မောင်လူရေး - ရှင်ကြီးများ တွေ့ဆင်ခြင်ပွဲ


မောင်လူရေး - ရှင်ကြီးများ တွေ့ဆင်ခြင်ပွဲ
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၇

ဘုန်းတော်ကြီးသင် ပညာရေး(ဘက)ကျောင်းတွေကို ဆရာတာက လောကသာရကျောင်းများလို့ တင်စားတယ်။ လောကသာရဘုန်းကြီးတချို့ တွေ့ဆုံဆင်ခြင်ပွဲဆိုပါတော့။ ပြင်ဦးလွင် အာရှအလင်းရောင်ကျောင်း မတ်လ ၂၂/ ၂၃မှာ လုပ်တယ်။

ဘုန်းကြီးတွေကတော့ နယ်စုံပ။ ကျည်းကန်ရှင်ကြီးကျောင်းက ဆတော်ကြီးလဲပါ။ ၈၀-ကျော်ရှာပြီ။ ကျည်းကန်ရှင်ကြီးဆိုတာ ပိဋကတ်စာပေအပြင် တတ်ကောင်းတတ်ရာတွေသင်ချင်လို့ ကိုရင်ကြီးဘဝနဲ့နေခဲ့တဲ့အတွက် ရှင်ကြီးလို့ နာမည်ကျော်ခဲ့တဲ့ဘုန်းကြီး။ စွယ်စုံကျော်ထင်ကျမ်းဆိုတာ သူ့မေးခွန်းတွေကို ဖြေခဲ့တဲ့ ကျမ်းပ။ လောကီရေး ရပ်ရေး ရွာရေးတွေလုပ်နေကြရ သင်နေကြရ လေ့လာနေကြရတဲ့ ဘုန်းတော်ကြီးများ တွေ့ကြတာဆိုတော့ကား ရှင်ကြီးများ တွေ့ဆုံပွဲလို့လည်း ပြောလို့ရမယ်ထင့်။

ဆရာတာကတော့ ဘကတွေ ရှိရမှာ။ လမ်းပေါ်ကလေးတွေများရင် တိုင်းပြည်ဒုက္ခရောက်ပြီတဲ့။ ရွာတွေမှာ ၂၀%ဘဲ အစိုးရကျောင်းရောက်၊ ဒါလဲဘဲ မူလတန်းပီး ကျောင်းပီးကြရတာ။ (အင်း မြို့ပေါ်လို ၁၀-တန်းအောင်မှ ကျောင်းပီးကြရတာ မဟုတ်ဘူးပေါ့လေ။) စဉ်းစားဆင်ခြင်တတ်ရင် ပြောင်းလဲတယ်တဲ့။
အလွတ်ကျက်လျော့လာမှ စဉ်းစားမှာ။ ငြိမ်မှ အသိသစ် ရမှာတဲ့ဗျ။( ငြိမ်အောင်လဲ လုပ်ရမှာပလေ)
ဘုန်းကြီးတပါး၊ ဆရာ၎/၅ယောက်၊ အဲလို အစုအဖွဲ့တခုရှိရင် ကျောင်းလုပ်လို့ရပြီပေါ့တဲ့။ ဟောက်တာလျော့၊ ရွာမကောင်းရင် မြန်မာ့လူ့အဖွဲ့အစည်းမကောင်း၊ ပြည်မကောင်း။ ဘကဟာ လူမှုရေး ဝိညာဉ်ရေး ပေးနိုင်တယ်။ ပညာရေး ရပ်ရေးရွာရေး သဘာဝပတ်ဝန်းကျင်ရေး ငြိမ်းချမ်းရေး လုပ်နိုင်တယ်။
လူ့အဖွဲ့အစည်းကိုပြန်တည်ဆောက်ဖို့ ဘကတွေကတဆင့် လုပ်နိုင်တယ်။ ဒါဟာ သံဃာ့အဖွဲ့အစည်းရဲ့ ဂုဏ်ကျက်သရေ ဖြစ်လာမယ်လို့လဲ ဟောသဗျ။

ရှင်ကြီးတွေအလုပ်ကလဲ တကယ်များ။ နားသောတပန်ဆင်ရင်း မှီသလောက်လိုက်မှတ်ထားတယ်။ တူရာတူရာလဲ ပေါင်းထားတာပ။

ဘက ဓမ္မစကူးလ် သဘာဝဘေးကူညီ၊ လူငယ်အားကစားသင်တန်းတွေလုပ်၊ ပွဲကျင်းပ အရပ်ဇာတ်က၊ ဒိုးပတ်ဝိုင်းထောင်၊ (လူတွေကိုဖြစ်ချင်တာ ပြောရ လွယ်လာသတဲ့)၊

ပညာရေးထောက်ပံ့ရေးအသင်းဖွဲ့၊ ပညာဒါနသင်တန်းများ၊ HIV ပညာပေး၊ ပြုစုစောင့်ရှောက်ရေး၊ ကွန်ပြူတာ အင်္ဂလိပ်စာသင်တန်း၊

လူ့အခွင့်အရေးသင်တန်း၊ လယ်ယာမြေအရေး၊ ပဋိပက္ခလျော့ပါးရေး၊ သိမ်းဆည်းခံမြေယာအရေး၊

ဂီတသင်တန်း၊ ကျောင်းသားတွေအတွက် စာပေဟောပြောပွဲ၊ သစ်တောစိုက်၊ အိမ်ဆောက်၊ ပန်းချီပြခန်း၊ ဥယျဉ်ထောင်၊ မီးသဂြိုဟ်စက်၊ ကျောင်းသားထမင်းကျွေး၊ သားဆက်ခြားပညာပေး၊

ရပ်ရွာလိုအပ်ချက်အရ လမ်းစသည်လုပ်၊

 ဒေသလိုအပ်ချက်အရ ဘကလုပ်၊ ကလေးတွေ ဆက်တက်စရာမရှိတော့ မူလွန်လုပ်၊

သင်တန်းတွေကြောင့် အမြင်ပွင့်၊ စံပြကျောင်းလုပ်၊ အထက်တန်းထိရှိ၊ ပညာရေး စားရေးသောက်ရေးအခမဲ့၊ ကျောင်းတွင်းစိုက်ပျိုးရေးနဲ့ တွဲကျွေး၊ ကျောင်းတွင်း ညှိနှိုင်းဆောင်ရွက်အလေ့ဖြစ်လာ၊

အစိုးရက ဝတ်စုံနဲ့ ကျောင်းဖရီးရတာတောင် ဘကမှာ ကျောင်းသားတိုးလာ၊

စာဖတ်ဝိုင်းဆွေးနွေးပွဲ ကလေးစည်းဝေးပွဲတွေလုပ်၊ အောက်စီဂျင် လူနာတင်ယဉ် ကျန်းမာရေးစောင့်ရှောက်မှု၊ ကျောင်းစနစ်မှ အိမ်သို့၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအနေနဲ့ အလှူသစ်ပင် မင်္ဂလာသစ်ပင် ဒုလ္လဘသစ်ပင်စိုက်၊

သာရေးနာရေးကူ၊ မီးရရှိရေးကူ၊ သက်ကြီးပူဇော်ပွဲ ဘာသာစုံလူမျိုးစုံလုပ်၊ ကလေးများရင် အဝေးကိုမျှပို့ပေး၊ CCA နည်းသုံး၊ တိုင်းရင်းသားစာသင်၊ ယဉ်ကျေးလိမ္မာသင်၊ ငွေစုငွေချေးလုပ်၊

မူလတန်း မရှိတာကြောင့် ဘကဖွင့်၊ ပူပြင်းတဲ့ဒေသမို့ သစ်တောတွေလုပ်၊ ပညာရေးအမြင်အတွက် အပြင်ဘက်ထွက်ကြည့်၊

ဘုန်းကြီးစာသင် သဂြိုဟ်သင်ပေးရာကနေ ခေတ်ပညာအတွက် ဘကဖွင့်၊

 (ဆရာတွေကို ပထမနှစ် မျက်နှာသုတ်ပုဝါတထည်ဆီပေးနိုင်၊ နောက်နှစ် တိုင်ကပ်နာရီ၊ ဓာတ်ဗူးပေး ဆန်လေးပေးတော့ ရွာထဲက မကြိုက်၊ အစိုးရထောက်ပံ့ကြေးနဲနဲရ၊ တနှစ်လုံးတသိန်းပေး၊ အခုလဲလုပ်အားပေး နောက်လဲလုပ်အားပေး၊ လခမဟုတ်ဘူး ထောက်ပံ့တာ၊ မနက်ပိုင်း ကိုယ့်အလုပ်ကိုလုပ်၊ နေ့စာသင်။ ဒါက ကျည်းကန်ရှင်ကြီး ဆတော်ကြီးမိန့်တာ)
 
 SEMS က နိုင်ငံခြားလေ့လာရေးပို့ပေးတော့ အမြင်လတ်ဆတ်လန်းဆန်း ပိုလုပ်ချင် ဖြန့်ဝေချင်၊

ပြိုင်ပွဲတွေမှာမှ ဘကကျောင်းသားတော်မှန်းသိ၊ အားကစားဆို ဘကဘဲ တောင်းလာ။

 ကမ္ဘာမြေ ချစ်တတ်အောင်သင် ကလေးတွေကိုယ်တိုင် သစ်ပင်ပျိုး မြေဆွေးစပ် အပင်ပေါက်လှူ လျှော်ဖြူစိုက် ဝါးစိုက်။ စက်တွင်းရေအားကိုးလာရသည့်အတွက် မြေအောက်ရေထိမ်းဖို့ ဝါးစိုက်၊ (နည်းပညာမရှိလို့ ဝါးတတိယအပေါဆုံးနိုင်ငံဖြစ်ပေမဲ့ ဝါးနဲ့ပတ်သက်လို့ ဝင်ငွေအနည်းဆုံးနိုင်ငံဖြစ်နေ) ခု ဝါးပညာလေ့လာ၊ ဝါးကျောင်းဆောက်၊ မိန်းခလေး လေးရာ ကိုရင် လေးရာရှိ၊ မိန်းခလေးတွေကို တင်ကျွေးထားရ၊ အကုန်တာဝန်ယူရ။( ဘော်ဒါတွေက ပညာဒါနပြုတဲ့ကလေးတချို့ ဆေးမှတ်မီ)

ဘုန်းကြီးကျောင်းဟာ နိုင်ငံရေးအင်အားစု အက်တိဗစ်တွေစုရပ်လည်း ဖြစ်။ (ဘာသာရေးသင်ပေမဲ့ စာမဖတ်တတ် အသိမရတာတွေ့လို့ ဘကထောင်သတဲ့) အပြင်ကလေးတွေအမူအကျင့်ကူးစက်လို့ မူကြိုကစ လက်ခံ၊ မူလပြီးကျောင်းထွက်ကြလို့ မူလွန်လုပ်၊ တွဲဖက်အလယ်တန်း အဘိဓမ္မာ ယဉ်ကျေးမှု၊ စက်ချုပ် ကွန်ပြူတာ သက်မွေးတွဲသင်၊ တင်းနစ်သင်၊ ကာယထူးချွန်စေ။


 ရှင်ကြီးများအလုပ် အသုတ်စုံစွတည်း။

 ဒေသရဟန်းလူငယ်တွေအတွက် ပရိယတ္တိအားနည်းသူတွေအတွက် ရပ်ရွာကိုဦးဆောင်နိုင်အောင် ဖွံ့ဖြိုးရေးထဲပါအောင် တက္ကသိုလ် ဗုဒ္ဓကောလိပ်ဖွင့်၊ အင်္ဂလိပ်စာ စာဆွေးနွေးပွဲလုပ်၊ ပြဌာန်းစာက ဒေသလိုအပ်ချက်ကို ကူညီနိုင်သလားဆိုတာကြည့်ပြီးပြောင်းလဲ၊ (စည်းမရှိလို့ နိမ့်လို့ မူလွန်တွေဖျက်မယ် ဝန်ကြီးပြောတော့ မြင့်သလား နှိမ့်သလား စစ်ကြမယ်၊ ကိုယ်ပိုင်ကျောင်းတွေကျ အရည်မမီဘဲပေးတယ်၊ အဲဒါတွေရော ဒုဝန်ဖြုတ်မလားဆိုပြီး မေးမှ နဂိုအတိုင်းပြန်ထားသတဲ့။ ဒီလိုလဲ ရှိ)

 (ကျူးတဲ အရက်သောက် ဆဲဆိုတွေကြား ဘကဖွင့်၊ အရက်ပြတ်ကြ၊ ဗုဒ္ဓစာပေရောက်လာကြ၊ ကျူရှင်တွေဖွင့်ပေး၊ ပန်းထိုး လုပ်စားနိုင်အောင် သက်မွေးသင်၊ (လုပ်အားပေးလဲ မတတ်ဘဲ မသင်ရ)

ကျောင်းအိပ်ကျောင်းစားများ၊ RWCTနည်းသုံး၊( ဗော်လန်တီယာဆရာတွေ ငွေစုငွေချေးလုပ်ပြီး တက္ကသိုလ်တက်ကြ)

ရွာတွေမှာ တိုင်းရင်းသားစာပေသင်ကြားရေးလုပ်ပေး၊ အပင်စိုက် ရေရှည်ပြုစုစောင့်ရှောက် ဒေသမျိုးစေ့ရှာဖွေစိုက်ပျိုး၊ ဆရာဆရာမသင်တန်းတွေလုပ်ပေး၊ ပညာမဆုံးသူတွေ သက်မွေးသင်၊ ဝပ်ရှော့ မုန့်လုပ်၊ တိုင်းရင်းသားဘာသာနဲ့ ဓမ္မစကူးလ်ဘာသာပြန်သင်၊ လိုက်ဖ်စကေး၊ သြဂဲနစ်ဖမ်းမင်း၊ ငြိမ်းချမ်းရေးပြပွဲခင်းကျင်း၊ သင်တန်းတွေပြန်ပေး၊ စွမ်းရည်မြင့်၊ လိဒါးရှစ်၊ ရပ်ရွာတွင်း ဆွေးနွေးမှုစကားဝိုင်း၊ လူငယ်ရေးရာလုပ်၊ (လူငယ်အရင်းအမြစ်ပျောက် ကလေးစစ်သားစုဆောင်းခံရ လုပ်ချင်တာထက် လုပ်သင့်လို့လုပ်ကြရ) (သင်တန်းတွေများများရတော့ ပုဂ္ဂလိကကျောင်းတွေကို ပြောင်းသွားကြတာလဲရှိ)

နေပျော်အောင် နေချင်တဲ့ပုံစံနဲ့သွား၊ စာသင်တိုက်နဲ့စ၊ ဆေးခန်းလုပ်၊ ဖောင်ဒေးရှင်းထောင်၊ မိဘမဲ့ပြဿနာကြောင့် ကလေးငယ်လေးတွေ လက်ခံ၊ အသင်းအဖွဲ့တွေပေါ်အောင်လုပ်၊ ဘိုးဘွားရိပ်သာဖွင့်၊ ပလပ်စတစ်ကောက်၊ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးဆုပေး၊ ပြည်တွင်းပြည်ပချိပ်ဆက်ပြီး စွမ်းရည်မြင့်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်၊ သင်တန်းမှန်သမျှလက်ခံကျင်းပ၊ ဝပ်ရှော့မျိုးစုံလက်ခံ၊ စာချ၊ စာသင်တိုက်ထောင်၊ တရားပြတရားဟော၊ သတင်းပြော၊ ဒိုင်ယာရီရေးခိုင်း၊ ကလေးရေးစာစောင်ထုတ်၊ နံရံကပ်စာစောင်လုပ်။ ဒါတောင် အချိန်ကန့်သတ်ထားလို့။

သဘာဝဆရာ ကိုမြင့်ဇော်ကလည်း ဤသို့ ဟောသေး၏။

သယံဇာတများ စီမံခန့်ခွဲစရာမကျန်တော့ သဘာဝဘေးအန္တရာယ်ရောက် ကျန်တာလေးထိန်းဖို့ ဘေးကာကွယ်ဖို့တဲ့။

သာသည့်မြေ၊ ကမ္ဘာထဲကဒို့နိုင်ငံလေး ရွှင်ကြည် စိမ်းလန်းအောင်လုပ်၊ နေပျော်ရာမြေ သဘာဝတန်ဖိုးထားစိတ်မြင့်အောင်လုပ်၊ အမှိုက်ပစ်တာကစ သတိပြုအောင်လုပ်၊ ပညာရှင်တွေက ရေအရင်းအမြစ်ကို စိတ်ပူကြသတဲ့။ သဘာဝဘေးကြောင့် အဝေးရွေ့ရ၊ ရေမြေတောတောင်ကို တန်ဖိုးထားဖို့ အသင်မခံရသူတွေလက်ထက် ပြည်ပျက်။

အဖွဲ့ပေါ် အဖွဲ့ချင်းချိပ်ဆက်မိ၊ စိတ်ကူးပေါင်းစပ်ဖလှယ်၊ အားရဖွယ်ပ။

လက်ရှိအခြေအနေ အားရစရာ မရှိပေမဲ့ လုပ်ဆောင်နေတာတွေကြားရတော့ အားပြန်တက်သတဲ့။

မိုးစက်တပေါက်
ပိတောက်ပွင့်တယ်
လောကအလှဆင်ကြ
သစ်တောဆိုတာ ဇီဝပဒေသာ
စိုက်ခင်းသည် သစ်တောမဟုတ်
တမျိုးတည်းအကြာကြီးစိုက်ရင် မြေမှာ ပြဿနာရှိ
ငှက်ပျောစိုက်ဖို့ သစ်ပင်ခုတ်တာတွေသတိတဲ့ဗျ။

RWCTဆရာကောင်းကလဲ ပင့်သဗျ။ ဆွမ်းစားတော့ ဟုတ်ဖူးပလေ။


 အသိပညာကူးပြာင်းရေးလုပ်ငန်းမှာ ဘုန်းကြီးတွေလုပ်နိုင်တယ်၊ မကြောက်တတ်တာတွေ့လို့ပါ။ အပြောင်းအလဲလိုချင်တာတွေ့ရလို့ပါတဲ့။

နက်ဝပ်အားကောင်းဖို့ သင်တန်းတွေလက်ခံပါဝင်ဖို့ မျှဝေဖို့ နက်ဝပ်လျော့ရဲမသွားဖို့ သင်တန်းသားတွေပြန်ဆုံဖို့ သူတို့တွေ ဆိုရှယ်ရဇာ့လုပ်ဖို့။ ဂီတမိတ်က ကူညီသင်ပေးနိုင်တာရှိ၊

နိုင်ငံတကာက ပညာရေးရံပုံငွေနည်းလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသင်ဖို့ ဘကမှာ ပညာရှင်တွေထက် အသက်မွေးဝမ်းကျောင်းတခုခုနဲ့ရပ်တည်ရမယ့်သူတွေများ၊

ဆရာတာကတော့ အသက်မွေးဝမ်းကျောင်းစင်တာကြီးဖြစ်ချင် သို့မဟုတ် သင်တဲ့နေရာပို့ ကလေးတွေအတွက် ပိုလိုအပ်။ စီးပွားရေးသမားမဟုတ်တော့ အခက်အခဲတွေပေါ်မယ် ထပ်ထပ်လုပ်ရမယ် ...  အဆင်ပြေသွားတာပါဘဲ။ ယက်ကန်းလုပ်ကြရင် စက်ချုပ်ထက် အဆင်ပြေမယ်ထင်၊ စက္ကူမစွန့်ဘဲ ပျော့ဖတ်နဲ့ အရုပ်လုပ်တဲ့ပညာလိုချင်။


 နောက်ထပ် NGOဆရာကြီး ကျော်လဲ ပွားသေး၏။

ဘုန်းဘုန်းတို့သည် ဖယ်ကျဉ်ခံထားရသူတွေကို စောင့်ရှောက်ကြသူများ အစိုးရကြောင့်ဖြစ်လာတဲ့ဟာတွေ အစိုးရမလုပ်နိုင်တာတွေဝင်လုပ် လူမှုအဖွဲ့အစည်းကို ထိန်းကျောင်း ကိုယ့်ရပ်ရွာက လုပ်သင့်တယ်လို့ဟာတွေ ဝိုင်းကူ နိုင်ငံတကာက သိမယ်မဟုတ် နိုင်ငံအပြောင်းအလဲ ဖော်ဆောင်မယ့်အလုပ် ဘကသည် ဆင်းရဲမှုလျော့ချရေး။

 မူဝါဒအမှား စီမံခန့်ခွဲမှုအမှားကြောင့် ကောင်းကျိုးများ ကျောမွဲတွေဆီအတော်နဲ့ မရောက် ၊ နိုင်ငံတကာအထောက်အပံ့ခံမဟုတ်တဲ့အတွက် ရေရှည်တည်တံ့ သန့်ရှင်အောင်နေတတ်ဖို့သင်တာနဲ့တင် ဝအောင်လုပ်နိုင်စသဖြင့်။

 ဆရာတာကား အင်မတန်စုတ်ပြတ်တဲ့နိုင်ငံမှာ အင်မတန်အံ့သြစရာကောင်းတယ် ရုန်းထ ရှင်သန်နိုင်စွမ်းတွေရှိနေတာ ရပ်ရွာ အစီးကပ်အောင်လုပ် ရိုသေထိုက်တဲ့ပုဂ္ဂိုလ်တွေ။

ကိုမြင့်ဇော်ကလဲ စာအတော်ဆုံးလူတွေရှိတဲ့ ဆရာဝန်တွေများတဲ့နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုအဆိုးဆုံး၊ ဒုတိယကင်ဆာအဖြစ်အများဆုံး၊ နားလည်ရအခက်ဆုံးအခြေအနေ။


 တနှစ်ရတဲ့ငွေထဲက ၇၀/၈၀%ဟာ စားလိုက်ရရင် မြတ်တယ်လို့သတ်မှတ်၊ စိတ်ရွှင်လန်းမှုအတွက် မသုံးစွဲနိုင်ကြ၊ စားဖို့ကလွဲရင် ဘာမှမစဉ်းစားနိုင်၊ သယံဇာတအလွန်ပေါတဲ့နိုင်ငံ၊ နီကယ် သစ်တော ကျောက်စိမ်း သံဖြူ ဂက်စ် ရေနံ ဘယ်လိုမှနားမလည်နိုင်အောင်မွဲ၊ ဆန်းသစ်တဲ့နည်းလမ်း အတွေးတွေလိုလိမ့်မယ်။

ရေးတတ်ဖတ်တတ်နဲ့ ရပ်သွားမယ့်သူတွေအတွက် အသက်မွေးကျောင်းတွေလို။

 မောင်လူရေး