယ်သမားတွေရဲ့သားသမီးတွေပါပဲ။
ပြောရရင်
နိုင်ငံရဲ့ပညာရေးပါ ထိခိုက်တယ်။
တကယ်တော့
မြန်မာတပြည်လုံးရဲ့
သီးနှံဈေးကွက်နဲ့
မြေဆီနဲ့ဆေးမျိုးစုံကို
စိတ်ကြိုက်ချယ်လှယ်နေတဲ့ခရိုနီတွေက
ဆယ်ယောက် မကျော်ဘူး။
ကျောကော့အောင်ခံနေရတာပ
၇၅ % သော လူဦးရေ။
ကဲ မေးပြီ
အခု အစိုးရကရော
အရင် အစိုးရလိုပဲ
ခရိုနီတွေကို မထိန်းချုပ်တော့ဘူးလား။
လုပ်နေပါတယ် စောင့်ပါဦးဆိုတာ
ဘယ်ကမ္ဘာအထိလဲ။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေက
ဘယ်တော့အသက်ဝင်မှာလဲ
တကယ်ရော အရေးယူမှုတွေရှိမှာလား။
ဈေးကွက်ထိန်းချုပ်ညှိနှိုင်းရေး ဥပဒေဆိုတာ
မရှိသေးဘူးလား မရှိတော့ဘူးလား
စားသုံးသူတွေ သီးနှံစိုက်ပျိုးရောင်းချသူတွေကို
မကာကွယ်တော့ဘူးလား။
ခရိုနီတွေ
ထင်ရာလုပ်ခွင့်လက်ဝါးကြီးအုပ်ခွင့်
ဆက်ပေးထားဦးမှာလား။
ဥပဒေ နဲ့ မထိန်းချုပ်တော့ဘူးလား။
စောင့်ရဦးမှာဆို ဘယ်လောက်ကြာဦးမှာလဲ။
ခေတ်သစ်ငဘတွေရဲ့ချွေးနည်းစာတွေဟာ
ခရိုနီတွေရဲ့ဘဏ်အကောင့်ထဲကို
တမိနစ်ကို တသန်းလောက်ဝင်သွားတယ်။
ခေတ်သစ်ငဘတွေသာ စုတ်ပြတ်သတ်လို့။ ။
ခက်သီ
(မိုးမခ) မတ် ၃၁၊ ၂၀၁၇
လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေးဟာ
အသက်ဝင်နေတုန်း
သနားစရာအကောင်းဆုံးက
တောင်သူတွေ
သီးနှံပေါ်ပြီဆို ဈေးတွေ ထိုးကျပြီ
တောင်သူလက်ထဲ သီးနှံမရှိတော့ဘူးဆို
ဈေးတွေက ထိုးတက်ပြီ
စိုက်ချိန်ပျိုးချိန်ဆို အာမခံချက်မရှိတဲ့မြေဆီတွေ
တံဆိပ်အဖုံဖုံ နဲ့ ဝင်လာပြီ
(ကောင်း မကောင်း လျာနဲ့လျက်မြည်းလို့လည်းမရ
မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ)
ပွင့်သီး ဝင်ပြီဆို
ရွတ်ဖြန်းအားဆေး၊ ပိုးသတ်ဆေး
တံဆိပ် အဖုံဖုံနဲ့ ဝင်လာပြီ
(ကောင်း မကောင်း လျာနဲ့ လျက်မြည်းလို့မရ
မားကတ်တင်းသမား အာချောင်သမျှ လိုက်သုံးနေရ)
သီးနှံသိမ်းချိန် အလုပ်သမားဈေးက ခေါင်ခိုက်
တချို့တောင်သူတွေ ရှုံးကြတယ်။
ကဲ ပြောမယ်
ဒီနိုင်ငံမယ် ၆၀ % ကျော်ရှိတဲ့တောင်သူတွေဟာ
ခေတ်သစ် ငဘတွေပဲ။
(ဒီကြားထဲ မြေသိမ်ခံရသေး)
တောင်သူကို မှီခိုအားထားနေရတဲ့
လက်လုပ်လက်စားသမားတွေနဲ့
လူလတ်တန်းစား
ရောင်းဝယ်ဖောက်ကားသူတွေ ရှိသေးတယ်။
အဲ့ဒါတွေက
တပြေလုံးမယ် ၇၅ % လောက်ရှိတယ်။
တောင်သူ ဂွမ်းရင် ဂွမ်းတာပဲ။
ဒီနိုင်ငံရဲ့ ကျောင်းသူကျောင်းသား ၅၀ % အထက်ဟာ
တောင်သူ လယ်သမားတွေရဲ့သားသမီးတွေပါပဲ။
ပြောရရင်
နိုင်ငံရဲ့ပညာရေးပါ ထိခိုက်တယ်။
တကယ်တော့
မြန်မာတပြည်လုံးရဲ့
သီးနှံဈေးကွက်နဲ့
မြေဆီနဲ့ဆေးမျိုးစုံကို
စိတ်ကြိုက်ချယ်လှယ်နေတဲ့ခရိုနီတွေက
ဆယ်ယောက် မကျော်ဘူး။
ကျောကော့အောင်ခံနေရတာပ
၇၅ % သော လူဦးရေ။
ကဲ မေးပြီ
အခု အစိုးရကရော
အရင် အစိုးရလိုပဲ
ခရိုနီတွေကို မထိန်းချုပ်တော့ဘူးလား။
လုပ်နေပါတယ် စောင့်ပါဦးဆိုတာ
ဘယ်ကမ္ဘာအထိလဲ။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေက
ဘယ်တော့အသက်ဝင်မှာလဲ
တကယ်ရော အရေးယူမှုတွေရှိမှာလား။
ဈေးကွက်ထိန်းချုပ်ညှိနှိုင်းရေး ဥပဒေဆိုတာ
မရှိသေးဘူးလား မရှိတော့ဘူးလား
စားသုံးသူတွေ သီးနှံစိုက်ပျိုးရောင်းချသူတွေကို
မကာကွယ်တော့ဘူးလား။
ခရိုနီတွေ
ထင်ရာလုပ်ခွင့်လက်ဝါးကြီးအုပ်ခွင့်
ဆက်ပေးထားဦးမှာလား။
ဥပဒေ နဲ့ မထိန်းချုပ်တော့ဘူးလား။
စောင့်ရဦးမှာဆို ဘယ်လောက်ကြာဦးမှာလဲ။
ခေတ်သစ်ငဘတွေရဲ့ချွေးနည်းစာတွေဟာ
ခရိုနီတွေရဲ့ဘဏ်အကောင့်ထဲကို
တမိနစ်ကို တသန်းလောက်ဝင်သွားတယ်။
ခေတ်သစ်ငဘတွေသာ စုတ်ပြတ်သတ်လို့။ ။
ခက်သီ