ဒေါက်တာခင်မောင်ဝင်း (သချာင်္) - အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ
ဒေါက်တာခင်မောင်ဝင်း (သချာင်္) - အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၁)
Data Sufficiency Question 
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၇
ထို​မေးခွန်းများ၏​ ရည်​ရွယ်​ချက်​မှာ ​ဖြေ​သောသူအား ပုစ္ဆာ၏ အ​ဖြေကို ​ပေးရန်​ မဟုတ်​ပါ။ ပေးထားသော အချက်​အလက်​များသည်​ အ​ဖြေကို​ပေးနိုင်​ရန်​ လုံ​လောက်​မှု ရှိမရှိကို ​ဝေဘန်​သုံးသတ်​ပြတတ်​ရန်​ ဖြစ်​သည်​။
 ထိုပုစ္ဆာတွင်​ ကနဦး​ပေးထားသည့်​ အချက်​အလက်​များ နှင့်​ ​ဖြေရမည့်​ ​မေးခွန်း ပါဝင်​သည်​။ ၄င်းအပြင်​ အဆို ၁ နှင့်​ အဆို ၂ ဟူ၍ အမည်​ပေးထား​သော အဆိုနှစ်​ခု ပါဝင်​သည်​။ ယင်းအဆို နှစ်​ခုသည်​ ပုစ္ဆာ နှင့်​ဆိုင်​​သော ​နောက်​ထပ်​ အချက်​အလက်​များ ဖြစ်​သည်​။
ဖြေပုံ​ဖြေနည်း -
၁။ ပုစ္ဆာကိုတွက်​ရာတွင်​ အချိန်​အကုန် ​မခံပါနှင့်​။ ပုစ္ဆာ၏​အ​ဖြေကို ရရှိရန်​ အချက်​အလက်​ လုံ​လောက်​မှု ရှိ မရှိကိုသာ ဆုံးဖြတ်​ရန်​​ ဖြစ်​သည်​။
၂။ အဆိုတစ်​ခုစီ ကိုသီးခြားစဉ်းစားပါ။အဆို ၁ ကိုစဉ်း စား​နေချိ န်​ တွင်​ အဆို၂ ကို ​ခေတ္တ ​မေ့ ထားပါ။ အဆို ၂ ကို စဉ်းစား​နေ ချိန်​တွင်​ အဆို ၁ ကို ​မေ့ထားပါ။
၃။ အဆို ၁ နှင့်​ ၂ တစ်​ခုချင်းသည်​ ပုစ္ဆာ၏ အ​ဖြေကိုရရန်​ မပြည့်​စုံလျှင်​ နှစ်​ခု​ပေါင်း၍ စဉ်းစားပါ။
၎။ ပေးထား​သော အချက်​အလက်​များကိုသုံး၍ ​မေးထားသော​မေးခွန်းကို ​ဖြေနိုင်​ မ​ဖြေနိုင်​ကို ​ပြောရန်​ ဖြစ်​သည်​။
၅။ ပုံသည်​ အတိအကျ ဆွဲထားခြင်း ဖြစ်​ချင်​မှ ဖြစ်​မည်​။ ပုံထဲတွင်​ ​ပေးထားချက်​များကို စိတ်​ကူးဖြင့်​ထည့်​ ကြည့်​ပါ။
A ။ အဆို ၁ တစ်​ခုတည်းဖြင့်​ အ​ဖြေကို​ပေးရန်​အတွက်​ လုံလောက်​သည်​။ သို့​သော်​ အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကို​ပေးရန် ​မလုံ​လောက်​ပါ။
B ။ အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကို​ပေးရန်​ လုံ​လောက်​သည်​။ သို့သော်​ အဆို ၁ တစ်​ခုထဲဖြင့်​ အ​ဖြေ ကို​ပေးရန်​ မလုံ​လောက်​ပါ။
C ။ အဆို ၁ နှင့်​ အဆို ၂ နှစ်​ခု​ပေါင်းတော့မှ အ​ဖြေကိုပေးဖို့ လုံလောက်​သည်​။ သို့​သော်​ အဆို ၁ သို့မဟုတ်​ အ ဆို ၂ တစ်​ခုခုဖြင့်​ အ​ဖြေကို ​ပေးရန်​ မလုံ​လောက်​ပါ။
D ။ အဆို ၁ သို့မဟုတ်​ အဆို ၂ တစ်​ခုခု ဖြင့်​ အ​ဖြေ ကို​ပေးရန်​ လုံလောက်​သည်​။
E ။ အဆို ၁ နှင့်​ အဆို ၂ နှစ်​ခု ​ပေါင်းလျှင်​ပင်​လျှင်​ အ​ဖြေကို ​ပေးနိုင်​ရန်​ မလုံ​လောက်​ပါ။
ယခု ဆက်​လက်​၍ နမူနာ​မေးခွန်း နှင့်​ အ​ဖြေများကို ​ဖော်​ပြပါမည်​။
ဥပမာ -  n .15. 12 . 9 . 20
ဤဂဏန်းငါးလုံးထဲတွင်​ n ၏​ တန်​ ဖိုးသည်​ အဘယ်​နည်း။
အဆို ၁ ။ n > 12
အဆို ၂ ။ ထိုဂဏန်းငါးလုံး၏ အလယ်​ကိန်းသည်​ 13 ဖြစ်​သည်​။
စဉ်းစားနည်း နှ င့်​ အ​ဖြေ
ကနဦး ​တွေ့ရှိချက်​များ
ဂဏန်းငါးလုံးရှိသည့်​ အထဲ မှ n ၏ တန်​ဖိုးသည်​ အဘယ်​နည်းဟု ​မေးထားသည်​။
အဆို ၁ ကို စဉ်းစားမည်​။ n > 12 ဖြစ်​သည်​။ ၄င်းကို သိရုံဖြင့်​ n ၏ တန်​ဖိုး ကို မရှာနိုင်​ပါ။
ယခု အဆို ၂ ကို စဉ်းစားမည်​။ အဆို ၁ ကို ခဏ​မေ့ထားမည်​။ အဆို ၂ အရ ထိုဂဏန်းငါးလုံး၏ အလယ်​ကိန်းသည်​ 13 ဖြစ်​ သည်​။
ဂဏန်းငါးလုံး၏ အလယ်​ကိန်းသည်​ ထိုငါးလုံးထဲက ဖြစ်​ရမည်​ ဖြစ်​၍ n = 12 ဖြစ်​ ရမည်​။
ထိုဂဏန်းငါးလုံးကို အငယ်​ဆုံးမှစ၍ အ စဉ်​အတိုင်းစီသော်​ 9.12.13.15.20 ရသည်​။
အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကို ရနိုင်​၏​။ ထို့​ကြောင့်​ အ​ဖြေသည်​ B ဖြစ်​သည်​။
(B ။ အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကို​ပေးရန်​ လုံ​လောက်​သည်​။ သို့သော်​ အဆို ၁ တစ်​ခုထဲဖြင့်​ အ​ဖြေ ကို​ပေးရန်​ မလုံ​လောက်​ပါ။)
(အယ်ဒီတာ မှတ်ချက် - GMAT လမ်းညွှန်အတွက် အထောက်အကူအဖြစ် တင်ဆက်လိုက်ပါတယ်)