အောင်မော်ဦး ● နွေဦးဟာ ငါတို့အိပ်မက်တွေ အဖူးလိုက် ခူးသွားတယ်

 
အောင်မော်ဦး ● နွေဦးဟာ ငါတို့အိပ်မက်တွေ အဖူးလိုက် ခူးသွားတယ်
(မိုးမခ) ဧပြီ ၉၊ ၂၀၁၇

ကဲ … မေးခွန်းကတော့ မှားခဲ့ပြီ
အဖြေတွေကရော မှားခဲ့ကြသေးလား။

ပညာရေးဟာ အနာဂတ်ပဲတဲ့
ပြဋ္ဌာန်းစာအုပ်လို ပြဋ္ဌာန်းခံနေကြရသူတွေ
မှားနေတာကိုတောင် မှားလို့မှားမှန်း မသိကြတော့ဘူး။

ရွေးချယ်မှု မဲ့ကြရပုံများ
၃၉ ဒီဂရီစင်တီဂရိတ်အာက်မှာ ပစ္စုပ္ဗန်ဟာ နေသားတကျနဲ့
အနာဂတ်ဟာ တကိုယ်စာထွက်ပေါက်ကနေ တိုးဝှေ့လို့
နွေဦးဟာ ငါတို့အိပ်မက်တွေ အဖူးလိုက် ခူးသွားတယ်။

အောင်မော်ဦး
မတ်၊ ၁ဝ၊ ၂ဝ၁၇။