ခေတ်ပြိုင်မြန်မာကဗျာအတွက် အစီအစဉ်တခု


ခေတ်ပြိုင်မြန်မာကဗျာအတွက် အစီအစဉ်တခု
(မိုးမခ) ဧပြီ ၁၃၊ ၂၀၁၇

ကဗျာသမားတွေကို သတင်းပေးပါရစေ။ ခေတ်ပြိုင်မြန်မာကဗျာ နဲ့ ပတ်သက်တဲ့ အစီအစဉ်တစ်ခုပါ။ အထူးသဖြင့် လူငယ်ကဗျာဆရာတွေ အတွက် အရေးပါတဲ့ platform တစ်ခုဖြစ်ဖို့ ရည်ရွယ်ပါတယ်။

အဲဒါကတော့ ကဗျာစာအုပ် ထုတ်ပေးဖို့ အစီအစဉ်ပါ။ စာမျက်နှာ ၈၀ ဝန်းကျင် ကဗျာ စာအုပ်အတွက် submission ခေါ်ပါမယ်။ နိုင်ငံတကာက copper canyon စတဲ့ ကဗျာဖွံ့ဖြိုးမှု အတွက် နှစ်ရှည်လများ လုပ်လာတဲ့ စာအုပ်တိုက်များရဲ့ ရွေးချယ်မှု ပုံစံမျိုး ကို နမူနာယူပြီး ဆောင်ရွက်ပါမယ်။ submission အတွက် အသေးစိတ် guidelines တွေကိုတော့ သင်္ကြန်ပြီးမှ official page နဲ့ တရားဝင် ထုတ်ပြန်ပါမယ်။

တစ်နှစ်ကို ၃ အုပ်ထုတ်ဖို့ လျာထားပါတယ်။ ထုတ်ဝေရေးလုပ်ပေးမှာက The Key | နှစ်ကာလများ နဲ့ Black swan တို့ကတလှည့်စီ ထုတ်သွားမှာပါ။ ကဗျာသမဂ္ဂ သို့မဟုတ် အခြားအဖွဲ့အစည်းများနဲ့ ပတ်သက်ခြင်း မရှိပါ။

 ရွေးချယ်မယ့်ဘုတ်အဖွဲ့က အောက်ပါအတိုင်းဖြစ်ပါတယ်။
 ဇေယျာလင်း ၊ခင်အောင်အေး၊ မိုးဝေး၊ အောင်ခင်မြင့်၊ မောင်ဒေး။