ကမ်လူဝေး ● မတော်တဆ


ကမ်လူဝေး ● မတော်တဆ
(မိုးမခ) ဧပြီ ၉၊ ၂၀၁၇

ငါပစ်လိုက်တဲ့ သေနတ်မှာ
ကျည်ဆံ ပါမသွားဘူး
သူပစ်လိုက်တဲ့ ဓားက
ငါ့ရင်ဝမှာ တည့်တည့်။

မျက်ရည်နဲ့ မျက်ခွက်တဲ့
ကြည့်မကောင်းပေမဲ့
ဖြစ်တတ်ပါတယ်။

အခုတမျိုး တော်ကြာတမျိုး ဆိုတာက
ကြားရတဲ့သူအတွက် မကောင်းပေမဲ့
ပြောရ လုပ်ရတဲ့သူက စိတ်ပျော်စရာ။

ကိုယ်ချင်းစာတရားက
မတော်တဆ
ငါ့နှလုံးသားကို ဝင်တိုက်မိ
ကံကောင်းလေစွ။        ။

ကမ်လူဝေး